ပရိတ္သတ္ၾကီးေရ…..မင္းသား ဟိန္းေဝယံက အႏုပညာအလုပ္ ေတြကို ဆယ္စုနီးပါးမက ႀကိဳးစားလုပ္ကိုင္ လာခဲ့ၿပီး ပရိသတ္ေတြရဲ့ အခ်စ္ေတြ ကိုသိမ္းပိုက္ထားတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ လတ္တေလာ ျဖစ္ေပၚေနတဲ့ ဒီမီုကေရစီအေရးမွာ လည္း အမွန္တရားကို လိုလားၾကတဲ့ ျပည္သူေတြနဲ႔အတူ တစ္သားတည္းအျပည့္အဝရပ္တည္ေပးခဲ့ပါတယ္။ ဒါ့အျပင္ လမ္းေပၚက ရဲရဲဝံ့ဝံ့ လူထုလႈပ္ရွားမႈ ေတြမွာပါဝင္ၾကတဲ့ ျပည္သူေတြအတြက္လည္း အာဟာရဒါန စားေသာက္စရာမ်ားကို ကိုယ္တိုင္ကိုယ္က် ေဝငွလႉဒါန္းေပး ခဲ့ပါတယ္။

ယခုမွာဆိုရင္လည္း ဟိန္းေဝယံက ပရိသတ္ေတြၾကည္ႏူးေစမယ့္ ေနာက္ထပ္ အလႉေလး တစ္ခုကို ထပ္မံျပဳလုပ္ခဲ့ပါတယ္။ ဒီအလႉေလးကေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းက ဒီမီုကေရစီအေရးအတြက္ လႈပ္ရွားပါဝင္ရင္း ေရွ႕တန္းမွာ အသက္ေပး လိုက္ရတဲ့ အာဇာနည္သူရဲေကာင္း ကိုေက်ာ္ဇင္လတ္(ခ)ကိုခိုင္ထူးရဲ့ ေနာက္ဆုံးခရီးအတြက္ က်န္ရစ္ခဲ့တဲ့ မိသားစုဝင္ မ်ားထံသို႔ ပရိကၡရာ(၈)ပါး၊ အလႉေငြ(၅)သိန္းႏွင့္ စားေသာက္ စရာမ်ားကို ကူညီလႉဒါန္းျဖစ္ ပါတယ္။

ဒါ့အျပင္ မိသားစုဝင္မ်ားကို အားေပးစကားေျပာခဲ့ၿပီး အာဇာနည္ သူရဲေကာင္း ကိုေက်ာ္ဇင္လတ္ ကို ေကာင္းရာဘုံဘဝေရာက္ရွိပါေစ ဆိုၿပီး ဆုေတာင္းေပးထားပါေသးတယ္။ ဟိန္းေဝယံက မၾကာခဏဆိုသလို တတ္နိုင္သေလာက္ အလႉအတန္းေတြ ကိုလည္း ျပဳလုပ္လႉဒါန္းေပးတာေတြ႕ရပါတယ္။ ကဲ..ယခုမွာလည္း အာဇာနည္သူရဲေကာင္း ကိုေက်ာ္ဇင္လတ္ အတြက္ ဟိန္းေဝယံရဲ့ လႉဒါန္းေပးခဲ့ တာကို ျပန္လည္ေဖာ္ျပေပး လိုက္ပါတယ္။

Credit…..

ပရိတ်သတ်ကြီးရေ…..မင်းသား ဟိန်းဝေယံက အနုပညာအလုပ် တွေကို ဆယ်စုနီးပါးမက ကြိုးစားလုပ်ကိုင် လာခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေ ကိုသိမ်းပိုက်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လတ်တလော ဖြစ်ပေါ်နေတဲ့ ဒီမီုကရေစီအရေးမှာ လည်း အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ တစ်သားတည်းအပြည့်အဝရပ်တည်ပေးခဲ့ပါတယ်။ ဒါ့အပြင် လမ်းပေါ်က ရဲရဲဝံ့ဝံ့ လူထုလှုပ်ရှားမှု တွေမှာပါဝင်ကြတဲ့ ပြည်သူတွေအတွက်လည်း အာဟာရဒါန စားသောက်စရာများကို ကိုယ်တိုင်ကိုယ်ကျ ဝေငှလှူဒါန်းပေး ခဲ့ပါတယ်။

ယခုမှာဆိုရင်လည်း ဟိန်းဝေယံက ပရိသတ်တွေကြည်နူးစေမယ့် နောက်ထပ် အလှူလေး တစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီအလှူလေးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီမီုကရေစီအရေးအတွက် လှုပ်ရှားပါဝင်ရင်း ရှေ့တန်းမှာ အသက်ပေး လိုက်ရတဲ့ အာဇာနည်သူရဲကောင်း ကိုကျော်ဇင်လတ်(ခ)ကိုခိုင်ထူးရဲ့ နောက်ဆုံးခရီးအတွက် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင် များထံသို့ ပရိက္ခရာ(၈)ပါး၊ အလှူငွေ(၅)သိန်းနှင့် စားသောက် စရာများကို ကူညီလှူဒါန်းဖြစ် ပါတယ်။

ဒါ့အပြင် မိသားစုဝင်များကို အားပေးစကားပြောခဲ့ပြီး အာဇာနည် သူရဲကောင်း ကိုကျော်ဇင်လတ် ကို ကောင်းရာဘုံဘဝရောက်ရှိပါစေ ဆိုပြီး ဆုတောင်းပေးထားပါသေးတယ်။ ဟိန်းဝေယံက မကြာခဏဆိုသလို တတ်နိုင်သလောက် အလှူအတန်းတွေ ကိုလည်း ပြုလုပ်လှူဒါန်းပေးတာတွေ့ရပါတယ်။ ကဲ..ယခုမှာလည်း အာဇာနည်သူရဲကောင်း ကိုကျော်ဇင်လတ် အတွက် ဟိန်းဝေယံရဲ့ လှူဒါန်းပေးခဲ့ တာကို ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Credit…..္