ပရိတ္သတ္ႀကီးေရ…မမေဆာင္းလို႔ အမ်ားကခ်စ္စနိုးေခၚၾကတဲ့ အဆိုေတာ္ သ႐ုပ္ေဆာင္ ေဆာင္အိေျႏၵထြန္းကေတာ့ ဟန္ေဆာင္မႈကင္းၿပီး ပြင့္လင္းတဲ့ဟန္ပန္ေလးေတြ ေၾကာင့္ အႏုပညာေလာကမွာ ပရိသတ္ေတြက တစ္ခဲနက္အားေပးခ်စ္ခင္ေနၾကရသူပဲ ျဖစ္ပါတယ္..။ ေအာင္ျမင္တဲ့အႏုပညာရွင္တစ္ေယာက္အျဖစ္ အခိုင္အမာ ရပ္တည္ေနတဲ့ သူမကေတာ့ လက္ရွိအေျခအေနေတြမွာ ျပည္သူေတြအတြက္ လႉဒါန္းမႈေတြ ျပဳလုပ္ၿပီး တတ္နိုင္ဘက္ကေန အားျဖည့္ပါဝင္ေနတာလည္း ေတြ႕ရပါတယ္..။

လိုအပ္ေနၾကတဲ့ ျပည္သူေတြအတြက္ လႉဒါန္းမႈေတြျပဳလုပ္ေပးေနတဲ့ မမေဆာင္းကေတာ့ ေတာ္လွန္ေရး တိုက္ပြဲႀကီးအတြင္း က်ဆုံးသြားခဲ့တဲ့ ေမာ္လၿမိဳင္က (၁၁)ႏွစ္ သမီးေလး ေအးျမတ္သူအတြက္ လႉဒါန္းမႈေတြ ျပဳလုပ္ခဲ့ျပန္ပါတယ္..။ ကြယ္လြန္က်ဆုံးသြားရွာတဲ့ သမီးငယ္ေလးအတြက္ ဒီကေန႔မတ္လ(၃၀)ရက္ေန႔မွာ အလႉေငြ (၂)သိန္းကို လႉဒါန္းၿပီးေဖးမ ကူညီခဲ့တာျဖစ္ၿပီး သမီးေလးအတြက္ စိတ္မေကာင္းဝမ္းနည္းရသလို ေကာင္းရာသုဂတိလားေစဖို႔ကိုလည္း မမေဆာင္းက ဆုေတာင္းေပးထားတာ ေတြ႕ရပါတယ္..။

“ေမာ္လၿမိဳင္ ၿမိဳ႕ ေဇယ်ာ( ၂ ) ၅ လမ္း မွာ အိမ္ထဲမွာေနရင္း သမီးေလး ၁၁ ႏွစ္ ေအးျမတ္သူ အပစ္ခံရၿပီး ကံမေကာင္းပဲ ဆုံးသြားရွာလို႔ နာေရး အလႈေငြ ၂ သိန္း မမေဆာင္း မွ လႈဒါန္းပါဒယ္ သမီးေလး ေအးျမတ္သူ ေကာင္းရာဘုံဘဝေရာက္ပါေစ မိသားစု နဲ႔ ထပ္တူဝမ္းနည္းရပါတယ္ရွင္😭 လႈခ်င္သူမ်ား ေမာ္လၿမိဳင္ ေဇယ်ာ(၂) ၅ လမ္း ဖုန္း က ကိုမ်ိဳး 09425269037..” ဆိုၿပီး စိတ္မေကာင္းစြာ ေရးသားေျပာျပထားတာပါ..။ သူမရဲ့အလႉအေၾကာင္းကို ျပန္လည္ေဝမၽွရင္း သမီးေလးအတြက္လႉဒါန္းလိုတဲ့ အလႉရွင္ေတြအတြက္လည္း ဆက္သြယ္လႉဒါန္းနိုင္မယ့္ဖုန္းနံပါတ္နဲ႔ လိပ္စာ ကိုလည္း အသိေပးေျပာျပထားတာလည္း ေတြ႕ရပါတယ္..။

Photo Credit – Saung Eindaray’s Fb Acc
Credit…..

ပရိတ်သတ်ကြီးရေ…မမဆောင်းလို့ အများကချစ်စနိုးခေါ်ကြတဲ့ အဆိုတော် သရုပ်ဆောင် ဆောင်အိန္ဒြေထွန်းကတော့ ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းတဲ့ဟန်ပန်လေးတွေ ကြောင့် အနုပညာလောကမှာ ပရိသတ်တွေက တစ်ခဲနက်အားပေးချစ်ခင်နေကြရသူပဲ ဖြစ်ပါတယ်..။ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် အခိုင်အမာ ရပ်တည်နေတဲ့ သူမကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ပြီး တတ်နိုင်ဘက်ကနေ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

လိုအပ်နေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ပေးနေတဲ့ မမဆောင်းကတော့ တော်လှန်ရေး တိုက်ပွဲကြီးအတွင်း ကျဆုံးသွားခဲ့တဲ့ မော်လမြိုင်က (၁၁)နှစ် သမီးလေး အေးမြတ်သူအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်..။ ကွယ်လွန်ကျဆုံးသွားရှာတဲ့ သမီးငယ်လေးအတွက် ဒီကနေ့မတ်လ(၃၀)ရက်နေ့မှာ အလှူငွေ (၂)သိန်းကို လှူဒါန်းပြီးဖေးမ ကူညီခဲ့တာဖြစ်ပြီး သမီးလေးအတွက် စိတ်မကောင်းဝမ်းနည်းရသလို ကောင်းရာသုဂတိလားစေဖို့ကိုလည်း မမဆောင်းက ဆုတောင်းပေးထားတာ တွေ့ရပါတယ်..။

“မော်လမြိုင် မြို့ ဇေယျာ( ၂ ) ၅ လမ်း မှာ အိမ်ထဲမှာနေရင်း သမီးလေး ၁၁ နှစ် အေးမြတ်သူ အပစ်ခံရပြီး ကံမကောင်းပဲ ဆုံးသွားရှာလို့ နာရေး အလှုငွေ ၂ သိန်း မမဆောင်း မှ လှုဒါန်းပါဒယ် သမီးလေး အေးမြတ်သူ ကောင်းရာဘုံဘဝရောက်ပါစေ မိသားစု နဲ့ ထပ်တူဝမ်းနည်းရပါတယ်ရှင်😭 လှုချင်သူများ မော်လမြိုင် ဇေယျာ(၂) ၅ လမ်း ဖုန်း က ကိုမျိုး 09425269037..” ဆိုပြီး စိတ်မကောင်းစွာ ရေးသားပြောပြထားတာပါ..။ သူမရဲ့အလှူအကြောင်းကို ပြန်လည်ဝေမျှရင်း သမီးလေးအတွက်လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက်လည်း ဆက်သွယ်လှူဒါန်းနိုင်မယ့်ဖုန်းနံပါတ်နဲ့ လိပ်စာ ကိုလည်း အသိပေးပြောပြထားတာလည်း တွေ့ရပါတယ်..။

Photo Credit – Saung Eindaray’s Fb Acc
Credit…..