ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရွိထားတဲ့ ေနာ္ေဖာအယ္ထားကေတာ့ ခုလက္ရွိ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူထဲကျပည္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ရရာေနရာကေန တတ္နိုင္သေလာက္ လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့သလို လိုအပ္တာေတြကိုလည္း လႉဒါန္းေပးလ်က္ရွိတာ ေတြ႕ျမင္ရပါတယ္။အခ်ိန္အားျဖင့္ ႏွစ္လျပည့္ခဲ့ၿပီျဖစ္တဲ့ ဒီလူထုလႈပ္ရွားမႈႀကီးကေတာ့ အသက္ေပးသြားၾကတဲ့ သူရဲေကာင္းေတြလည္း တစ္ရက္ထက္တစ္ရက္တိုးေနခဲ့သလို ခုဆိုရင္ ကေလးငယ္ေလးေတြပါ ေႂကြလြင့္ခဲ့ရၿပီျဖစ္တာေၾကာင့္ ျပည္သူအားလုံးက ႏွေမ်ာတသစိတ္မေကာင္း ျဖစ္မိတာအမွန္ပါပဲေနာ္။

ပည္သူအားလုံး ကလည္း နိုင္ငံအတြက္အသက္ေပး သြားရွာတဲ့ အာဇာနည္ေလးေတြ ကို ဆုေတာင္းေပးျခင္းေတြ အဆက္မျပတ္လုပ္ေပးေနၾကသလို အႏုပညာရွင္ေတြကလည္းက်န္ရစ္သူမိသားစုေတြကိုအားေပးႏွစ္သိမ့္ရင္းကူညီမႈေတြလည္းျပဳလုပ္ေပးခဲ့ၾကပါတယ္။ဒီေန႔မွာက်ေရာက္တဲ့ ဧၿပီ (၂) ရက္ေန႔မွာဆိုရင္လည္း အသက္ေပးသြားၾကတဲ့ သူရဲေကာင္းေတြ အတြက္ ေနရာအႏွံအျပားရဲ့ လမ္းမေတြမွာပန္းစည္းေတြခ်ၿပီး ဝမ္းနည္းေၾကာင္းေဖာ္ျပရင္း ဂုဏ္ျပဳေပးၾကတဲ့ Flower Strike လႈပ္ရွားမႈေလးကို ျပည္သူအားလုံး ညီညီညြတ္ညြတ္ျပဳလုပ္ခဲ့ၾကတာေတြ႕ရပါတယ္။

ေနာ္ေဖာကလည္း ဒီလႈပ္ရွားမႈေလးမွာ ပါဝင္ခဲ့တာျဖစ္ၿပီး ပန္းေလးေတြနဲ႔ အာဇာနည္သူရဲေကာင္းေတြကို ဆုေတာင္းဂုဏ္ျပဳေပးေနတဲ့ပုံေလးတြနဲ႔အတူ ” က်ဆုံးၿပီးေသာ ျပည္သူ႔ သူရဲေကာင္းမ်ားကို ဦးညြတ္လ်က္!!!အေရးေတာ္ပုံေအာင္ရမည္ “ဆိုတဲ့စာေလးကိုေဝမၽွခဲ့ပါတယ္။ပရိသတ္ႀကီးအတြက္ေနာ္ေဖာရဲ့ ပုံေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source & Photo Credit : Naw Phaw Eh Htar Facebook Page
Credit…..

ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ နော်ဖောအယ်ထားကတော့ ခုလက်ရှိ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တာကြောင့် ရရာနေရာကနေ တတ်နိုင်သလောက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လိုအပ်တာတွေကိုလည်း လှူဒါန်းပေးလျက်ရှိတာ တွေ့မြင်ရပါတယ်။အချိန်အားဖြင့် နှစ်လပြည့်ခဲ့ပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးကတော့ အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေလည်း တစ်ရက်ထက်တစ်ရက်တိုးနေခဲ့သလို ခုဆိုရင် ကလေးငယ်လေးတွေပါ ကြွေလွင့်ခဲ့ရပြီဖြစ်တာကြောင့် ပြည်သူအားလုံးက နှမျောတသစိတ်မကောင်း ဖြစ်မိတာအမှန်ပါပဲနော်။

ပည်သူအားလုံး ကလည်း နိုင်ငံအတွက်အသက်ပေး သွားရှာတဲ့ အာဇာနည်လေးတွေ ကို ဆုတောင်းပေးခြင်းတွေ အဆက်မပြတ်လုပ်ပေးနေကြသလို အနုပညာရှင်တွေကလည်းကျန်ရစ်သူမိသားစုတွေကိုအားပေးနှစ်သိမ့်ရင်းကူညီမှုတွေလည်းပြုလုပ်ပေးခဲ့ကြပါတယ်။ဒီနေ့မှာကျရောက်တဲ့ ဧပြီ (၂) ရက်နေ့မှာဆိုရင်လည်း အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေ အတွက် နေရာအနှံအပြားရဲ့ လမ်းမတွေမှာပန်းစည်းတွေချပြီး ဝမ်းနည်းကြောင်းဖော်ပြရင်း ဂုဏ်ပြုပေးကြတဲ့ Flower Strike လှုပ်ရှားမှုလေးကို ပြည်သူအားလုံး ညီညီညွတ်ညွတ်ပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။

နော်ဖောကလည်း ဒီလှုပ်ရှားမှုလေးမှာ ပါဝင်ခဲ့တာဖြစ်ပြီး ပန်းလေးတွေနဲ့ အာဇာနည်သူရဲကောင်းတွေကို ဆုတောင်းဂုဏ်ပြုပေးနေတဲ့ပုံလေးတွနဲ့အတူ ” ကျဆုံးပြီးသော ပြည်သူ့ သူရဲကောင်းများကို ဦးညွတ်လျက်!!!အရေးတော်ပုံအောင်ရမည် “ဆိုတဲ့စာလေးကိုဝေမျှခဲ့ပါတယ်။ပရိသတ်ကြီးအတွက်နော်ဖောရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit : Naw Phaw Eh Htar Facebook Page
Credit…..