


Credit – Cele Zone

တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ ဒီလူထုလှုပ်ရှားမှုကြီးဟာ ဖေဖော်ဝါရီလထဲကစတင်ခဲ့တာ ဒီနေ့ဒီချိန်ထိပါပဲနော်။အလွှာအသီးသီးက လူတန်းစားမျိုးစုံဟာ မိမိတို့ရဲ့ အနာဂါတ်လှပကောင်းမွန်စေဖို့အတွက် အခက်အခဲတွေကြားကနေ ရသလောက်ပါဝင်အားဖြည့်ခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုအခက်အခဲတွေကြားကနေ လှုပ်ရှားမှုတွေပြုလုပ်ရင် ကြွေလွင့်သွားရတဲ့ သူရဲကောင်း အာဇာနည်တွေကိုလည်း ပြည်သူအားလုံးက လေးစားဂုဏ်ပြုနေကြတာပါ။

အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဟာဆိုရင်လည်း လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ ရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လျက်ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။

အခုလည်း သဇင်ထူးမြင့်ဟာ ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ စုပေါင်းပြီး ရှေ့တန်းကနေတိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေအတွက် ဦးထုပ်အလုံး၁ဝဝနဲ့ မျက်လုံးအကာအခု၁ဝဝကိုလှူဒါန်းခဲ့ပြန်ပါတယ်။ပုံလေးတွေနဲ့အတူ ” သဲနဲ့အတူ we love gpက Hearties လေးတွေရဲ့အလှူ ဦးထုပ်အလုံး၁ဝဝနဲ့မျက်လုံးအကာအခု၁ဝဝလှူဒါန်းသွားပါမယ်ရှင် လိုအပ်တဲ့သူများcomment မှာ ဘယ်နေရာကဆိုတာလေး မန့်ပေးပါနော် …သဲcbကနေဆက်သွယ်ပေးပါ့မယ်..အဓိကလိုအပ်နေတဲ့နေရာတွေကို ဒီပထမအခေါက်မှာဦးစားပေးလှူဒါန်းသွားပါ့မယ်ရှင်…”ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Thazin Htoo Myint

Leave a Comment

Your email address will not be published. Required fields are marked *