လူထုလႈပ္ရွားမႈႀကီးဟာ ယခုလက္ရွိ အခ်ိန္မွာေတာ့ စစ္မွန္တဲ့ ဒီမိုကေရစီျပန္လည္ ရရွိေရးအတြက္ ျမန္မာ ျပည္သူျပည္သားမ်ား အားလုံးက တတ္နိုင္တဲ့ဘက္ကေန တာဝန္ကိုယ္စီယူကာ တိုင္းျပည္ရဲ့ အနာဂတ္အတြက္ မဆုတ္နစ္ေသာ ဇြဲလုံလေတြနဲ႔ ႀကိဳးစား အားထုတ္ေနၾကတုန္းပဲ ျဖစ္ပါတယ္။ၿဖိဳခြင္းမႈေတြကလည္း ေနရာေဒသ အႏွံအျပားမွာ ျဖစ္ပြားေနတာ ျဖစ္ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္ေနၾကတဲ့ ျပည္သူမ်ားရဲ့ ေရွ႕တြင္ မ်ိဳးဆက္သစ္ လူငယ္မ်ားက မားမား မတ္မတ္ ရပ္တည္ေနၾကတာ ျဖစ္ပါတယ္။

ဒါ့အျပင္ အႏုပညာရွင္ေတြ ကလည္း သူတို႔နိုင္သေလာက္ လူထု လႈပ္ရွားမႈေတြမွာ ပူးေပါင္းပါဝင္ လႈပ္ရွားေနတာ ျဖစ္ၿပီး တခ်ိဳ႕အႏုပညာရွင္ေတြကေတာ့ ျပည္သူေတြနဲ႔အတူ လမ္းမေပၚကို မထြက္နိုင္ေတာ့ပဲ တိမ္းေရွာင္ေနတာလည္း ျဖစ္ပါတယ္။အခုလိုမ်ိဳး အေျခအေနတြင္ ျပည္သူေတြကလည္း ပိုၿပီး စည္းလုံး ညီညႊတ္ၾကကာ တစ္ေယာက္ နဲ႔ တစ္ေယာက္ ကူညီေဖးမရင္း ယုံၾကည္တဲ့ ပန္းတိုင္ကို အတူလက္တြဲသြားေနၾကတာ ပဲျဖစ္ပါတယ္။

အဆိုေတာ္ ပိုပိုကလည္း ေန႔တိုင္း လမ္းမေပၚ ထြက္ကာ ျပည္သူလူထု နဲ႔ အတူ တရားမၽွတမႈ အတြက္ အားသြန္ခြန္စိုက္ လူထုလႈပ္ရွားမႈႀကီးမွာ ပါဝင္အားျဖည့္ကာ ေအးခ်မ္းစြာ ရင္ထဲက ဆႏၵအမွန္ေတြကို ေဖာ္ ထုတ္ေနၾကတာ ျဖစ္ပါတယ္။ဒီေန႔မွာဆိုရင္လည္း ပိုပိုရဲ့ လူမူကြန္ယက္ စာမ်က္ႏွာထက္တြင္ “လက္နက္မဲ့ ျပည္သူမ်ားကို လက္နက္ နဲ႔ သတ္ျဖတ္ျခင္း ကို အလြန္တရာမွ ရြံရွာ စက္ဆုပ္ပါသည္”ဆိုၿပီး ေရးသားကာ လူထုလႈပ္ရွားမႈ ျပဳလုပ္ေနတဲ့ ပုံရိပ္ေတြကို ေဖာ္ျပေပးလာတာ ျဖစ္ပါတယ္။ကဲ….ခ်စ္ပရိ သတ္ေတြ အတြက္ ျပန္လည္ကူးယူ မၽွေဝေပးရင္း ျပည္သူေတြ အသက္အႏၲရာယ္မွ ကင္းေဝၿပီး ေဘးရန္ ကင္းရွင္းၾကပါေစ……🙏🙏🙏။

Photo – Po Po FB Page
Credit…..

လူထုလှုပ်ရှားမှုကြီးဟာ ယခုလက်ရှိ အချိန်မှာတော့ စစ်မှန်တဲ့ ဒီမိုကရေစီပြန်လည် ရရှိရေးအတွက် မြန်မာ ပြည်သူပြည်သားများ အားလုံးက တတ်နိုင်တဲ့ဘက်ကနေ တာဝန်ကိုယ်စီယူကာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် မဆုတ်နစ်သော ဇွဲလုံလတွေနဲ့ ကြိုးစား အားထုတ်နေကြတုန်းပဲ ဖြစ်ပါတယ်။ဖြိုခွင်းမှုတွေကလည်း နေရာဒေသ အနှံအပြားမှာ ဖြစ်ပွားနေတာ ဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြတဲ့ ပြည်သူများရဲ့ ရှေ့တွင် မျိုးဆက်သစ် လူငယ်များက မားမား မတ်မတ် ရပ်တည်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် အနုပညာရှင်တွေ ကလည်း သူတို့နိုင်သလောက် လူထု လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင် လှုပ်ရှားနေတာ ဖြစ်ပြီး တချို့အနုပညာရှင်တွေကတော့ ပြည်သူတွေနဲ့အတူ လမ်းမပေါ်ကို မထွက်နိုင်တော့ပဲ တိမ်းရှောင်နေတာလည်း ဖြစ်ပါတယ်။အခုလိုမျိုး အခြေအနေတွင် ပြည်သူတွေကလည်း ပိုပြီး စည်းလုံး ညီညွှတ်ကြကာ တစ်ယောက် နဲ့ တစ်ယောက် ကူညီဖေးမရင်း ယုံကြည်တဲ့ ပန်းတိုင်ကို အတူလက်တွဲသွားနေကြတာ ပဲဖြစ်ပါတယ်။

အဆိုတော် ပိုပိုကလည်း နေ့တိုင်း လမ်းမပေါ် ထွက်ကာ ပြည်သူလူထု နဲ့ အတူ တရားမျှတမှု အတွက် အားသွန်ခွန်စိုက် လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်အားဖြည့်ကာ အေးချမ်းစွာ ရင်ထဲက ဆန္ဒအမှန်တွေကို ဖော် ထုတ်နေကြတာ ဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်လည်း ပိုပိုရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် “လက်နက်မဲ့ ပြည်သူများကို လက်နက် နဲ့ သတ်ဖြတ်ခြင်း ကို အလွန်တရာမှ ရွံရှာ စက်ဆုပ်ပါသည်”ဆိုပြီး ရေးသားကာ လူထုလှုပ်ရှားမှု ပြုလုပ်နေတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ကဲ….ချစ်ပရိ သတ်တွေ အတွက် ပြန်လည်ကူးယူ မျှဝေပေးရင်း ပြည်သူတွေ အသက်အန္တရာယ်မှ ကင်းဝေပြီး ဘေးရန် ကင်းရှင်းကြပါစေ……🙏🙏🙏။

Photo – Po Po FB Page
Credit…..