Source: Htoo Khant ‘s fb
jပည်သူချစ်တေးသံရှင် တစ်ယောက်ဖြစ်တဲ့ ရွှေထူးကတော့ မအောင်မြင်ခင် အချိန်ကတည်းက အွန်လိုင်းပေါ်က သီချင်းတွေနဲ့ ပရိသတ်တွေကို စွဲလန်းနှစ်ခြိုက်စေခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ရွှေထူးကတော့ အခုဆိုရင် နိုင်ငံကျော်အဆိုေ တာ်တစ်ယောက်အဖြစ် ရပ်တည်နေပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိနေပြီပဲ ဖြစ်ပါတယ်။ ရွှေထူးကလည်း သူ့ရဲ့အောင်မြင်မှုကို ရပ်တံ့ထားခြင်းမရှိပဲ အသစ်အသစ်သော သီချင်းတွေကို ချပြရင်း ပရိသတ်အတွက် အမြဲတမ်း ကြိုးစားနေသူတစ်ယောက် ဖြစ်ပါတယ်။
ရွှေထူးကတော့ အိမ်ထောင်ရှင်တစ်ယောက်ဖြစ်သွားပီဆိုပေမယ့် သူမြတ်နိုးတဲ့ သီချင်းတွေကို အရင်အတိုင်း လုပ်ကိုင်နေသလို သူ့ရဲ့ ချစ်ဇနီး ရွှေမှုံရတီကလည်း ဘေးနားကနေ အကောင်းဆုံးပံ့ပို းပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ရွှေထူးက သူ့ရဲ့ ဂီတဖန်တီးမှုအတွက် လိုအပ်နေတဲ့ ပစ္စည်းတွေကို ဝယ်ပေးတဲ့ ချစ်ဇနီးအကြောင်းကို “လိုချင်တာကို ဝယ်ပေးတဲ့ ချစ်ဇနီးရော.. ဖြစ်ချင်သမျှ လိုက်လုပ်ပေးတဲ့ Brothers တွေရော ကျေးဇူးအထူးဗျာ။ သိပ်ပျော်တယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ပြောလာတာပဲ ဖြစ်ပါတယ်။
ရွှေထူးကတော့ သူ့ရဲ့ အနုပညာအလုပ်နဲ့ ပက်သတ်ရင် အစစအရာရာ နားလည်ပြီး Support အပြည့်အဝပေးတဲ့ ချစ်ဇနီးကို ရရှိထားသလို သူကိုယ်တိုင်ကလည်း နိုင်ငံကျော်မင်းသမီး ရွှေမှုံရတီရဲ့ အနုပညာအလုပ်တွေကို နားလည်မှု အပြည့်အဝ ပေးထားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီလို တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်နားလည်မှုနဲ့ တည်ဆောက်ထားကြတဲ့ ရွှေနှစ်ရွှေရဲ့ အိမ်ထော င်ရေးလေးကတော့ ပျော်ရွှင်စရာတွေအတိပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါေ စလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Htoo Khant ‘s fb
Credit – Cele Connections