


Source: Lamin Kabyar

လမင်းကဗျာနဲ့ နှိုင်းရှင်မြင့်မိုရ်တို့က အနုပညာညီအစ်မတွေကတော့ ဇာတ်လမ်းတွေထဲမှာ ကျရာနေရာကနေ ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ကြပြီး ခုချိန်မှာတော့ အောင်မြင်မှုကို ယ်စီရနေတဲ့ သူတွေ ဖြစ်ကြပါတယ်….နှစ်ယောက်စလုံးကလည်း အနုပညာအလုပ်တွေကို ဖြေးဖြေးမှန်မှန်လုပ်ဆောင်နေရင်း ကိုယ်ပိုင်စီးပွားရေးတွေကို လုပ်ကိုင်နေကြပါတယ်.. ဒါ့ပေမဲ့ အားလပ်ချိန်လေးတိုင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် မပြတ်စေကြပါဘူး။

ဒီနေ့မှာလည်း လမင်းကဗျာက နှိုင်းရှင်တို့ရဲ့ ခြံကျယ်ကြီးထဲကို လိုက်လည်ရင်း ညီအစ်မတွေ ပျော်ပျော်ပါးပါး Tiktok ဆော့ထားကြတာကို သူမက“ဒီနေ့ မကြီးနှိုင်းရှင်ခြံမှာ သွားကဲ ပျော်ဆြာကြီးပါလို့ကျေးဇူးပါမကြီးရေ မုန့်ဖိုးတွေလဲ ပေးသေးတာ ” ဆိုပြီး ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

သူမ တင်ထားတဲ့ ဗီဒီယိုအောက်မှာလည်း ပရိသတ်များက သဘောတွေကျပြီး အဲဒီ Tiktok အတိုင်းပဲ ပရိသတ်တွေက လိုက်ဆော့ထားရင်း သူမတို့အောက်မှာပဲ လာမန့်ပေးထားကြတာကိုလည်း သူမက ပရိသတ်တွေနဲ့ ကောမန့်မှာ ရင်းရင်းနှီးနှီး reply ပြန်ပေးထားပါသေးတယ်….။လမင်းနဲ့ နှိုင်းရှင်တို့ကို ချစ်ကြတဲ့ ပရိသတ်ကြီးလည်း သူမတို့ရဲ့ဟာသလေးကို ကြည့်ရင်းပျော်ရွင်ကြပါစေနော်…

Source: Lamin Kabyar
Credit ; Celebrity Secret