အကယ်ဒမီ မင်းသား မင်းမော်ကွန်းကတော့ လက်ရှိမှာ ပြည်တွင်းနိုင်ငံရေးပြဿနာတွေကြားမှာ ဒီမိုကရေစီအစစ်အမှန်ရရှိဖို့ ပြည်သူလူထုနဲ့အတူတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်းကတော့ နေ့စဉ်တစ်ရက်မှမပျက်မကွက်ပဲ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေပြီး လုပ်သားပြည်သူများ Civil Disobedience Movement မှာ ပါဝင်လာဖို့ တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ပြည်သူတွေအတွက် အရေးကြီးနေတဲ့ အချိန်တစ်ခုမှာ သရုပ်ပျက်အဝတ်အစားတွေနဲ့ မျက်နှာပြောင်လာတိုက်တဲ့ နာမည်ကြီးဆယ်လီကို မင်းမော်ကွန်းက အခုလိုပဲ သတိပေးလာတာကို တွေ့ရပါတယ်။
“အပျော်လုပ်နေကြတာမဟုတ်ဘူးနော်။ ဘဝနဲ့ရင်း အသက်နဲ့ရင်း မိသားစုပါရင်းပြီး မတရားမှုတွေကိုတိုက်နေကြတာပါ။ ဆယ်မိနစ်လောက်လာထိုင် ဓါတ်ပုံရိုက်ပြီးပြန်တာလောက်ထိလည်း အပြစ်မပြောသေးပါဘူး။ ဘယ့်နဲ့ဗျာဗိုလ်ချုပ်မွေးနေ့ ဗိုလ်ချုပ်ကြေးရုပ်အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်း စည်းကမ်းရှိရှိ ဆန္ဒဖေါ်ထုတ်နေပါတယ်ဆိုမှ သူ့လည်းဘယ်သူမှမခေါ် ယောက်ကျားမဟုတ်မိန်းမမဟုတ်၊ ဝတ်တော့လည်းစကပ်အတိုနဲ့ အောက်စကလွတ် အပေါ်ကလည်းမှန်ဇာလိုအကုန်ဖေါ်ပြီး မျက်နှာပြောင်လာတိုက်နေတာမျိုးကတော့ တော်တော်တရားလွန်တယ်”
“တိုင်းပြည်အတွက်အရေးကြီးနေတဲ့ အချိန်မို့မင်းကိုစကားနဲ့ပဲပြောလိုက်တာနော်။ ပြီးခဲ့တဲ့အကယ်ဒမီတုန်းကလည်းမင်းကြောင့် ဂရက်တွေထပြီးပြီ။ နောက်နေ့ထပ်တွေ့ရင်တော့အဆိုးမဆိုနဲ့။ ထပ်ပြောမယ် အပျော်အပျက်လုပ်နေတာမဟုတ်ဘူး။ သင်္ကြန်မဟုတ်ဘူး။ နကိုထဲကမှအပြစ်ပြောဖို့ အကွက်ချောင်းနေတဲ့သူတွေတပြုံကြီး.. စည်းကမ်းရှိပါ။ စည်းကမ်းရှိပါ။ စည်းကမ်းရှိကြပါ။ တိုင်းပြည်ချစ်လို့မဟုတ်ရင် လာကိုမလာပါနဲ့။ အားနေလို့ပျော်နေလို့လုပ်နေကြတာမဟုတ်ဘူး” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။
မင်းမော်ကွန်းကတော့ အပြစ်ဖို့ဖို့ စောင့်နေသူတွေကြားထဲမှာ သရုပ်ပျက်နေတဲ့ အွန်လိုင်းဆယ်လီတစ်ယောက်ကို ပြတ်ပြတ်သားသားနဲ့ သတိပေးလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။
Source: Kyaw Kyaw Htay Lwin ‘s fb
Bilie – Cele Connections