



Credit

တစ်ချိန်က လူငယ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့ No အဖွဲ့ထဲက သဇင်ကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်နော်.. သဇင်က ချိုသာတဲ့အသံလေးနဲ့ သီချင်းဆိုတတ်တဲ့အပြင် စတိုင်လ်ကလည်း မိမိုက်နေတာကြောင့် မိန်းကလေးတွေရဲ့အိုင်ဒေါဆို ရင်လည်း မမှားပါဘူးနော်.. နောက်ပိုင်းမှာတော့စိတ်သဘော ထားချင်းမတိုက်ဆိုင်မှုတွေကြောင့် အဖွဲ့ကွဲသွားပြီးတစ်ယောက်ထဲ သီချင်းတွေကို ဆက်လက်လုပ်ကိုင်နေခဲ့ပါသေးတယ်… ။

အနုပညာအလုပ်တွေကို လုပ်ကိုင်နေရင်းနဲ့ပဲ သူမကအိမ်ထောင်ပြုပြီး ပြည်ပမှာ‌ နေထိုင်တယ်လို့ သိရပါတယ်နော်.. ခုချိန်မှာတော့ သဇင်က ပရိသတ်ကြီးနဲ့အဆက်အသွယ်ပြတ်လို့နေတာကြောင့် သဇင်နဲ့ ညီအစ်မတွေလို နေနေကြတဲ့ သရုပ်ဆောင်အေးသီတာ က သဇင် အ့ကြောင်းကို ပြောပြာလာပါတယ်နော်…သဇင်က ခုလက်ရှိမှာ သားတစ်ယောက် သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတယ်လို့လည်း သိရပါတယ်။

သဇင်က ပြည်ပမှာမိတ်ကပ်သင်တန်းတက်ရောက်ပြီး ဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလည်း ပြန်လုပ်ချင်နေတယ်လို့လည်း သိရပါတယ်။ ခုချိန်မှာတော့ သဇင်က မိခင်တစ်ဦးဖြစ်နေတဲ့အတွက် တစ်ဦးတည်းသော သမီးဖြစ်တဲ့သဇင်က ရင့်ကျက်တဲ့အလှနဲ့ မိခင်ကောင်းတစ်ဦးဖြစ်နေ မှာပါနော်…အနုပညာ အလုပ်တွေနဲ့ဝေးကွာနတဲ့ သဇင့်ကိုချစ်တဲ့ ပရိသတ်တွေလည်း သဇင့်အကြောင်းလေးကို သိခွင့်ရလို့ ကျေနပ်မယ်ထင်ပါတယ်နော်…

Source: Hall of Fame By Eleven

Credit

Leave a Comment

Your email address will not be published. Required fields are marked *