မဂၤလာပါ ပရိတ္သတ္ၾကီးေရ…..ခုဆိုရင္ အႏုပညာေလာ ကမွာ ေအာင္ျမင္မႈေတြအခိုင္အမာနဲ႔ ရပ္တည္ေနၾကတဲ့ အႏုပညာရွင္ေတြဟာ လတ္တေလာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူေတြနဲ႔အတူ ေန႔စဥ္နဲ႔အမၽွ အားမေလ်ာ့ဘဲ တစ္သားထဲရပ္တည္ကာ တစ္ေထာင့္တစ္ေနရာကေန အစြမ္းကုန္ပါဝင္လ်က္ရွိေနတာကို အားလုံးျမင္ေတြ႕ရမွာပါေနာ္။ အားလုံးကလည္း ဘယ္လိုၿဖိဳခြင္းမႈေတြရွိေနပါေစ လက္မေလ်ာ့ဘဲ ေရွ႕ဆက္သြားေနၾကတာပါ။

တစ္ရက္ထက္တစ္ရက္အေျခအေနေတြတင္းမာလာၿပီျဖစ္တဲ့ဒီလူထုလႈပ္ရွားမႈႀကီးဟာဆိုရင္ အသက္ဆုံးရႈံးရသူေတြလည္းရွိသလို ဒဏ္ရာရသူေတြ ထိန္းသိမ္းခံထားရသူေတြလည္းရွိေနခဲ့ပါတယ္။အာလုံးကလည္းဒီလိုဆုံးရႈံးမႈေတြထပ္မျဖစ္ေအာင္တစ္ေယာက္ကိုတစ္ေယာက္ကူညီေဖးမရင္းယုံၾကည္ခ်က္ေတြကိုအေကာင္ အထည္ေဖာ္ေနၾကတာပါ။

ခုဆိုရင္ အႏုပညာရွင္ေတြထဲမွာလည္း ၿခိမ္းေျခာက္ခံရမႈေတြရွိေနတာလည္းေတြ႕ရပါတယ္။ဒါေပမယ့္လည္း အႏုပညာရွင္ေတြဟာခုခ်ိန္ထိမေၾကာက္မရြံ့ဘဲျပည္သူေတြနဲ႔ အတူရပ္တည္ေနၾကတုန္းပါ။ဒီလိုအႏုပညာရွင္ေတြထဲမွာမွ ခင္ဝင့္ဝါလည္းအပါအဝင္ပါပဲ။ခင္ဝင့္ဝါကေဖေဖာ္ဝါရီထဲကစတင္ခဲ့တဲ့ဒီလႈပ္ရွားမႈႀကီးမွာတတ္နိုင္သေလာက္ပါဝင္ကူညီ အားျဖည့္ကာ ကိုယ္တိုင္လည္း လမ္းမေပၚထြက္ကာ လႈပ္ရွားမႈေတြျပဳလုပ္သလို တိုက္ပြဲမွာ က်ရႈံးသြားတဲ့ သူရဲေကာင္းေတြရဲ့ မိသားစုေတြကိုလည္း အလႉေငြမ်ား သြားေရာက္လႉဒါန္းကာ တတ္နိုင္သေလာက္ကူညီခဲ့တာလည္းျဖစ္ပါတယ္။အခုလည္းဒီေန႔မွာ ျပည္သူေတြစုေပါင္းညီညြတ္စြာ ျပဳလုပ္ၾကတဲ့ အသံတိတ္သပိတ္ႀကီးမွာ ကိုယ္တိုင္ပါဝင္ရပ္တည္ခဲ့တာကိုေလးစားစြာေတြ႕ျမင္ရပါတယ္။ပရိသတ္ႀကီးအတြက္ ခင္ဝင့္ဝါရဲ့ ပုံေလးေတြကို မၽွေဝေပးလိုက္ပါတယ္။

Credit– Cele Zone
Photo – Khin Wint Wah

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ…..ခုဆိုရင် အနုပညာလော ကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ တစ်သားထဲရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ အစွမ်းကုန်ပါဝင်လျက်ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။ အားလုံးကလည်း ဘယ်လိုဖြိုခွင်းမှုတွေရှိနေပါစေ လက်မလျော့ဘဲ ရှေ့ဆက်သွားနေကြတာပါ။

တစ်ရက်ထက်တစ်ရက်အခြေအနေတွေတင်းမာလာပြီဖြစ်တဲ့ဒီလူထုလှုပ်ရှားမှုကြီးဟာဆိုရင် အသက်ဆုံးရှုံးရသူတွေလည်းရှိသလို ဒဏ်ရာရသူတွေ ထိန်းသိမ်းခံထားရသူတွေလည်းရှိနေခဲ့ပါတယ်။အာလုံးကလည်းဒီလိုဆုံးရှုံးမှုတွေထပ်မဖြစ်အောင်တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမရင်းယုံကြည်ချက်တွေကိုအကောင် အထည်ဖော်နေကြတာပါ။

ခုဆိုရင် အနုပညာရှင်တွေထဲမှာလည်း ခြိမ်းခြောက်ခံရမှုတွေရှိနေတာလည်းတွေ့ရပါတယ်။ဒါပေမယ့်လည်း အနုပညာရှင်တွေဟာခုချိန်ထိမကြောက်မရွံ့ဘဲပြည်သူတွေနဲ့ အတူရပ်တည်နေကြတုန်းပါ။ဒီလိုအနုပညာရှင်တွေထဲမှာမှ ခင်ဝင့်ဝါလည်းအပါအဝင်ပါပဲ။ခင်ဝင့်ဝါကဖေဖော်ဝါရီထဲကစတင်ခဲ့တဲ့ဒီလှုပ်ရှားမှုကြီးမှာတတ်နိုင်သလောက်ပါဝင်ကူညီ အားဖြည့်ကာ ကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေပြုလုပ်သလို တိုက်ပွဲမှာ ကျရှုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေကိုလည်း အလှူငွေများ သွားရောက်လှူဒါန်းကာ တတ်နိုင်သလောက်ကူညီခဲ့တာလည်းဖြစ်ပါတယ်။အခုလည်းဒီနေ့မှာ ပြည်သူတွေစုပေါင်းညီညွတ်စွာ ပြုလုပ်ကြတဲ့ အသံတိတ်သပိတ်ကြီးမှာ ကိုယ်တိုင်ပါဝင်ရပ်တည်ခဲ့တာကိုလေးစားစွာတွေ့မြင်ရပါတယ်။ပရိသတ်ကြီးအတွက် ခင်ဝင့်ဝါရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Credit– Cele Zone
Photo – Khin Wint Wah