ရှမ်းလူမျိုး အာဇာနည်ခေါင်းဆောင်ကြီးဖြစ်တဲ့ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းရဲ့ မြစ်ဖြစ်သလို လူထုခေါင်းဆောင် ဦးခွန်ထီးရဲ့ မြေးဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကတော့ လက်ရှိမှာ မြန်မာပြည်တွင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမငြိမ်မသက်ဖြစ်နေတဲ့အပေါ် ပြည်သူလူထုနဲ့ တသားတည်းရှိပြီး သူ့ရဲ့ ဆန္ဒမှန်ကိုလည်း လွတ်လပ်စွာ ဖော်ထုတ်နေတာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေအတွက် စားသောက်စရာများ ဝေငှလှူဒါန်းနေသလို သူကိုယ်တိုင်လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပဲ ဖြစ်ပါတယ်။
အာဇာနည်သူရဲကောင်းမျိုးရိုးကနေ ဆင်းသက်လာတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ သူကိုယ်တိုင်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပြည်သူတင်မြှောက်ထားတဲ့ အရပ်သားအစိုးရအဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းထားရာကနေ ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စိုင်းစိုင်းခမ်းလှိုှုင်က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တဲ့ သူ့ရဲ့အမှတ်တရ မျှဝေပြီး ပြည်သူတွေနဲ့အတူတူရှိနေကြောင်း ပြသလာပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ကတော့ ပရိသတ်တွေနဲ့ တစ်သားတည်းရှိနေတဲ့ ပြည်သူတစ်ယောက်ပီပီ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။
Source: Sai Sai Kham Leng’s fb
Credit – Cele Connections
Leave a Comment
Your email address will not be published. Required fields are marked *