မြင်သူရင်ကို အေးချမ်းစေတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ မြတ်နိုးအေးကတော့ ရုပ်ရှင်နဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ရင်း စတင်ကြိုးစားနေဆဲဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ တက်သစ်စ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် အလုပ်တွေကို ဆက်တိုက်လုပ်နေရပြီဖြစ်တဲ့ မြတ်နိုးအေးက လက်ရှိမှာတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားတာပဲ ဖြစ်ပါတယ်။ မြတ်နိုးအေးက ပြည်သူထဲက ပြည်သူတစ်ယောက်ပီပီ ဒီမိုကရေစီရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ မြတ်နိုးအေးက မနေ့က ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာဖြစ်ပွားတဲ့ စစ်တပ်နဲ့ ပြည်သူ ပဋိပက္ခတွေကိုကြည့်ပြီး “မနေ့က မြစ်ကြီးနားမြို့မှာဖြစ်သွားတဲ့ ကိစ္စနဲ့ ပက်သတ်ပြီး ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ အားလုံးကို အနိုင်ကျင့်လိုက်သလို ထပ်တူခံစားရပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာတာပဲ ဖြစ်ပါတယ်။

မြတ်နိုးအေးကတော့ လက်နက်မဲ့ပြည်သူနဲ့ လက်နက်ကိုင်စစ်တပ်တို့ရဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုကိုကြည့်ပြီး ထပ်တူခံစားဝမ်းနည်းနေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Myat Noe Aye’s fb
Credit – Cele Connections

Leave a Comment

Your email address will not be published. Required fields are marked *