


Credit…..

ပရိတ်သတ်ကြီးရေ တေးသံရှင် ရာဝန ကတော့ လူငယ် ပရိသတ်တွေ အရမ်းကြိုက်ကြ အားပေးကြတဲ့ အဆိုတော် တစ်ယောက် ဖြစ်ပြီးတော့ သူ့ရဲ့ Answer သီချင်းခွေ ကတော့ ပရိသတ်တွေရဲ့ ကြားမှာ အတော်လေးကို ရေပန်းစား ခဲ့တာဖြစ်ပါတယ်။ ရာဝနက ယခု လတ်တလော မြန်မာ နိုင်ငံအရေးနှင့် ပတ်သက်ပြီး ပြည်သူ များနဲ့ အတူ တကွ တစ်သွေး တစ်သားတည်း ရဲရဲဝင့်ဝင့် ရှေ့ ထွက် ရပ်တည်ခဲ့တဲ့ အနုပညာရှင် တစ်ဦး လည်းဖြစ် ပါတယ်။

Civil Disobedience Movementကိုလည်း အပြည့်အဝ ထောက်ခံ ရပ်တည် ခဲ့တဲ့သူ တစ်ဦးပါ။ နေ့စဉ် ဆိုသလို လမ်းမပေါ် ထွက်ပြီး အမှန်တရားကို လိုလားကြတဲ့ လူထု လှုပ်ရှား မှုတွေမှာ သံပြိုင် ဟစ်ကြွေးပြီး တက်တက် ကြွကြွ ပါဝင်ခဲ့ ပါတယ်။ ဒါအပြင် လူထုလှုပ်ရှားမှုကြောင့် ပင်ပန်းနေတဲ့ ပြည်သူ များကို မိမိ တတ် နိုင်တဲ့ ဘက်က ကူညီ ပြီးတော့လဲ လှူဒါန်းပေး နေတာလည်း ဖြစ်ပါတယ်။ ဖြစ်ပေါ် နေတဲ့ အခြေအ နေများအရ လမ်းထဲရှိ ပြည်သူများ စိတ် အေးချ မ်း သာစွာ အိပ်စက် အနားယူနိုင်ဖို့” ညဆို ကင်းစောင့် တယ် ဂွတစ်လက်နဲ့ မနက်ဆို အမှိုက် ကော က်တယ် အိတ် တလုံးနဲ့။ အဓိက က အရေးတော် ပုံ အောင်မြင်ဖို့ပဲ တတ်နိုင် သလောက် ပါဝင်အား ထုတ် ပေးရမှာပဲ” ဆိုပြီး ရေးသား ထားပါတယ်။ပြည်သူ တွေနဲ့အတူ တောင်းဆိုနေသလို လူမှုကွန်ယက် ဆိုရှယ် မီဒီယာ ထက်မှာလည်း စာသားအ ချို့နဲ့ ကူညီ အားဖြည့် ပေးနေ တာလည်း ဖြစ်ပါတယ်။

နောက်ထပ် ရာဝနက” ကျွန်တော် ရာဝန သည် လိုအပ်ပါက စစ်မှု့ထမ်းပေးပါမည် အစိုးရဖွဲ့ရန် တပ်ရှိဖို့ လိုပါတယ် စစ်မှုထမ်းရန် အသင့်လိုအပ်ပါက CRPH ကဦးဆောင် ဖွဲ့စည်းရ မယ့် တပ်အတွက် စစ်မှုထမ်း ပေးပါမည်ဟု ကတိပြု ပါတယ်” ဆိုပြီးတော့ ရေးသား ကတိပြု လိုက်တာပဲ ဖြစ်ပါတယ်။ ရာဝနက သူရဲ့တနေ့တာလှုပ် ရှားမှု ပုံရိပ်များ ကိုလည်း ပြန်လည် မျှဝေလေ့ရှိသူပါ။ နိုင်ငံ ကောင်းစားဖို့ တစ်ထောင့် တစ်နေရာကနေ ပြည်သူ များနဲ့အတူ လူထု လှုပ်ရှားမှုမှာ တ က်တက် ကြွကြွပါဝင် ဆောင်ရွက်တဲ့ အဆိုတော် ရာဝနရဲ့ ပုံရိပ်များကို ပရိသတ်ကြီး တို့အတွက် ပြန်လည် ဖော်ပြ ပေးလိုက် ပါတယ်။ ပရိတ်သတ်ကြီးတို့လည်း နေ့ရော ညပါ အခါခပ်သိမ်း ဘေး အန္တရာယ် ကင်းကြ ပါစေလို့ ဆုမွန်ကောင်း များ ကိုလည်း တောင်းလိုက် ရပါတယ်နော်။

Credit…..

Leave a Comment

Your email address will not be published. Required fields are marked *