


Credit…MM Load

ပရိတ်သတ်ကြီးရေ… ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပရိသတ်တွေ ရဲ့ အားပေးချစ်ခင် မှုကို အခိုင်အမာ ရရှိထားတဲ့ မေ ကတော့ ခုဖြစ်ပေါ် နေတဲ့အခြေအေနေ တွေ မှာ စိတ်ရော ကိုယ်ပါ နှစ်ပြီး ပြည်သူ နဲ့ အတူ ပါဝင်ရပ်တည်ခဲ့ သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။သူကိုယ်တိုင်က လည်း လမ်းမပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမျိုးစုံ မှာ အင်တိုက်အားတိုက် နဲ့ ရဲရဲ ဝင့်ဝင့် ပါဝင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒါ့အပြင် သူမ ရဲ့ လူမှုကွန်ယက် စာမျက်နှာ မှ တစ်ဆင့်လည်း အချိန် နဲ့အ မျှ အရေးကြီးတဲ့ သတင်းအချက် အလက်တွေကို ဝေ မျှပေးနေ ခဲ့သလို လူထု လှုပ်ရှားမှုမှာလည်း ရှေ့တန်း ကနေ ဆန္ဒ ထုတ်ဖော်မှု တွေပြုလုပ်နေတဲ့ သူရဲကောင်းတွေ အတွက်လည်း အကာအကွယ် ပစ္စည်းများ ကိုလည်း လှူဒါန်းပေးခဲ့တာကြောင့် အားလုံးက လေးစားချစ်ခင်နေရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်…။

အခုလို အားတတ် သရော ဒီလူထု လှုပ်ရှားမှု ကြီးမှာပါဝင်ခဲ့တာ ကြောင့် လည်း မေအနေ နဲ့ ခုဆိုရင် ခြိမ်းခြောက်ခံရ မှုတွေရှိနေပြီး ထွက်ပြေး တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။ဒီနေ့မှာ တော့သူမကို စိတ်မပူဖို့ ပရိသတ်တွေကို စာလေး ရေးကာ ခုလိုသူရဲ့ အကောင့်လေး မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။” အချိန်မရွေး ပုဒ်မ တပ်ခံရ နိုင်တယ်ဆိုတာ သိပါတယ်.. ဒါပေမယ့် ခုချိန်ထိ ကိုယ့်ကို ကိုယ် မဟုတ်တာ လုပ်ထားတယ် လို့ မတွေးမိသေးပါဘူး.. ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ အားလုံး နဲ့ တစ်ဖက်တည်း ရှိခဲ့လို့ ဝမ်းသာပါတယ်.. မေလဲ ဂရုစိုက်ပါ့မယ်.. အားလုံးလဲ ဂရုစိုက်ကြပါ.. တစ်ချိန်မှာ ပျော်ဖို့ အတွက် အခုခဏအားတင်းထားကြပါနော်.. “ဆိုတဲ့စာလေးပဲ ဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးရင်း မေ လည်းဘေးအန္တရာယ်ကင်းရှင်းပါစေ။ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီါ်ကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။

Credit…MM Load

Leave a Comment

Your email address will not be published. Required fields are marked *