ပရိတ်သတ်ကြီးရေ တေးရေး၊ တေးဆို ဆောင်းဦးလှိုင်ကတော့ မြန်မာ့နိုင်ငံရေးနဲ့ ပက်သတ်ပြီး (၁၉၈၈) ခုနှစ်ကတည်းက တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဆောင်းဦးလှိုင်က အခုဆိုရင် နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်နေပြီဆိုပေမယ့် မြန်မာ့နိုင်ငံရေးနဲ့ ပက်သတ်ပြီး အမြဲတမ်း စောင့်ကြည့်ရင်း ပြည်သူတွေအတွက် သတင်းအချက်အလက်တွေကို မျှဝေပေးနေသူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဆောင်းဦးလှိုင်က မြန်မာအနုပညာရှင်တွေဖြစ်တဲ့ လူမင်း၊ ဝိုင်း၊ ပြေတီဦး၊ ကိုပေါက်၊ ဏကြီး၊ အနဂ္ဂတို့ကို ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လိုက်တဲ့အပေါ် အခုလိုပဲ ပြောလာပါတယ်။
“ဘယ်လိုမှလူထုကိုဖိနှိပ်လို့မနိုင်တဲ့အခါ” နာမည်ကြီး နိုင်ငံရေးခေါင်းဆောင်တွေသာမက အနုပညာသမားတွေကိုပါ မတရားပုဒ်မတွေတပ်ပြီး ဖမ်းမယ်ဆီးမယ် လုပ်လာမယ်။ ဘယ်သူမှ အဖမ်းမခံပါနဲ့။ ရှောင်ထွက်ပါ။ အိမ်မှာမနေပါနဲ့။ ရုပ်ဖျက်ထားပါ။ ပြည်သူတွေက ဝန်းရံကာကွယ်ပေးကြပါ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။
ဆောင်းဦးလှိုင်ကတော့ လူထုကိုဖိနှိပ်လို့မရတဲ့အခါ နိုင်ငံရေးခေါငး်ဆောင်တွေနဲ့ အနုပညာသမားတွေကို မတရားပုဒ်မတပ်ပြီး ဖမ်းဆီးတာမျိုးဖြစ်လာပြီဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။
Source: Song Oo Hlaing’s fb
Credit – Cele Connections