ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ မင်းသား ဖြိုးငွေစိုးကတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်နိုင်တဲ့ဘက်ကနေ အုပ်တစ်ချပ်သဲတစ်ပွင့် အနေနဲ့ ပြည်သူ့ပရိသတ်တွေအတွက် စားသောက်စရာလေးတွေလိုက်လံဝေငှပေးပြီး လှူဒါန်းပေးခဲ့တာတွေ့မြင်ရပါတယ်။ တိုင်းပြည်အတွက် တက်နိုင်တဲ့ဘက်နေ လုပ်ဆောင်ပေးပြီး ပြည်သူ့ ပရိသတ်တွေနဲ့ အတူ အပြည်အဝ ရပ်တည်ပေးနေတဲ့ အနုပညာရှင်တွေကို တချို့အမျိုးမျိုး ဝေဖန်ပြောဆိုတာနဲ့ ပတ်သက်ပြီး ဖြိုးငွေစိုးက ယခုလိုပဲ ပြန်လည်ရှင်းပြလာခဲ့ပါတယ်။မိသားစုလည်းတွေတစ်ကွဲတပြားဖြစ် ပြည်သူ့သွေးတွေလည်းမြေခကြ အဖမ်းခံရတဲ့သူတွေလည်း အဖမ်းခံရ ကျန်ခဲ့ရတဲ့မိသားစုတွေ ရင်ထဲဝင် ခံစားကြည့်ပါဗျာ……ကျွန်တော်တို့ သရုပ်ဆောင်တွေ လည်းပြည်သူပါပဲ အလယ်အလတ် လူတန်းစားပေါ့ တချို့ဝန်ထမ်း တွေ ထင်ကြတာက ဘဝပျက်ရင်အောက်ခြေလူတန်းစားပဲပျက်ကြမှာ ကျွန်တော်တို့က ဘာမှမဖြစ်ဘူးပေါ့လေ တချိုးကျတော့လည်း ကျောင်းသားပြည်သူကို မြှောက်ပေးနေတာ ဖက်ခွက်စား အနုပညာ သမားတွေတဲ့လေ….

ဟုတ်ကဲ့ သေချင်းတရားဆိုတာ လူမရွေးပေမယ့် သေနတ်ဆိုတာတော့ ထင်ရှားတဲ့ သူကို ရွေးပစ် တတ်တာပါ…..ကျောင်းသားပြည်သူတွေကိုလည်း မြှောက်ပေးနေတာမဟုတ်ပါဘူး သူတို့နဲ့ တစ်သားထဲကျွန်တော်တို့ကိုယ်တိုင် လမ်းပေါ်ထွက်နေကြတာပါ….သာမန်ပြည်သူကိုမှတ်မိဖို့မလွယ်ပေမယ့် ကျွန်တော်တို့ကိုတော့ သိပ်ကိုမှတ်မိပါတယ်…..သာမန်ပြည်သူက လူစုခွဲလိုက်ရင် အများနဲ့ရော သွားပေမယ့် ကျွန်တော်တို့ကထင်ထင်ရှားရှားကျန်ခဲ့တာပါ….သူ့ခံယူချက်နဲ့သူ မထွက်တဲ့သူတွေကို ကျတော့အိပ်ပျော်နေကြတာလားတဲ့ ရှေ့ထွက်ပြီးအားပေးတဲ့သူကျတော့လည်း မြှောက်ပေးနေတာတဲ့ ထားပါလေ ဝေဖန်တိုက်ခိုက်မှုတွေကတော့ တစ်သက်လုံးခံလာရတာဆိုတော့ နေသားကျနေပါပြီ တစ်ခုပါပဲ …

ကျွန်တော်တို့လည်းလူဖြစ်တဲ့အတွက် သေစရာရှိရင် တကယ်ပစ်ရင် သေမှာပါဖမ်းစရာရှိရင်လည်းထင်ပေါ်ကျော်ကြားသူတွေက အရင်ဆုံးအဖမ်းခံရတာပါ ကျွန်တော်တို့မှာလည်းမိသားစုရှိတဲ့အတွက် သူတို့တွေလည်းဒုက္ခရောက်ကြမှာ ပူဆွေးကြရမှာပါပဲ….ကျွန်တော်တို့တတ်ကျွမ်းတဲ့အနုပညာ လုပ်ဆောင်ခွင့်တွေ အချိန်တော်တော်ကြာတဲ့ထိပိတ်ပင်ခံရမှာကိုလည်း သိပါတယ်…….ဒါဆိုကျွန်တော်တို့ဘာလို့လမ်းပေါ်ထွက်ကြလည်း မတရားမှုကိုလက်မခံလို့အကြမ်းဖက်မှုကိုမကြိုက်လို့ ကျွန်တော်တို့ပြည်သူတွေနဲ့တစ်သားထဲ ဖြစ်ဖို့ လက်လုပ်လက်စားကအစ….သမ္မတထိအောင်ညီတူညီမျှလူ့အခွင့်အရေးရဖို့ တိုင်းပြည်ကိုချစ်လို့ အသက်ကိုရင်းဘဝကိုရင်းအနာဂါတ်ကိုရင်းမိသားစုတွေကိုရင်းပြီး လုပ်သင့်လုပ်ထိုက်တယ်ထင်လို့ ကိုယ့်ခံယူချက် ကိုယ့်ယုံကြည်ချက်အတိုင်း ချီ တက်နေကြတဲ့သူတွေပါ ပြည်သူနဲ့အတူငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်နေကြတဲ့ ဖက်ခွက်စားတွေပါ…အန်ကယ်လေးအဆင်ပြေပါစေလို့ ဝိုင်းဆုတောင်းပေးကြပါခင်မျာသူ့မှာလည်းမိသားစုနဲ့ပါ ဝမ်းနည်းစွာဖြင့်” ဆိုပြီး ရေးသားထားပါတယ် ။

Source – Phyo NgweSoe fb account
Credit…..