



Source- Thandar Hlaing
Credit…..

ပရိတ်သတ်ကြီးရေ မော်ဒယ်လ် သန္တာလှိုင် ကတော့ အမှန်တရား ကို ချစ်မြတ်နိုးသူ ဖြစ်တာကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ပြည်သူတွေ နဲ့ အတူ ပူးပေါင်းခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပါ။ အားပေးသူ Follower များပြားတဲ့ သူမ ရဲ့ ဆိုရှယ် မီဒီယာထက်မှာလည်း လက်ရှိအခြေအနေတွေ ကို အများသိအောင် တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။

သူမ ကိုယ်တိုင်လည်း လမ်းပေါ် ထွက်ကာ လူထု လှုပ်ရှားမှု မှာ ပါဝင်ခဲ့တာ ကို ပရိသတ်တွေအသိပဲဖြစ်ပါတယ်။ဒါကတော့ ထဘီ အလံတွေကို ကိုင်ဆွဲ ကာ ရန်ကုန်မြို့ ရဲ့ လမ်းမထက် မှာ တရားမျှတမှု ရရှိဖို့အတွက် အပင်ပန်း ခံကာ သွားရောက် တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။ လူထု လှုပ်ရှား မှုမှာ ပါဝင်နေ တဲ့ ပုံတွေအပြင် ” စစ်အာဏာရူးဖြုတ် ချဖို့ ငါတို့ထဘီ ငါတို့ အလံ ငါတို့ အောင်ပွဲ နဲ့ တိုက်ကြ စို့ အမျိုးသမီးတွေ ရဲ့ ထဘီဟာ လူတစ်ယောက် ရဲ့ ဘုန်းကံ ကိုမြှင့်တင် မပေးနိုင်သလို နိမ့်ကျ အောင်လဲ လုပ်နိုင်စွမ်း မရှိပါဘူး။

မိမိတို့ ဘုန်းကံဆိုတာ မိမိတို့ ရဲ့ လုပ်ရပ်၊ စိတ်ဓါတ်တွေ နဲ့ ပဲ ဆိုင်ပါတယ်။ မဟုတ်တာလုပ်တဲ့သူတွေကတော့ ထဘီကိုလဲ ကြောက်ရ မိန်းမအင်္ကျီလဲ ကြောက်ရ ငရဲအိုး နဲ့ ဝဠ်လည်မှာလဲ ကြောက်နေ ရမှာပါ။ဒီနေ့တွေ့လိုက် တဲ့ ပုံတစ်ပုံမှာ ဘုန်းဘုန်း တစ်ပါးဟာ မိမိသိက္ခာတရား နဲ့ ဘုန်းကံကို ယုံကြည်စွာ နဲ့ ထဘီကို လမ်းမ တစ်လျောက် လှန်းထားတဲ့ ထဘီအောက်မှာ အေးဆေး တည်ငြိမ်စွာ လျောက်လှမ်း ဆွမ်းခံကြွ နေတဲ့ ပုံလေးကို တွေ့မိတော့ သူ့ရဲ့ သိက္ခာ
ယုံကြည်ချက် နဲ့ မြင့်မားတဲ့ စိတ်ဓါတ်ကို လေးစား ကြည်ညိုမိပါတယ်။

ထဘီဟာ ဒီနေ့ International Woman’s Day မှာ ဘာဖြစ်လို့ အလံ ဖြစ်လာသလဲ ဆိုတာ့ ပြည်သူတွေ ကို ရက်စက်စွာ သတ်ဖြတ် အကြမ်းဖက်နေတဲ့ မိစ္ဆာ စစ်သူပုန်တွေဟာ ထဘီ ကိုအင်မတန် ကြောက်တဲ့ အတွက် အကြမ်းဖက် စစ်သူပြန်တွေ ဆီကနေ ကာကွယ်တဲ့ လက်နက် အဖြစ် အသုံးပြုရ လောက်အောင် အသုံးဝင် လာလို့ပါပဲ။ ဒီစစ်သူ ပုန်တွေကြောင့် မိန်းမ ထဘီတွေ ရဲ့ အစွမ်းဟာ ရပ်ရွာကို အေးချမ်းဖို့ ကာကွယ်ပေး နိုင်တဲ့ အစွမ်း သတတ္တိရှိတယ် ဆိုတာကို ကျွန်မတို့ တွေ အခုသိရပြီ။ အရေးတော်ပုံ အောင်ရမည် ” ဆိုတဲ့ စာသားကို လည်း ရေးသားထားတာ ဖြစ်လို့ ပြန်လည် တင်ဆက် ပေးလိုက်ပါတယ်။

Source- Thandar Hlaing
Credit…..

Leave a Comment

Your email address will not be published. Required fields are marked *