မင်းသမီးချောလေး ခင်သဇင် ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင် သရုပ်ဆောင်နေပြီး ပီပြင်တဲ့ သရုပ်ဆောင် ချက်တွေနဲ့ ပြောင်မြောက်လှတဲ့ အနုပညာ အရည်အချင်း တွေကြောင့် ပရိသတ်အားပေး လက်ခံမှုကို အပြည့်အဝရရှိထားတဲ့သူပဲဖြစ်ပါ တယ်နော်။ ခင်သဇင်က လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ဖေဖော်ဝါရီလအစတည်းကတိုင် ပရိသတ်တွေနဲ့ တစ်သားတည်းရပ်တည်ကာ အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ကြိုးစားခဲ့သူတစ်ယောက်လည်းဖြစ်ပါ တယ်…..။

ခင်သဇင်က ပရိသတ်တွေ အတွက် ခွန်အားဖြစ်စေတဲ့ စာလေးတွေကိုလည်း မကြာခဏရေး တင်လေ့ရှိသူ တစ်ယောက်ဖြစ်ပြီး သူမရဲ့ရပ်တည်ချက် ကိုလည်း ပွင့်လင်းစွာပြောလေ့ ရှိသူလည်းဖြစ်ပါတယ်…။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ “ပြည်သူတွေ ပျော်ရင် ကျွန်မတို့ ပျော်တယ်..ပြည်သူတွေ ငိုရင် ကျွန်မတို့လည်း ငိုမယ်….အခုလိုလေးတွေ ပျော်ရွှင်နေတာ မြင်ရတော့ ကျွန်မ ပျော်မိပါ တယ်….။

ဘုရားတွေ ပေါ်က စီးပွါးရေးတွေ ပြန်လည်တိုးတက် ကောင်းမွန်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေပဲ ဆုတောင်းပေးနိုင်ခဲ့ပါတယ်..ဒီထက်လည်း အနုပညာအရာမှာ ပိုကြိုးစားပါ့မယ် ကတိပေးခဲ့ပါတယ်.. ဒီထက်ပိုကြိုးစားပါမယ်….ဒီထက်လည်း ပေးဆပ်သွားပါမယ် ကတိပေးပါတယ် ….” ဆိုပြီးရေးသားကာ ပရိသတ်တွေနဲ့ရင်းရင်းနှီးနှီးတွေ့ဆုံစကားပြောနေတဲ့ ချစ်စရာပုံလေးတွေ ကို တင်ပေး လာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါ တယ်နော်။

Credit




Credit