မဂၤလာပါ ပရိတ္သတ္ႀကီးေရ…. ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ ဘုန္းဆက္သြင္ကေတာ့ အႏုပညာေလာကမွာ ဇာတ္လမ္းတြဲေပါင္းမ်ားစြာကို႐ိုက္ကူးထားၿပီးေအာင္ျမင္ေနတဲ့အျပင္ အခုလက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႕ ပတ္သက္ၿပီး ျပည္သူလူထုနဲ႕အတူတစ္သားထဲရပ္တည္ေနတာပဲျဖစ္ပါတဆယ္ေနာ္။ေႏြဦးေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ အေရးေတာ္ပုံေအာင္ျမင္ဖို႔ အတြက္ လမ္းေပၚထြက္လူထု လႈပ္ရွားမႈေတြအျပင္ အလႉအတန္းေတြ မွာလည္း ျပဳလုပ္ၿပီး လုအင္အား ေငြအင္အားေတြနဲ႔ပါ အင္တိုက္အားတိုက္ ပါဝင္လုပ္ေဆာင္ေနသူလည္း ျဖစ္ပါတယ္..။

ဘုန္းဆက္သြင္ဟာဆိုရင္ တက္ႂကြရဲရင့္စြာနဲ႔ တတ္ႏိုင္သေလာက္ အားျဖည့္ပါဝင္ေနတဲ့ ဘုန္းဆက္သြင္ ကေတာ့ ဒီကေန႔မွာလည္း ျပည္သူေတြနဲ႔အတူ ေအာင္အတိတ္ေအာင္နိမိတ္ေတြ အျဖစ္ ေအာင္သေျပသပိတ္ကိုလည္း ျပဳလုပ္ေနတာ ေတြ႕ရပါတယ္..။ၿဖိဳခြင္းမႈေတြရွိေနတဲ့ အခက္အခဲေတြၾကားထဲက ယေန႔အခ်ိန္ထိ ေသြးမေအးသြားဘဲ လုပ္ႏိုင္သေလာက္ အင္အားေတြနဲ႔ အေကာင္းဆုံးႀကိဳးစား လုပ္ေဆာင္ေနတဲ့ ဘုန္းဆက္သြင္ကေတာ့ မနက္အေစာပိုင္းက ျပဳလုပ္ခဲ့တဲ့ လႈပ္ရွားမႈေတြ ကိုလည္း ေဝမွ်ထားပါေသးတယ္..။

“ယေန႔ (11.4.2021)ေအာင္အတိတ္ေအာင္နိမိတ္နဲ႔ေအာင္သေျပသပိတ္အေရးေတာ္ပုံ ေအာင္ရမည္💪💪💪..” ဆိုၿပီး လႈပ္ရွားမႈပုံရိပ္ေတြကို ေဝမွ်ထားတာ ျဖစ္ပါတယ္..။ေတာ္လွန္ေရး တိုက္ပြဲႀကီးမွာ ယေန႔အခ်ိန္ထိ အားမာန္ေတြအျပည့္နဲ႔ တက္တက္ႂကြႂကြပါဝင္ လုပ္ေဆာင္ေနတဲ့ မင္းသား ဘုန္းဆက္သြင္ရဲ႕ စိတ္ထားနဲ႔ လႈပ္ရွားမႈပုံရိပ္ေတြ ကိုေတာ့ ပရိသတ္ေတြကခ်ီးက်ဴးရင္း အားေပးစကား ေတြလည္း ေျပာထားၾကတာ ေတြ႕ရပါတယ္..။ဖတ္ရႈေပးတဲ့ပရိတ္သတ္ႀကီးကိုအထူးပဲေက်းဇူးတင္ရွိပါတယ္ေနာ္…။

Source: PhoeSettThwin Fb
Credit…..

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ…. ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဘုန်းဆက်သွင်ကတော့ အနုပညာလောကမှာ ဇာတ်လမ်းတွဲပေါင်းများစွာကိုရိုက်ကူးထားပြီးအောင်မြင်နေတဲ့အပြင် အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူတစ်သားထဲရပ်တည်နေတာပဲဖြစ်ပါတဆယ်နော်။နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာ အရေးတော်ပုံအောင်မြင်ဖို့ အတွက် လမ်းပေါ်ထွက်လူထု လှုပ်ရှားမှုတွေအပြင် အလှူအတန်းတွေ မှာလည်း ပြုလုပ်ပြီး လုအင်အား ငွေအင်အားတွေနဲ့ပါ အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်..။

ဘုန်းဆက်သွင်ဟာဆိုရင် တက်ကြွရဲရင့်စွာနဲ့ တတ်နိုင်သလောက် အားဖြည့်ပါဝင်နေတဲ့ ဘုန်းဆက်သွင် ကတော့ ဒီကနေ့မှာလည်း ပြည်သူတွေနဲ့အတူ အောင်အတိတ်အောင်နိမိတ်တွေ အဖြစ် အောင်သပြေသပိတ်ကိုလည်း ပြုလုပ်နေတာ တွေ့ရပါတယ်..။ဖြိုခွင်းမှုတွေရှိနေတဲ့ အခက်အခဲတွေကြားထဲက ယနေ့အချိန်ထိ သွေးမအေးသွားဘဲ လုပ်နိုင်သလောက် အင်အားတွေနဲ့ အကောင်းဆုံးကြိုးစား လုပ်ဆောင်နေတဲ့ ဘုန်းဆက်သွင်ကတော့ မနက်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေ ကိုလည်း ဝေမျှထားပါသေးတယ်..။

“ယနေ့ (11.4.2021)အောင်အတိတ်အောင်နိမိတ်နဲ့အောင်သပြေသပိတ်အရေးတော်ပုံ အောင်ရမည်💪💪💪..” ဆိုပြီး လှုပ်ရှားမှုပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။တော်လှန်ရေး တိုက်ပွဲကြီးမှာ ယနေ့အချိန်ထိ အားမာန်တွေအပြည့်နဲ့ တက်တက်ကြွကြွပါဝင် လုပ်ဆောင်နေတဲ့ မင်းသား ဘုန်းဆက်သွင်ရဲ့ စိတ်ထားနဲ့ လှုပ်ရှားမှုပုံရိပ်တွေ ကိုတော့ ပရိသတ်တွေကချီးကျူးရင်း အားပေးစကား တွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။

Source: PhoeSettThwin Fb
Credit…..