ေဖေဖာ္ဝါရီလ(၁)ရက္ေန႔ က စတင္လိုက္တဲ့ ဒီအေျခအေနႀကီးကေတာ့ ျမန္မာျပည္ ကိုအေမွာင္ဘက္ဆြဲခ်သြားခဲ့ပါတယ္။အဲ့ဒီေနာက္မွာေတာ့ ျပည္သူလူထုကလည္း ကိုယ္ယုံၾကည္ရာကိုရရွိဖို႔အတြက္ ေဖေဖာ္ဝါရီလ(၆)ရက္ေန႔ကေနစၿပီး လူထုလႈပ္ရွားမႈေတြျပဳလုပ္လာၾကတာျဖစ္ပါတယ္။အႏုပညာရွင္အသိုင္းအဝိုင္းကေတာ့ ျပည္သူေတြနဲ႔အတူ မားမားမတ္မတ္ရပ္တည္ၿပီး ရင္ဆိုင္ေနၾကတာျဖစ္ပါတယ္။အကယ္ဒမီပိုင္ၿဖိဳးသုနဲ႔ ဒါ႐ိုက္တာဏႀကီးတို႔ဇနီးေမာင္ႏွံကလည္း လူထုလႈပ္ရွားမႈေတြမွာတစ္တပ္တစ္အားပါဝင္အားျဖည့္ၾကတာျဖစ္ပါတယ္။

အႏုပညာရွင္အသိုင္းအဝိုင္းကေတာ့ ျပည္သူလူထုနဲ႔အတူ ေန႔တိုင္းလမ္းေပၚထြက္ၿပီး အားသြန္ခြန္စိုက္ႀကိဳးစားေနၾကတာျဖစ္ပါတယ္။အိျႏၵာေက်ာ္ဇင္၊ေမတိုးခိုင္၊ေျပတီဦး၊မ်ိဳးသႏၲာထြန္း စတဲ့အႏုပညာရွင္ေတြနဲ႔လည္းပိုင္ၿဖိဳးသုက ကိုယ္စြမ္း၊ဉာဏ္စြမ္းရွိသေလာက္ အတူတူဝန္းရံေနတာျဖစ္ပါတယ္။ေမတိုးခိုင္ဆိုရင္ လူငယ္တစ္ေယာက္လည္းျဖစ္တာေၾကာင့္ သူမရဲ႕အနာဂတ္အတြက္ ေန႔တိုင္းလႈပ္ရွားေနတာျဖစ္ပါတယ္။ေမတိုးခိုင္ကရန္ကုန္တိုင္းထဲမွာရွိတဲ့ ေနရာအစုံကို သြားေရာက္ၿပီး ျပည္သူေတြရဲ႕ေရွ႕ကေန ရဲဝင့္စြာနဲ႔ရပ္တည္ေနတာျဖစ္ပါတယ္။

ေန႔တိုင္းမေမာမပန္းဘဲ တတ္ႏိုင္တဲ့ခြန္အားနဲ႔ႀကိဳးစားေနတဲ့ေမတိုးခိုင္ကို ပိုင္ၿဖိဳးသုက ေလးစားေနတာျဖစ္ပါတယ္။အခုဆိုရင္ေတာ့ ပိုင္ၿဖိဳးသုက“ဒီကေလးေလးကို စေတြ႕တုန္းကတကယ္ေပ်ာ့ေပ်ာ့ႏြဲ႕ႏြဲ႕ေလး ..အခုလူထုလႈပ္ရွားမႈအတြင္း‌မွာေတာ့ တကယ့္”ရဲတင္းေပါက္စိန္”ေလး CDM ကိစၥေတြအတြက္ေလွ်ာက္သြားစည္း႐ုံးၾကရင္လည္းစကားေတြအမ်ားႀကီးစီကာပတ္ကုံးမေျပာေပမယ့္ သူေျပာသြားတဲ့စကားတိုင္းကတကယ္ခံစားခ်က္ပါတယ္ သူေျပာတိုင္းကိုယ့္မွာမ်က္ရည္ပါဝဲရတယ္။တစ္ရက္မွမနားဘူး အၿမဲဘာလုပ္လို႔ရမလဲစဥ္းစားေနတဲ့ကေလး You deserve to be appreciated ညီမေလး ေမတိုးခိုင္”ဆိုၿပီး ခ်ီးက်ဴးထားတာျဖစ္ပါတယ္။

Credit…..

ဖေဖော်ဝါရီလ(၁)ရက်နေ့ က စတင်လိုက်တဲ့ ဒီအခြေအနေကြီးကတော့ မြန်မာပြည် ကိုအမှောင်ဘက်ဆွဲချသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ပြည်သူလူထုကလည်း ကိုယ်ယုံကြည်ရာကိုရရှိဖို့အတွက် ဖေဖော်ဝါရီလ(၆)ရက်နေ့ကနေစပြီး လူထုလှုပ်ရှားမှုတွေပြုလုပ်လာကြတာဖြစ်ပါတယ်။အနုပညာရှင်အသိုင်းအဝိုင်းကတော့ ပြည်သူတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်ပြီး ရင်ဆိုင်နေကြတာဖြစ်ပါတယ်။အကယ်ဒမီပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ဇနီးမောင်နှံကလည်း လူထုလှုပ်ရှားမှုတွေမှာတစ်တပ်တစ်အားပါဝင်အားဖြည့်ကြတာဖြစ်ပါတယ်။

အနုပညာရှင်အသိုင်းအဝိုင်းကတော့ ပြည်သူလူထုနဲ့အတူ နေ့တိုင်းလမ်းပေါ်ထွက်ပြီး အားသွန်ခွန်စိုက်ကြိုးစားနေကြတာဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်၊မေတိုးခိုင်၊ပြေတီဦး၊မျိုးသန္တာထွန်း စတဲ့အနုပညာရှင်တွေနဲ့လည်းပိုင်ဖြိုးသုက ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသလောက် အတူတူဝန်းရံနေတာဖြစ်ပါတယ်။မေတိုးခိုင်ဆိုရင် လူငယ်တစ်ယောက်လည်းဖြစ်တာကြောင့် သူမရဲ့အနာဂတ်အတွက် နေ့တိုင်းလှုပ်ရှားနေတာဖြစ်ပါတယ်။မေတိုးခိုင်ကရန်ကုန်တိုင်းထဲမှာရှိတဲ့ နေရာအစုံကို သွားရောက်ပြီး ပြည်သူတွေရဲ့ရှေ့ကနေ ရဲဝင့်စွာနဲ့ရပ်တည်နေတာဖြစ်ပါတယ်။

နေ့တိုင်းမမောမပန်းဘဲ တတ်နိုင်တဲ့ခွန်အားနဲ့ကြိုးစားနေတဲ့မေတိုးခိုင်ကို ပိုင်ဖြိုးသုက လေးစားနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ပိုင်ဖြိုးသုက“ဒီကလေးလေးကို စတွေ့တုန်းကတကယ်ပျော့ပျော့နွဲ့နွဲ့လေး ..အခုလူထုလှုပ်ရှားမှုအတွင်း‌မှာတော့ တကယ့်”ရဲတင်းပေါက်စိန်”လေး CDM ကိစ္စတွေအတွက်လျှောက်သွားစည်းရုံးကြရင်လည်းစကားတွေအများကြီးစီကာပတ်ကုံးမပြောပေမယ့် သူပြောသွားတဲ့စကားတိုင်းကတကယ်ခံစားချက်ပါတယ် သူပြောတိုင်းကိုယ့်မှာမျက်ရည်ပါဝဲရတယ်။တစ်ရက်မှမနားဘူး အမြဲဘာလုပ်လို့ရမလဲစဉ်းစားနေတဲ့ကလေး You deserve to be appreciated ညီမလေး မေတိုးခိုင်”ဆိုပြီး ချီးကျူးထားတာဖြစ်ပါတယ်။

Credit…..