ပရိတ္သတ္ေတြက ကစ္ကစ္လို႔ခ်စ္စနိုးေခၚၾကတဲ့ ဝတ္မႈန္ေရႊရည္ ကေတာ့ ပရိသတ္လက္ခံအားေပးၿပီးသား နာမည္ႀကီးအႏုပညာရွင္ မင္းသမီးေခ်ာေလးျဖစ္ၿပီး သူမရဲ့ သ႐ုပ္ေဆာင္ ေကာင္းမႈေတြေၾကာင့္ အကယ္ဒမီဆုေတြကို ထိုက္ထိုက္တန္တန္ဆြတ္ခူးထားသူေလးဆိုလည္းမမွားပါဘူး ။

ကစ္က လတ္တေလာမွာဆိုရင္ေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူပရိသတ္ေတြနဲ႔အတူ တစ္သားတည္း ရပ္တည္ေနတာျဖစ္ၿပီး လူထုလႈပ္ရွားမႈေတြမွာပါဝင္ခဲ့သလို လိုအပ္တဲ့ ပစၥည္းေတြနဲ႔ အစားအေသာက္ေတြကိုလည္း တက္နိုင္တဲ့ဘက္ကေန လိုက္လံကာလႉဒါန္းမႈေတြ ျပဳလုပ္ေနတာကိုေလးစားစြာေတြ႕ျမင္ရပါတယ္။

အခုလည္းကစ္တစ္ေယာက္ ဆႏၵထုတ္ေဖာ္ေနတဲ့ ျပည္သူလူထုေတြကို အစားအေသာက္မ်ားစြာ ထပ္မံလႉဒါန္းခဲ့ျပန္ပါတယ္။ အလႉပုံေလးေတြနဲ႔အတူ ” ျပည္သူေတြနဲ႔ အတူ ဒီေန႔ အတူတကြ ရွိခဲ့ပါတယ္…ျပည္သူေတြ လိုလားေတာင္းတေသာ၊ ျမန္မာနိုင္ငံအတြက္မွန္ကန္ေသာ ဒီမိုကေရစီအျမန္ဆုံးရရွိပါေစ။အဖမ္းဆီးခံေခါင္းေဆာင္မ်ားလည္း အျမန္ဆုံးလြတ္ေျမာက္ပါေစ။”ဆိုတဲ့စာေလးကိုေဝမၽွထားရာ ပရိသတ္ႀကီးအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Wutt Mhone Shwe Yi

ပရိတ်သတ်တွေက ကစ်ကစ်လို့ချစ်စနိုးခေါ်ကြတဲ့ ဝတ်မှုန်ရွှေရည် ကတော့ ပရိသတ်လက်ခံအားပေးပြီးသား နာမည်ကြီးအနုပညာရှင် မင်းသမီးချောလေးဖြစ်ပြီး သူမရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန်ဆွတ်ခူးထားသူလေးဆိုလည်းမမှားပါဘူး ။

ကစ်က လတ်တလောမှာဆိုရင်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့သလို လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံကာလှူဒါန်းမှုတွေ ပြုလုပ်နေတာကိုလေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်းကစ်တစ်ယောက် ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူလူထုတွေကို အစားအသောက်များစွာ ထပ်မံလှူဒါန်းခဲ့ပြန်ပါတယ်။ အလှူပုံလေးတွေနဲ့အတူ ” ပြည်သူတွေနဲ့ အတူ ဒီနေ့ အတူတကွ ရှိခဲ့ပါတယ်…ပြည်သူတွေ လိုလားတောင်းတသော၊ မြန်မာနိုင်ငံအတွက်မှန်ကန်သော ဒီမိုကရေစီအမြန်ဆုံးရရှိပါစေ။အဖမ်းဆီးခံခေါင်းဆောင်များလည်း အမြန်ဆုံးလွတ်မြောက်ပါစေ။”ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Wutt Mhone Shwe Yi

Leave a Comment

Your email address will not be published. Required fields are marked *