


Credit – Cele Zone
Photo – Khin Hlaing

ပရိတ်သတ်ကြီးရေ ခင်လှိုင်ကတော့ ခုချိန်မှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ကာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေဟာလည်း တစ်ရက်ပြီးတစ်ရက် အားကောင်းလာနေတာဖြစ်ပြီး အနုပညာရှင်တွေအပါအဝင်ပြည်သူတွေကပါ တက်ကြွစွာပါဝင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။

ခင်လှိုင်အပြင်အခြားသောအနုပညာရှင်များစွာကလည်း လက်ရှိလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ကြတဲ့အပြင် တတ်နိုင်တဲ့ဘက်ကနေလည်း လှူဒါန်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေကြတဲ့ အနုပညာရှင်တွေက အခုချိန်မှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေတာလည်း ဖြစ်ပါတယ် ။

အခုလည်း ခင်လှိုင် ညီနန္ဒအစရှိတဲ့ အနုပညာရှင်များကလည်း ပြည်သူလူထုနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပြန်ပါတယ်။ ဆန္ဒထုတ်ဖော်ရင်း မြေနီကုန်းမှာ ကံကောင်းစွာ လွတ်မြောက်ခဲ့ရကြောင်းကိုပုံလေးနဲ့အတူခုလိုရေးသားထားတာဖြစ်ပါတယ်။” ဒီနေ့မနက်ကျွန်တော်တို့ ထိုင်းသံရုံးရှေ့ပြီးတော့မြေနီကုန်းကိုဆက်ထွက်ခဲ့တယ်မြေနီကုန်းရောက်ချိန်မှာတော့……ကံကောင်းလို့ဘေးမသီရန်မခ…ဘုရားဘုရားဘုရား”စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Khin Hlaing

Leave a Comment

Your email address will not be published. Required fields are marked *