


Credit…..

ပရိသတ်ကြီးရေ….. မြန်မာသံစဉ် သီချင်းကောင်းလေးတွေ နဲ့ တောရောမြို့ပါမကျန် ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုတွေ ကို မခိုင်အ မာရ ရှိထားပြီး အောင်မြင်တဲ့အနုပညာရှင်အဖြစ် ရပ်တည်နေကြသူတွေထဲမှာ အဆိုတော်မနောကလည်း အပါအဝင်ပါပဲ..။ မနောကတော့ လက် ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ကာ လှူဒါန်းမှုတွေကို ပြုလုပ်နေပြီး တတ်နိုင်သလာက် ပါဝင်အားဖြည့်နေ တာလည်း ဖြစ်ပါတယ်..။ တော်လှန်ရေး တိုက်ပွဲကြီးမှာ အသက်ပေး ကျဆုံးသွားတဲ့ သူရဲကောင်းပြည်သူတွေအတွက် ပြီးခဲ့တဲ့ရက်တွေကတည်းက လှူဒါန်းမှုတွေ ပြု လုပ် နေပြီး ပြည်သူတွေစားဝတ်နေရေးအတွက်လည်း အလှူတွေပြုလု ပ်နေတာ တွေ့ရ ပါတယ်..။

အမျိုးမျိုးသော လှူဒါန်းမှုတွေပြုလုပ်ပြီး ပြည်သူတွေနဲ့ ရပ်တည်နေတဲ့ မနောကတော့ (၇)ရက်သားသမီးပြည်သူတွေ အတွက်လည်း တတ်နိုင် သ လောက် လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ ပုံရိပ်လေးတွေကို ထပ်မံမျှဝေလာပြန်ပါတယ်..။ “ယနေ့ပြုသမျှ ကုသိုလ်ကောင်းမှုတို့ကြောင့် သေဆုံးသွားသော (၇) ရက်သားသမီးများအားလုံး သာဓုခေါ်ဆိုနို င်ပါစေ 🙏 ကောင်းရာသုဂတိ လား ပါစေ🙏🙏🙏 တိုင်းပြည်ကြီးအမြန်အေးချမ်းပါစေ 🙏🙏🙏 မိဘပြည်သူများ အားလုံး ကျန်းမာချမ်းသာပြီး မိသားစု သာယာ ချမ်းမြေ့ပါ စေ🙏🙏🙏..” ဆိုပြီး ဆုတောင်း စကားလေးနဲ့အတူ အလှူ ပုံရိပ်လေးတွေကို ဝေမျှထားတာပါ..။

(၇)ရက်သားသမီးတွေအတွက် နိုင်သလောက်အားနဲ့ လှူဒါန်းမှုတွေဆင်တိုက်ပြု လုပ်ပြီး ပြည်သူ တွေနဲ့ အတူ ရပ်တည်နေတဲ့ မနောရဲ့ အလှူ တွေ ကိုလည်း ပရိသတ်တွေက ချီးကျူး သာဓုခေါ်နေကြတာလည်း တွေ့ရပါတယ်..။

Source: မနော Manaaw’s Fb Acc
Credit…..