အဆိုတော်ကောင်းကောင်း ကတော့ အသံအေးအေးလေးနဲ့ သီချင်းလေးတွေကို ကိုယ်တိုင်ရေးသားသီဆိုသူ တစ်ဦးပဲ ဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ဆယ်စုနှစ်ကျော်တိုင်အောင် သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာလည်း ဂီတမောင်နှမများနဲ့အတူ တက်တက်ကြွကြွပူးပေါင်း ပါဝင်နေတာလည်း ဖြစ်ပါတယ်။တိုင်းပြည်နဲ့လူငယ်တွေရဲ့ အနာဂတ် အတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်အားဖြည့်ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းပေါ်ထွက်ကာ အမှန်တရားဘက်က ရပ်တည်နေတဲ့ပြည်သူတွေအတွက်လည်း ခွန်အားဖြည့်သီချင်းတွေနဲ့ သီဆိုဖျော်ဖြေကာ တစ်တပ်တစ်အား ပါဝင်ပေးနေတာပါ။

ကောင်းကောင်းရဲ့ နေ့စဉ်လှုပ်ရှားမှုတွေတိုင်းကိုလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း ကောင်းကောင်းရဲ့ Facebook အကောင့်တွင် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ကြမယ့်သူရဲကောင်းတွေအတွက်ဘုရားသခင်ထံတွင် ဆုတောင်းပေးနေတာပဲ ဖြစ်ပါတယ်။သူကလည်း ” ညီအစ်ကို မောင်နှမ များခင်ဗျာ👍 မနက်ဖြန်ဟာ အရေးကြီးတဲ့ နေ့ဖြစ်တဲ့အတွက်…. အကောင်းဆုံး ပေးဆပ်ကြရအောင်နော်😍 ကျွန်တော်ကတော့ မနက်ဖြန်ကြရင် ပါဝင်ကြမည့်– ခရစ်ယာန်ဖြစ်စေ,ဗုဒ္ဓဘာသာဖြစ်စေ,ဟိန္ဒူ-မွတ်စလင်ဖြစ်စေ❤️။

နိုင်ငံရဲ့ အရေးတော်ပုံမှာ တစ်ထောင့်တစ်နေရာမှာ ပါဝင်ကြမည့် အားလုံးသော သူရဲကောင်းများ အတွက်💪 (အစာရှောင်)ဆုတောင်းပေးခြင်းဖြင့် ဘုရားသခင်ထံတော်ပါ့မှ အသနားခံ မည် ဖြစ်သောကြောင့် မိတ်ဆွေ သူငယ်ချင်များ အားလုံးအနေဖြင့် ဖြစ်စေလိုသော ဆုတောင်းချက် တစ်ယောက်တစ်ခု တင်ပေးလို့ရပါတယ်ဗျ👍🙏 လူ၌ဖြစ်တတ်တဲ့ လောဘ,ဒေါသ,မောဟ များ မေ့ထားပြီး နှိမ့်ချစွာဆုတောင်းခြင်းဖြင့် မနက်ဖြန်မှာ ပေးဆပ်ချင်ပါတယ်👍 မြန်မာပြည်သူပြည်သားအားလုံးအပေါ် ဘုရားသခင်ငြိမ်သက် ဝမ်းမြှောက်ခြင်း ပေးပါစေ🙏(အာမင်)” ဆိုပြီးရေးသားထားတာလည်း ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။မြန်မာနိုင်ငံကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆုတောင်းလိုက်ရပါတယ်နော်။

Source and Photo Crd-Kaung Kaung vocalist’s Facebook Account
Crd…