ထြန္းကိုကိုကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူပရိသတ္ေတြနဲ႔အတူ တစ္သားတည္း ရပ္တည္ေနတာျဖစ္ၿပီး လႈပ္ရွားမႈ ပုံေလးေတြကိုလည္း လူမႈကြန္ယက္ ေဖ့ဘြတ္စာမ်က္ႏွာထက္မွာ တင္ေပးေလ့ရွိတာေတြ႕ရပါတယ္။

ဒါ့အျပင္ လိုအပ္တဲ့ ပစၥည္းေတြနဲ႔ အစားအေသာက္ေတြကိုလည္း တက္နိုင္တဲ့ဘက္ကေန လိုက္လံကာလႉဒါန္းမႈေတြ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။ ပဲခူးသားျဖစ္တာေၾကာင့္ ပဲခူးကျပည္သူလူထုကိုေရွ႕ကဦးေဆာင္ကာ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္မႈေတြကိုလည္း ျပဳလုပ္လ်က္ရွိပါတယ္။

အခုလည္း ဆႏၵျပျပည္သူေတြစိတ္ခြန္အားတက္ႂကြေစရန္ တီးဝိုင္းမွာကိုယ္တိုင္ပါဝင္တီးခတ္ကာေဖ်ာ္ေျဖေပးရင္း ဆႏၵထုတ္ေဖာ္ခဲ့ျပန္ပါေသးတယ္။ မေမာမပန္းနိုင္ေအာင္ မ်ိဳးစုံလူထုလႈပ္ရွားမႈမွာ ပါဝင္အားျဖည့္ေပးေနတာတကယ္ကိုေလးစားမိတာေၾကာင့္ ထြန္းကိုကိုရဲ့ ဗီဒီယိုေလးကို မၽွေဝေပးလိုက္ပါတယ္။

Credit– Cele Zone
Photo – Yanpaing Tunko

ထွန်းကိုကိုကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး လှုပ်ရှားမှု ပုံလေးတွေကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတာတွေ့ရပါတယ်။

ဒါ့အပြင် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံကာလှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ပဲခူးသားဖြစ်တာကြောင့် ပဲခူးကပြည်သူလူထုကိုရှေ့ကဦးဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။

အခုလည်း ဆန္ဒပြပြည်သူတွေစိတ်ခွန်အားတက်ကြွစေရန် တီးဝိုင်းမှာကိုယ်တိုင်ပါဝင်တီးခတ်ကာဖျော်ဖြေပေးရင်း ဆန္ဒထုတ်ဖော်ခဲ့ပြန်ပါသေးတယ်။ မမောမပန်းနိုင်အောင် မျိုးစုံလူထုလှုပ်ရှားမှုမှာ ပါဝင်အားဖြည့်ပေးနေတာတကယ်ကိုလေးစားမိတာကြောင့် ထွန်းကိုကိုရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Credit– Cele Zone
Photo – Yanpaing Tunko

Leave a Comment

Your email address will not be published. Required fields are marked *