မဂၤလာပါ ပရိတ္သတ္ၾကၤီးေရ…..ပိုင္တံခြန္ကေတာ့ ဒီအေရးေတာ္ပုံႀကီးစတင္ထဲက အားႀကိဳးမာန္တတ္နဲ႔လမ္းေပၚထြက္ကာ ရဲရဲရင့္ရင့္ ဆႏၵထုတ္ေဖာ္ခဲ့သူတစ္ေယာက္ျဖစ္သလို ျပည္သူေတြကိုလည္းေရွ႕ကေန ကာကြယ္ေစာင့္ေရွာက္ေပးမႈေတြလည္းျပဳလုပ္ခဲ့ပါေသးတယ္။ဒါ့အျပင္သူရဲ့ အေကာင့္ကေနလည္း ျမန္မာနိုင္ငံမွာေန႔စဥ္ျဖစ္ပ်က္သမၽွေတြကို ကမၻာသိေအာင္ အခ်ိန္နဲ႔တစ္ေျပးညီေဖာ္ျပေပးခဲ့တာလည္းေတြ႕ရပါတယ္။

ဒါ့ေၾကာင့္လည္း ပိုင္တံခြန္ဟာ မ်ိဳးစုံၿခိမ္းေျခာက္ခံရမႈေတြရွိေနတာေၾကာင့္ မိသားစုနဲ႔ခြဲခြာကာ ေရွာင္ေနရတာလည္းျဖစ္ပါတယ္။ဒါေပမယ့္လည္း ေနာက္မဆုတ္ဘဲဒီေန႔ဒီခ်ိန္ထိ ဆႏၵထုတ္ေဖာ္မႈေတြျပဳလုပ္ေနတာလည္းျဖစ္ပါတယ္။တစ္ခါတစ္ရံမွာလည္း ျပည္သူေတြစိတ္ခြန္အားျဖစ္ေစမယ့္စာေလးေတြကိုလည္းေရးသားေဖာ္ျပေလ့ရွိပါတယ္။

အခုလည္းေတာ္လွန္ေရးႀကီးနဲ႔ပတ္သက္ၿပီး လူငယ္ေတြ စိတ္ခြန္အားျဖစ္ေစမယ့္ အေၾကာင္းအရာေလးကိုေရးသားေဖာ္ျပခဲ့ျပန္ပါတယ္။ ” အပ္ခ်ည္မၽွင္တပင္ကို ခြန္အားရွိသေလာက္ လက္နဲ႔ ဆြဲျဖတ္ၾကည့္ပါ …ျပတ္သြားမယ္ အပ္ခ်ည္မၽွင္ေသးေသးေလးေတြ သိန္းေပါင္းမ်ားစြာရစ္ပတ္ထားတဲ့ ႀကိဳးကို ခြန္အားရွိသေလာက္ဆြဲျဖတ္ၾကည့္ ျပတ္ပါ့မလားလို႔ … ျဖတ္ဖို႔အတြက္ ညဏ္လိုတယ္ စည္းလုံးျခင္းျဖင့္ ခိုင္ခံ့ပါေစ ညဏ္ျဖင့္ ေက်ာ္ျဖတ္နိုင္ေစ”ဆိုတဲ့စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Paing Takhon

မင်္ဂလာပါ ပရိတ်သတ်င်္ကြီးရေ…..ပိုင်တံခွန်ကတော့ ဒီအရေးတော်ပုံကြီးစတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလို ပြည်သူတွေကိုလည်းရှေ့ကနေ ကာကွယ်စောင့်ရှောက်ပေးမှုတွေလည်းပြုလုပ်ခဲ့ပါသေးတယ်။ဒါ့အပြင်သူရဲ့ အကောင့်ကနေလည်း မြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကို ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့တာလည်းတွေ့ရပါတယ်။

ဒါ့ကြောင့်လည်း ပိုင်တံခွန်ဟာ မျိုးစုံခြိမ်းခြောက်ခံရမှုတွေရှိနေတာကြောင့် မိသားစုနဲ့ခွဲခွာကာ ရှောင်နေရတာလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်း နောက်မဆုတ်ဘဲဒီနေ့ဒီချိန်ထိ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။တစ်ခါတစ်ရံမှာလည်း ပြည်သူတွေစိတ်ခွန်အားဖြစ်စေမယ့်စာလေးတွေကိုလည်းရေးသားဖော်ပြလေ့ရှိပါတယ်။

အခုလည်းတော်လှန်ရေးကြီးနဲ့ပတ်သက်ပြီး လူငယ်တွေ စိတ်ခွန်အားဖြစ်စေမယ့် အကြောင်းအရာလေးကိုရေးသားဖော်ပြခဲ့ပြန်ပါတယ်။ ” အပ်ချည်မျှင်တပင်ကို ခွန်အားရှိသလောက် လက်နဲ့ ဆွဲဖြတ်ကြည့်ပါ …ပြတ်သွားမယ် အပ်ချည်မျှင်သေးသေးလေးတွေ သိန်းပေါင်းများစွာရစ်ပတ်ထားတဲ့ ကြိုးကို ခွန်အားရှိသလောက်ဆွဲဖြတ်ကြည့် ပြတ်ပါ့မလားလို့ … ဖြတ်ဖို့အတွက် ညဏ်လိုတယ် စည်းလုံးခြင်းဖြင့် ခိုင်ခံ့ပါစေ ညဏ်ဖြင့် ကျော်ဖြတ်နိုင်စေ”ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Paing Takhon