ျမန္မာနိုင္ငံမွာျဖစ္ေပၚေနတဲ့ လတ္တေလာအေျခအေနေတြနဲ႔ပတ္သတ္ၿပီး ေနရာအႏွံ့အျပားမွာ ျပည္သူေတြေကာ အႏုပညာရွင္မ်ားပါ လမ္းေပၚထြက္ ဆႏၵထုတ္ေဖာ္လ်က္ရွိတာေတြ႕ရပါတယ္။

ပုံစံမ်ိဳးစုံနဲ႔ ဆႏၵထုတ္ေဖာ္ေနၾကတဲ့ ျပည္သူေတြကို အႏုပညာရွင္မ်ားကလည္း တက္နိုင္သေလာက္ေရွ႕ကဦးေဆာင္ကာ ပါဝင္ကူညီရင္း အတူတကြ ရပ္တည္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

အခုလည္း ရန္ကုန္ၿမိဳ႕တစ္ေနရာမွာ ဂီတရပ္ဝန္းက အႏုပညာရွင္ေတြ စုေပါင္းၿပီး ဖမ္းဆီးခံထားရတဲ့ ေခါင္းေဆာင္မ်ားျပန္လည္လြတ္ေျမာက္ေရးနဲ႔ အာဏာရွင္စနစ္အလိုမရွိေၾကာင္းကို သီခ်င္းေတြဆိုရင္း ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ပုံေလးေတြကို ၾကည့္ရႈနိုင္ေစရန္ မၽွေဝေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Cele Gabar

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လတ်တလောအခြေအနေတွေနဲ့ပတ်သတ်ပြီး နေရာအနှံ့အပြားမှာ ပြည်သူတွေကော အနုပညာရှင်များပါ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်လျက်ရှိတာတွေ့ရပါတယ်။

ပုံစံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေကို အနုပညာရှင်များကလည်း တက်နိုင်သလောက်ရှေ့ကဦးဆောင်ကာ ပါဝင်ကူညီရင်း အတူတကွ ရပ်တည်ခဲ့ကြတာလည်းဖြစ်ပါတယ်။

အခုလည်း ရန်ကုန်မြို့တစ်နေရာမှာ ဂီတရပ်ဝန်းက အနုပညာရှင်တွေ စုပေါင်းပြီး ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်များပြန်လည်လွတ်မြောက်ရေးနဲ့ အာဏာရှင်စနစ်အလိုမရှိကြောင်းကို သီချင်းတွေဆိုရင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Cele Gabar