သ႐ုပ္ေဆာင္ ျမတ္နိုးေအးကေတာ့ ေဖေဖာ္ဝါရီလ အစကတည္းက ျဖစ္ေပၚခဲ့တဲ့ အေျခအေနေတြမွာ ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ခဲ့ၿပီး ဆိုရွယ္မီဒီယာထက္မွာလည္း Speak outလုပ္ေပးေနတဲ့ သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Facebook, Instagram, Twitter နဲ႔ Tiktok မွာလည္း လက္ရွိ အေျခအေနနဲ႔ ပတ္သတ္တာေတြကို အမ်ားျပည္သူသိရေအာင္ အျမဲလိုလို ေရးသားမၽွေဝေပးေလ့ရွိတာျဖစ္ ပါတယ္။

ဒီကေန႔မွာေတာ့ ျမတ္နိုးေအးက သူမကို ၅၀၅ က ပုဒ္မနဲ႔ တရားစြဲဆို ၿခိမ္းေျခာက္တာနဲ႔ပတ္သတ္ၿပီး Post တစ္ခုတင္ေပးလာ ခဲ့ပါတယ္။ ဒါကေတာ့ ျမတ္နိုးေအးက နဂိုတည္းက ေၾကာက္တတ္သူတစ္ေယာက္ျဖစ္ေပမယ့္လည္း အခုလို ကိုယ္တိုင္ၾကဳံေတြ႕ရတဲ့ အေျခအေနမ်ိဳးမွာ သူမ လုပ္ခဲ့တဲ့ လုပ္ရပ္ေတြနဲ႔ အမွန္ တရားဘက္က ရပ္တည္ခဲ့တဲ့အတြက္ လိပ္ျပာလုံၿပီး ဂုဏ္ယူမဆုံးျဖစ္ေနမိတယ္ဆိုတဲ့ အေၾကာင္းကို ေရးသားမၽွေဝထားတာပါ။

ျမတ္နိုးေအးက သူမရဲ့ Facebook Account ထက္မွာ ” နဂိုတည္းက ဘာမဆို ေၾကာက္တတ္တဲ့ ကၽြန္မ ကိုယ့္အလွည့္ေရာက္ လာရင္ ေတာ္ေတာ္ ေၾကာက္မိမယ္ ထင္ထားခဲ့သမၽွ တကယ့္တကယ္ ၾကဳံလာရတဲ့အခ်ိန္ အမွန္တရားဘက္မွာ ရပ္တည္ခဲ့တဲ့ ကိုယ့္လုပ္ရပ္ေတြကိုပဲ ဂုဏ္ယူမဆုံး ျဖစ္မိေနပါတယ္။ လိပ္ျပာလည္း လုံပါတယ္ မပါလာခဲ့ရင္ေတာင္ ဒီေလာက္လုပ္ထားရက္နဲ႔ကြာ..ဆိုၿပီး စိတ္ေကာက္မိမွာပါ ( ဤကား စကားခ်ပ္ ) စိတ္ခ်မ္းသာစရာေကာင္းမယ့္ အနာဂတ္မွာ အားလုံးတူတူ ျပန္ေတြ႕ၾကရမွာမို႔ အားလုံးလည္း ေဘးကင္းေအာင္ေနေပးၾကပါ။ စိတ္ပူ ေပးတဲ့ တစ္ေယာက္စီအတြက္ေက်းဇူးပါ။ ေဘးကင္းေအာင္ ရွင္သန္ပါ့မယ္ ” ဆိုတဲ့ စာသားေလးကို ေရးသားလာတာျဖစ္လို႔ ပရိသတ္ေတြထံ ကူးယူေဖာ္ျပေပးလိုက္ ပါတယ္။

Photo Credit – Myat Noe Aye – ျမတ္နိုးေအး ‘s Facebook Page
Credit…..

သရုပ်ဆောင် မြတ်နိုးအေးကတော့ ဖေဖော်ဝါရီလ အစကတည်းက ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့ပြီး ဆိုရှယ်မီဒီယာထက်မှာလည်း Speak outလုပ်ပေးနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Facebook, Instagram, Twitter နဲ့ Tiktok မှာလည်း လက်ရှိ အခြေအနေနဲ့ ပတ်သတ်တာတွေကို အများပြည်သူသိရအောင် အမြဲလိုလို ရေးသားမျှဝေပေးလေ့ရှိတာဖြစ် ပါတယ်။

ဒီကနေ့မှာတော့ မြတ်နိုးအေးက သူမကို ၅၀၅ က ပုဒ်မနဲ့ တရားစွဲဆို ခြိမ်းခြောက်တာနဲ့ပတ်သတ်ပြီး Post တစ်ခုတင်ပေးလာ ခဲ့ပါတယ်။ ဒါကတော့ မြတ်နိုးအေးက နဂိုတည်းက ကြောက်တတ်သူတစ်ယောက်ဖြစ်ပေမယ့်လည်း အခုလို ကိုယ်တိုင်ကြုံတွေ့ရတဲ့ အခြေအနေမျိုးမှာ သူမ လုပ်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ အမှန် တရားဘက်က ရပ်တည်ခဲ့တဲ့အတွက် လိပ်ပြာလုံပြီး ဂုဏ်ယူမဆုံးဖြစ်နေမိတယ်ဆိုတဲ့ အကြောင်းကို ရေးသားမျှဝေထားတာပါ။

မြတ်နိုးအေးက သူမရဲ့ Facebook Account ထက်မှာ ” နဂိုတည်းက ဘာမဆို ကြောက်တတ်တဲ့ ကျွန်မ ကိုယ့်အလှည့်ရောက် လာရင် တော်တော် ကြောက်မိမယ် ထင်ထားခဲ့သမျှ တကယ့်တကယ် ကြုံလာရတဲ့အချိန် အမှန်တရားဘက်မှာ ရပ်တည်ခဲ့တဲ့ ကိုယ့်လုပ်ရပ်တွေကိုပဲ ဂုဏ်ယူမဆုံး ဖြစ်မိနေပါတယ်။ လိပ်ပြာလည်း လုံပါတယ် မပါလာခဲ့ရင်တောင် ဒီလောက်လုပ်ထားရက်နဲ့ကွာ..ဆိုပြီး စိတ်ကောက်မိမှာပါ ( ဤကား စကားချပ် ) စိတ်ချမ်းသာစရာကောင်းမယ့် အနာဂတ်မှာ အားလုံးတူတူ ပြန်တွေ့ကြရမှာမို့ အားလုံးလည်း ဘေးကင်းအောင်နေပေးကြပါ။ စိတ်ပူ ပေးတဲ့ တစ်ယောက်စီအတွက်ကျေးဇူးပါ။ ဘေးကင်းအောင် ရှင်သန်ပါ့မယ် ” ဆိုတဲ့ စာသားလေးကို ရေးသားလာတာဖြစ်လို့ ပရိသတ်တွေထံ ကူးယူဖော်ပြပေးလိုက် ပါတယ်။

Photo Credit – Myat Noe Aye – မြတ်နိုးအေး ‘s Facebook Page
Credit…..