တ႐ုတ္သံ႐ုံးေရွ႕မွာ ေဟာ့ေပါ့ေတြထိုင္စားရင္း အသံတိတ္ထိုင္သပိတ္ ဆႏၵထုတ္ေဖာ္ခဲ့တဲ့ ျပည္သူ႔အခ်စ္ေတာ္ ပိုင္တံခြန္ကေတာ့ ခုခ်ိန္မွာဆိုရင္နိုင္ငံတကာမွာ ေအာင္ျမင္ေနတဲ့ ျမန္မာနိုင္ငံက အႏုပညာရွင္ဆိုရင္လဲ မမွားေတာ့ပါဘူးေနာ္…။

ျမန္မာနိုင္ငံက မိန္းကေလးေတြရဲ့ အသည္းေတြကိုသာမက ထိုင္းမေလးေတြနဲ႔ ကေမၻာဒီးယားမေလးေတြရဲ့ အသည္းႏွလုံးေတြကိုပါ ေႁခြခ်နိုင္သူလည္း ျဖစ္ပါတယ္။ ခုလိုျဖစ္ေနတဲ့ ျမန္မာနိုင္ငံေရးအေျခအေနမွာလည္း အႏုပညာအသိုင္းအဝိုင္းထဲမွာ ပထမဆုံးရဲရင့္စြာနဲ႔ ျပည္သူေတြဘက္ကေန ရင္ဆိုင္ခဲ့သူလည္း ျဖစ္ပါတယ္။

ပိုင္တံခြန္က ေဖာ္လိုဝါပါင္းမ်ားစြာရွိေနတဲ့ သူ႔ရဲ့လူမႈကြန္ယက္စာမ်က္ႏွာနဲ႔ တြစ္တာတို႔ကေန နိုင္ငံတကာသိေအာင္ သူ႔အစြမ္းအစနဲ႔ အစြမ္းကုန္ႀကိဳးစားေပးခဲ့တာေၾကာင့္ ပိုင္တံခြန္ရဲ့ ဓါတ္ပုံနဲ႔အတူ ျမန္မာနိုင္ငံက စစ္အာဏာရွင္က မတရားအာဏာသိမ္းလိုက္ပုံကိုလည္း တြဲရက္ေဖာ္ျပျခင္းခံရသူလည္း ျဖစ္ပါတယ္။

အာဏာသိမ္းၿပီး ၁၀ ရက္ေျမာက္ေန႔မွာ ထြက္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့တဲ့ ပိုင္တံခြန္ရဲ့ စတိုင္လ္မိမိုက္လွတဲ့ ပုံရိပ္ေတြကေတာ့ ထိုင္းမေလးေတြအတြက္ အသည္းစြဲစရာပုံရိပ္ေလးေတြ ျဖစ္ေနပါေတာ့တယ္။ ဒါ့အျပင္ ျပည္သူေတြအေနနဲ႔ လမ္းမေပၚတက္ၿပီး အသံတိတ္ဆႏၵထုတ္ေဖာ္ခဲ့တဲ့ရက္ေတြမွစၿပီး ခုခ်ိန္ထိ ျပည္သူေတြနဲ႔အတူ ရင္ဘတ္ခ်င္းထပ္တူၾကခဲ့သူ ျဖစ္ၿပီး ဒီေန႔မွာလည္း တ႐ုတ္သံ႐ုံးေရွ႕မွာ ေဟာ့ေပါ့ေတြစားေသာက္ၾကရင္းျပည္သူမ်ားနဲ႔အတူ ထိုင္သပိတ္ေမွာက္ခဲ့ၾကပါတယ္..။

ပိုင္တံခြန္ရဲ့ အာဏာရွင္ကို ဆန႔္က်င္တဲ့ပုံေတြေအာက္မွာေတာ့ ျပည္သူမ်ားက သေဘာေတြက်ေနၿပီး ခ်စ္စရာေကာမန႔္ေလးေတြကို ေရးသားထားၾကတာ ျဖစ္ပါတယ္။ပရိသတ္ေတြလည္း အျမဲဝန္းရံေနတဲ့ ပိုင္တံခြန္အတြက္ အားေပးစကားေလးေတြ ေရးသြားေပးၾကပါအုံးေနာ္…။

Source: Paing Takhon

တရုတ်သံရုံးရှေ့မှာ ဟော့ပေါ့တွေထိုင်စားရင်း အသံတိတ်ထိုင်သပိတ် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူ့အချစ်တော် ပိုင်တံခွန်ကတော့ ခုချိန်မှာဆိုရင်နိုင်ငံတကာမှာ အောင်မြင်နေတဲ့ မြန်မာနိုင်ငံက အနုပညာရှင်ဆိုရင်လဲ မမှားတော့ပါဘူးနော်…။

မြန်မာနိုင်ငံက မိန်းကလေးတွေရဲ့ အသည်းတွေကိုသာမက ထိုင်းမလေးတွေနဲ့ ကမ္ဘောဒီးယားမလေးတွေရဲ့ အသည်းနှလုံးတွေကိုပါ ခြွေချနိုင်သူလည်း ဖြစ်ပါတယ်။ ခုလိုဖြစ်နေတဲ့ မြန်မာနိုင်ငံရေးအခြေအနေမှာလည်း အနုပညာအသိုင်းအဝိုင်းထဲမှာ ပထမဆုံးရဲရင့်စွာနဲ့ ပြည်သူတွေဘက်ကနေ ရင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ပိုင်တံခွန်က ဖော်လိုဝါပါင်းများစွာရှိနေတဲ့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာနဲ့ တွစ်တာတို့ကနေ နိုင်ငံတကာသိအောင် သူ့အစွမ်းအစနဲ့ အစွမ်းကုန်ကြိုးစားပေးခဲ့တာကြောင့် ပိုင်တံခွန်ရဲ့ ဓါတ်ပုံနဲ့အတူ မြန်မာနိုင်ငံက စစ်အာဏာရှင်က မတရားအာဏာသိမ်းလိုက်ပုံကိုလည်း တွဲရက်ဖော်ပြခြင်းခံရသူလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီး ၁၀ ရက်မြောက်နေ့မှာ ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပိုင်တံခွန်ရဲ့ စတိုင်လ်မိမိုက်လှတဲ့ ပုံရိပ်တွေကတော့ ထိုင်းမလေးတွေအတွက် အသည်းစွဲစရာပုံရိပ်လေးတွေ ဖြစ်နေပါတော့တယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ လမ်းမပေါ်တက်ပြီး အသံတိတ်ဆန္ဒထုတ်ဖော်ခဲ့တဲ့ရက်တွေမှစပြီး ခုချိန်ထိ ပြည်သူတွေနဲ့အတူ ရင်ဘတ်ချင်းထပ်တူကြခဲ့သူ ဖြစ်ပြီး ဒီနေ့မှာလည်း တရုတ်သံရုံးရှေ့မှာ ဟော့ပေါ့တွေစားသောက်ကြရင်းပြည်သူများနဲ့အတူ ထိုင်သပိတ်မှောက်ခဲ့ကြပါတယ်..။

ပိုင်တံခွန်ရဲ့ အာဏာရှင်ကို ဆန့်ကျင်တဲ့ပုံတွေအောက်မှာတော့ ပြည်သူများက သဘောတွေကျနေပြီး ချစ်စရာကောမန့်လေးတွေကို ရေးသားထားကြတာ ဖြစ်ပါတယ်။ပရိသတ်တွေလည်း အမြဲဝန်းရံနေတဲ့ ပိုင်တံခွန်အတွက် အားပေးစကားလေးတွေ ရေးသွားပေးကြပါအုံးနော်…။

Source: Paing Takhon