


Credit– Cele Zone
Photo – Khay Sett Thwin

ပရိတ်သတ်ကြီးရေ ခေးဆက်သွင်ကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်ယောက်ပါပဲနော်။

ကျရာနေရာမှာ အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေတဲ့ သူမကတော့ ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးလျက်ရှိနေပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ သူမကတော့ ကြော်ငြာတွေများစွာ ရိုက်ကူးနေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။

လတ်တလောမှာလည်း ခေးဆက်သွင်က မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူရပ်တည်ကာ နေ့စဉ်နဲ့အမျှ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။အခုလည်း ရှေ့ကနေဦးဆောင်ကာ ရဲရဲဝင့်ဝင့်ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့တဲ့ ပုံလေးတွေကို” သွေးအေးသွားရင် ဘယ်တော့မှ ခွင့်မလွတ်ကြေး” ဆိုတဲ့စာလေးနဲ့အတူဖော်ပြထားတာဖြစ်ပါတယ်။

Credit– Cele Zone
Photo – Khay Sett Thwin

Leave a Comment

Your email address will not be published. Required fields are marked *