



ပရိသတ်တွေချစ်ခင်အားပေးရတဲ့ မင်းသမီးချောလေးခိုင်သင်းကြည်ကတော့အရွယ်နဲ့ မလိုက်အောင်နုပျိုပြီး လှပနေသူတစ်ယောက်ပါ။ သူဟာအနုပညာလောကမှာ ဆယ်စုနှစ်များစွာ တိုင်ရပ်တည်အောင်မြင်နေတာဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုလည်းပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ဝါရင့် မင်းသမီးချောကြီးတစ်ယောက်ဖြစ်တဲ့အပြင်သမီးလေး စံထိပ်ထားဦးကိုလည်းပိုင်ဆိုင်ထားကာ ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း တည်ထောင်ထားတာဖြစ်ပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့အခြေအနေတွေ ကြောင့်ပြည်သူ ပရိသတ်တွေနဲ့ အတူအနုပညာရှင်တွေကလည်း လှုပ်ရှားမှုတွေမှာအားတက်သရောပူးပေါင်းပါဝင်နေကြတာ ဖြစ်ပြီးခိုင်သင်းကြည်တို့သားအမိနှစ်ယောက်ကလည်းတက်ကြွစွာနဲ့ပါဝင်နေတာဖြစ်ပါတယ်။ အရှိန်အဟုန်ကောင်းစွာနဲ့လုပ်ဆောင်နေကြတဲ့လူထုလှုပ်ရှားမှုတွေဟာ ဆိုရင်နေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာကို လည်းတွေ့ရပါတယ်နော်။

အခုဆိုရင်လည်းခိုင်သင်းကြည်တို့ သားအမိနှစ်ယောက်ဟာ တက်ကြွစွာလူထု လှုပ်ရှားမှုတွေကို ဆူးလေမှာသွားရောက်ပူးပေါင်းခဲ့ကြတာဖြစ်ပြီးစံထိပ်ထားဦး ဟာလည်းသူမရဲ့Facebookစာမျက်နှာမှာကျွန်မတို့ဟာလူငယ်တွေပါ ကျွန်မတို့မှာအနာဂတ်ရှိတယ်ဆိုပြီးရေးသားကာ တင်ပေးလာခဲ့တာဖြစ်ပါတယ်။ ကဲပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက် ပါတယ်နော်။

Credit original writer