ခုဆိုရင္ အႏုပညာနယ္ပယ္အသီးသီးမွာ ေအာင္ျမင္မႈေတြအခိုင္အမာနဲ႔ ရပ္တည္ေနၾကတဲ့ အႏုပညာရွင္ေတြဟာ လတ္တေလာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူေတြနဲ႔အတူ ေန႔စဥ္နဲ႔အမၽွ အားမေလ်ာ့ဘဲ ရပ္တည္ကာ တစ္ေထာင့္တစ္ေနရာကေန ပါဝင္လ်က္ ရွိေနတာကို အားလုံးျမင္ေတြ႕ရမွာပါေနာ္။

ျပည္သူပရိသတ္ေတြအားလုံးရဲ့ဆႏၵနဲ႔အတူ ထပ္တူၾကၿပီး သူတို႔ရဲ့ ရည္မွန္းခ်က္ပန္းတိုင္ေတြအတြက္ တတ္နိုင္ တဲ့ဘက္ကေန ရဲရဲဝင့္ဝင့္ ပါဝင္အားျဖည့္ေနၾကတဲ့ အႏုပညာရွင္ေတြကိုေတာ့ ပရိသတ္ေတြကလည္းေလးစားခ်စ္ခင္ေနၾကတာလည္းျဖစ္ ပါတယ္။

အခုလည္း ေမပန္းခ်ီနဲ႔ခရစၥတီးနားတို႔ႏွစ္ေယာက္ဟာ ဖမ္းဆီးခံေခါင္းေဆာင္ မ်ားျပန္လည္လြတ္ေျမာက္ေရးအတြက္ျမန္မာပလာဇာေရွ႕မွာ ဆိုင္းဘုတ္ကိုင္ေဆာင္ရင္း ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။ ပုံေလးေတြၾကည့္ၿပီး ဂုဏ္ယူေလးစားမိတာေၾကာင့္ ျပန္လည္ေဝမၽွေပး လိုက္ပါတယ္။

Credit– Cele Zone
Photo – Cele Gabar

ခုဆိုရင် အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ ရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လျက် ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။

ပြည်သူပရိသတ်တွေအားလုံးရဲ့ဆန္ဒနဲ့အတူ ထပ်တူကြပြီး သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေအတွက် တတ်နိုင် တဲ့ဘက်ကနေ ရဲရဲဝင့်ဝင့် ပါဝင်အားဖြည့်နေကြတဲ့ အနုပညာရှင်တွေကိုတော့ ပရိသတ်တွေကလည်းလေးစားချစ်ခင်နေကြတာလည်းဖြစ် ပါတယ်။

အခုလည်း မေပန်းချီနဲ့ခရစ္စတီးနားတို့နှစ်ယောက်ဟာ ဖမ်းဆီးခံခေါင်းဆောင် များပြန်လည်လွတ်မြောက်ရေးအတွက်မြန်မာပလာဇာရှေ့မှာ ဆိုင်းဘုတ်ကိုင်ဆောင်ရင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ပုံလေးတွေကြည့်ပြီး ဂုဏ်ယူလေးစားမိတာကြောင့် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။

Credit– Cele Zone
Photo – Cele Gabar