ျပည္သူေတြနဲ႔ မ်ိဳးဆက္သစ္လူ ငယ္ေတြက အားႀကိဳးမာန္တက္ျဖင့္ အမွန္တရားကိုလိုလားၾကတဲ့ လူထုလႈပ္ရွားမႈေတြထဲမွာ အႏုပညာရွင္မ်ားစြာကလည္း ပူေပါင္းပါဝင္ၿပီး ရပ္တည္ေပးခဲ့ၾကပါတယ္။ လူငယ္ေတြနဲ႔ ပူးေပါင္းပါဝင္လႈပ္ရွားၾကတဲ့ အႏုပညာရွင္ေတြထဲမွာ ေမာ္လ္ဒယ္သ႐ုပ္ေဆာင္ ခါရာက တက္တက္ႂကြႂကြ ပါဝင္တာ ေတြ႕ရပါတယ္။ တိုင္းျပည္ရဲ႕ အနာဂတ္လွပေအာင္ တာဝန္သိျပည္သူတစ္ေယာက္အေနနဲ႔ ေအာင္ျမင္ေက်ာ္ၾကားမႈေတြကို ေဘးခ်ိတ္ထားၿပီး လူထုလႈပ္ရွားမႈေတြလည္း ေန႔စဥ္ဆိုသလို တစ္သားတည္း ပါဝင္ လႈပ္ရွားခဲ့ပါတယ္။

ဒါ့အျပင္ ခါရာက တရားမွ်တတဲ့ အနာဂတ္အခြင့္အေရးေတြကို အျမန္ဆုံးရရွိေအာင္ ႏိုင္ငံ့ဝန္ထမ္းမ်ားကို လူထုလႈပ္ရွားမႈေတြမွာ တက္ႂကြစြာနဲ႔ ပိုမိုပါဝင္ေပးၾကဖို႔ ေျမျပင္နဲ႔ လူမႈကြန္ယက္စာမ်က္ႏွာေတြေပၚမွာ ေတာင္းဆိုထားတာလည္း ေတြ႕ရပါတယ္။လတ္တေလာ လူထုလႈပ္ရွားမႈေတြမွာပါဝင္ရင္း လူငယ္ေတြေႂကြလြင့္ေနရတာနဲ႔ ပတ္သက္ၿပီး ေနာက္ထပ္ေသြးေျမမက်ရေအာင္ ခါရာက သူ႔ရဲ႕ လူမႈကြန္ယက္မွာျပည္သူေတြကို ေျပာျပလာခဲ့ပါတယ္။ ” ကြၽန္ေတာ္တို႔ျပည္သူေတြ ေသြးေျမက်တာေတြမ်ားေနၿပီ ထပ္ၿပီးေတာ့ မဆုံးရႈံး သင့္ေတာ့ဘူး ……

ပန္းတိုင္ကနီးေနၿပီဗ် အေရးယူဖို႔လည္း အဖြဲ႕စည္းေတြက လုပ္ေနၾကၿပီ CRPH ကိုအသိမွတ္ျပဳဖို႔လည္း သက္ဆိုင္ရာေတြက လႈပ္ရွားေနၾကၿပီ ေတာ္ေတာ္လည္းခရီးေရာက္ေနၿပီ ဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ ျပည္သူေတြပိုၿပီး သည္းခံရမယ္ထင္တယ္ဗ် အခ်ိန္တစ္ခုေတာ့ သည္းခံၿပီး ေစာင့္ရမယ္ထင္တယ္ ထိပ္တိုက္ (လုံးဝ) မေတြ႕သင့္ေတာ့ဘူး ….သူတို႔လာတာနဲ႔ အေျခေနၾ ကည့္ၿပီး ေရွာင္ေနတာ ပိုေကာင္းမယ္ထင္ပါတယ္….

သူတို႔ေတြ မလာေသးရင္ဆက္ၿပီး ဆႏၵထုတ္ေဖာ္ၾကမယ္…. international attention ကလည္း အေရးႀကီးတယ္ဆိုေပမဲ့ ကြၽန္ေတာ္တို႔ျပည္သူေတြရဲ႕ တန္ဖိုးရွိတဲ့ အသက္ေသြးေတြက ပိုေရးႀကီးတယ္ဗ် အေရးေတာ္ပုံ မုခ်ေအာင္ရမည္ ” ဆိုၿပီး ေရးသားေဖာ္ျပထားပါတယ္။ ကဲ..ခါရာရဲ႕ ေရးသားေဖာ္ျပလာတာနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြရဲ႕ အျမင္ေလး ကိုလည္း ေျပာျပေပးပါဦး။

Credit…..

ပြည်သူတွေနဲ့ မျိုးဆက်သစ်လူ ငယ်တွေက အားကြိုးမာန်တက်ဖြင့် အမှန်တရားကိုလိုလားကြတဲ့ လူထုလှုပ်ရှားမှုတွေထဲမှာ အနုပညာရှင်များစွာကလည်း ပူပေါင်းပါဝင်ပြီး ရပ်တည်ပေးခဲ့ကြပါတယ်။ လူငယ်တွေနဲ့ ပူးပေါင်းပါဝင်လှုပ်ရှားကြတဲ့ အနုပညာရှင်တွေထဲမှာ မော်လ်ဒယ်သရုပ်ဆောင် ခါရာက တက်တက်ကြွကြွ ပါဝင်တာ တွေ့ရပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ အောင်မြင်ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး လူထုလှုပ်ရှားမှုတွေလည်း နေ့စဉ်ဆိုသလို တစ်သားတည်း ပါဝင် လှုပ်ရှားခဲ့ပါတယ်။

ဒါ့အပြင် ခါရာက တရားမျှတတဲ့ အနာဂတ်အခွင့်အရေးတွေကို အမြန်ဆုံးရရှိအောင် နိုင်ငံ့ဝန်ထမ်းများကို လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာနဲ့ ပိုမိုပါဝင်ပေးကြဖို့ မြေပြင်နဲ့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ တောင်းဆိုထားတာလည်း တွေ့ရပါတယ်။လတ်တလော လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း လူငယ်တွေကြွေလွင့်နေရတာနဲ့ ပတ်သက်ပြီး နောက်ထပ်သွေးမြေမကျရအောင် ခါရာက သူ့ရဲ့ လူမှုကွန်ယက်မှာပြည်သူတွေကို ပြောပြလာခဲ့ပါတယ်။ ” ကျွန်တော်တို့ပြည်သူတွေ သွေးမြေကျတာတွေများနေပြီ ထပ်ပြီးတော့ မဆုံးရှုံး သင့်တော့ဘူး ……

ပန်းတိုင်ကနီးနေပြီဗျ အရေးယူဖို့လည်း အဖွဲ့စည်းတွေက လုပ်နေကြပြီ CRPH ကိုအသိမှတ်ပြုဖို့လည်း သက်ဆိုင်ရာတွေက လှုပ်ရှားနေကြပြီ တော်တော်လည်းခရီးရောက်နေပြီ ဒီအချိန်မှာ ကျွန်တော်တို့ ပြည်သူတွေပိုပြီး သည်းခံရမယ်ထင်တယ်ဗျ အချိန်တစ်ခုတော့ သည်းခံပြီး စောင့်ရမယ်ထင်တယ် ထိပ်တိုက် (လုံးဝ) မတွေ့သင့်တော့ဘူး ….သူတို့လာတာနဲ့ အခြေနြေ ကည့်ပြီး ရှောင်နေတာ ပိုကောင်းမယ်ထင်ပါတယ်….

သူတို့တွေ မလာသေးရင်ဆက်ပြီး ဆန္ဒထုတ်ဖော်ကြမယ်…. international attention ကလည်း အရေးကြီးတယ်ဆိုပေမဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ တန်ဖိုးရှိတဲ့ အသက်သွေးတွေက ပိုရေးကြီးတယ်ဗျ အရေးတော်ပုံ မုချအောင်ရမည် ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ..ခါရာရဲ့ ရေးသားဖော်ပြလာတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ အမြင်လေး ကိုလည်း ပြောပြပေးပါဦး။

Credit…..

Leave a Comment

Your email address will not be published. Required fields are marked *