


Credit – Cele Zone
Photo – Ayar Wady Lumin

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ချိန်က နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီး လူမင်းကိုတော့ပရိသတ်ကြီး ခုချိန်ထိ အားပေးချစ်ခင်နေအုံးမယ်ထင်ပါတယ်။လူမင်းကို ပရိသတ်တွေက ချစ်စနိုးနဲ့ အန်ကယ်လေးလို့ လည်းခေါ်ကြတာတွေ့ရပါတယ်။

အန်ကယ်လေးကတော့ ခုရက်ပိုင်းမှာဆိုရင် လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူရှိကာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။နေ့စဉ်တိုင်းလိုလို ဆန္ဒထုတ်ဖော်မှုတွေကိုလက်မလျော့ဘဲ တက်ကြွစွာ မျိုးစုံလှုပ်ရှားနေတာဖြစ်ပါတယ်။

အခုလည်း အရေးတော်ပုံအောင်နိုင်ရေးနဲ့ CDM မှပါဝင်ကြရေးအတွက် ပြည်သူလူထုကို သူကိုယ်တိုင်ရှေ့ကဦးဆောင်ကာ သံပြိုင်သီချင်းတွေဆိုရင်း ဆန္ဒထုတ်ဖော်နေတဲ့ ဗီဒီယိုလေးကိုဝေမျှခဲ့တာဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Ayar Wady Lumin