ပရိသတ္ႀကီးေရ.. ဇာတ္ကားေတာ္ေတာ္မ်ားမ်ား ရိုက္ကူးထားၿပီး ပရိသတ္ေတြရဲ့ အားေပးမႈေတြကို အခိုင္မာရရွိထားတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ဒါရိုက္တာ မင္းညီကေတာ့ လက္ရွိအေျခအေနေတြမွာ ျပည္သူေတြနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္..။မင္းညီကေတာ့ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ၾကပ္တည္းခက္ခဲေနၾကတဲ့ အခုလိုအခ်ိန္ေတြမွာ မိတ္ေဆြေကာင္းပီသစြာနဲ႔ စားေသာက္ကုန္နဲ႔ ေငြေၾကးအခ်ိဳ႕ကို ေဖးမကူညီခဲ့တဲ့ သ႐ုပ္ေဆာင္ေနဆန္းတို႔ ဇနီးေမာင္ႏွံအေၾကာင္း ေျပာျပလာပါတယ္..။

(၁၄)ႀကိမ္ေျမာက္ မဂၤလာႏွစ္ပတ္လည္အထိမ္းအမွတ္အျဖစ္ ဆန္နဲ႔ ေငြေၾကးကို အိမ္တိုင္ရာေရာက္ပို႔ေဆာင္ေပးခဲ့ၾကတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ မိသားစုအတြက္မ်ားစြာ အေထာက္အပံ့ျဖစ္ခဲ့တဲ့အေၾကာင္းကိုလည္း မင္းညီက ေျပာျပထားတာ ျဖစ္ပါတယ္..။ႏွစ္ပတ္လည္ေန႔ေလးမွာ မိတ္ေဆြေကာင္းပီသစြာနဲ႔ ထိထိေရာက္ေရာက္ ကုသိုလ္ယူခဲ့ၾကတဲ့ ေနဆန္းတို႔ဇနီးေမာင္ႏွံရဲ့အလႉကို ဝမ္းသာအားရသာဓုေခၚသလို ဆုေတာင္းစကားေတြလည္း ေျပာေပးထားတာ ေတြ႕ရပါတယ္..။

“အခုလို ၾကပ္တည္းေနတဲ့ကာလမွာ မနက္ေစာေစာ အိမ္တိုင္ယာေရာက္ (14)ႏွစ္ေျမာက္မဂၤလာႏွစ္ပတ္လည္ အထိမ္းအမွတ္ အေနျဖင့္ ကိုေနဆန္းနဲ႔မေခ်ာစုမိသားစုတို႔ရဲ့ ဆန္တအိတ္ ေငြက်ပ္တသိန္း ကူညီေထာက္ပံ့ လႈဒါန္းမႈက က်ေတာ္တို႔မိသားစုအတြက္ အေတာ္ေလးကို အေထာက္အပံ့ျဖစ္ေစပါတယ္ခင္ဗ်ာ…။စားေသာက္ေပ်ာ္ပါးၿပီး ကုန္က်သြားမယ့္အစား လက္ေတြ႕က်က် အက်ိဳးရွိရွိ မိတ္ေဆြေတြကို ထိထိေရာက္ေရာက္ လႈဒါန္းမႈ စိတ္ကူးေလးကိုလဲ သေဘာက် အတုယူ အားက်မိပါတယ္…။

ေနာင္လဲခုထက္ပိုမိုသာလြန္ေကာင္းမြန္ျမင့္ျမတ္တဲ့ ကုသိုလ္တရားမ်ား ဆက္လက္ျပဳလုပ္နိူင္ပါေစ….။ယေန႔ ျပဳလုပ္ရေသာကုသိုလ္ အဖို႔ဘာဂေၾကာင့္ ကိုေနဆန္း + မေခ်ာစု မိသားစုမ်ားအားလုံး အသက္ရွည္ျခင္း အဆင္းလွျခင္း ခ်မ္းသာ ႀကီးျခင္း ခြန္အားႀကီး ျခင္း ဉာဏ္ပညာႀကီးျခင္း ဘုန္းတံခိုးအာႏုေဘာ္ႀကီးျခင္းတည္းဟူေသာ အက်ိဳးကိုလက္ငင္းရ၍…ဒီဘဝ ဒီခႏၶာ မွာပင္ နိဗၺာန္သို႔မ်က္ေမွာက္ျပဳရာ မဂ္တရား ဖိုလ္တရားမ်ား တရားထူးတရားျမတ္မ်ားရရွိ စံစားနိုင္ပါေစ…။

ယေန႔ျပဳသမၽွ ကုသိုလ္အားလုံး…သံသရာအတြက္ အေထာက္အပံ့ ျဖစ္ပါေစ…လို႔..ေလးေလးနက္နက္…တိုင္တည္ ဆုေတာင္းေပးလိုက္ပါတယ္…အလႈရွငမိသားစုမွပို႔သေသာ ေမတၱာမ်ားကိုလည္း ခံယူပါတယ္..ထပ္တူ ရ ရ ပါလို၏….သာဓု သာဓု သာဓု….မင္းညီ (ရင္ႏွင့္ရင္းသည္)26.3.2021..” ဆိုၿပီး မင္းညီက ဆုေတာင္းစကားေလးနဲ႔အတူ ေက်းဇူးတင္ေၾကာင္း ေရးသားေျပာျပထားတာပါ..။

Source: Min Nyi’s Fb Acc
Credit; MMLoad

ပရိသတ်ကြီးရေ.. ဇာတ်ကားတော်တော်များများ ရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်မာရရှိထားတဲ့ ဇာတ်ပို့သရုပ်ဆောင်ဒါရိုက်တာ မင်းညီကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။မင်းညီကတော့ အခြေအနေအမျိုးမျိုးကြောင့် ကြပ်တည်းခက်ခဲနေကြတဲ့ အခုလိုအချိန်တွေမှာ မိတ်ဆွေကောင်းပီသစွာနဲ့ စားသောက်ကုန်နဲ့ ငွေကြေးအချို့ကို ဖေးမကူညီခဲ့တဲ့ သရုပ်ဆောင်နေဆန်းတို့ ဇနီးမောင်နှံအကြောင်း ပြောပြလာပါတယ်..။

(၁၄)ကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဆန်နဲ့ ငွေကြေးကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်မှာ မိသားစုအတွက်များစွာ အထောက်အပံ့ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း မင်းညီက ပြောပြထားတာ ဖြစ်ပါတယ်..။နှစ်ပတ်လည်နေ့လေးမှာ မိတ်ဆွေကောင်းပီသစွာနဲ့ ထိထိရောက်ရောက် ကုသိုလ်ယူခဲ့ကြတဲ့ နေဆန်းတို့ဇနီးမောင်နှံရဲ့အလှူကို ဝမ်းသာအားရသာဓုခေါ်သလို ဆုတောင်းစကားတွေလည်း ပြောပေးထားတာ တွေ့ရပါတယ်..။

“အခုလို ကြပ်တည်းနေတဲ့ကာလမှာ မနက်စောစော အိမ်တိုင်ယာရောက် (14)နှစ်မြောက်မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ် အနေဖြင့် ကိုနေဆန်းနဲ့မချောစုမိသားစုတို့ရဲ့ ဆန်တအိတ် ငွေကျပ်တသိန်း ကူညီထောက်ပံ့ လှုဒါန်းမှုက ကျတော်တို့မိသားစုအတွက် အတော်လေးကို အထောက်အပံ့ဖြစ်စေပါတယ်ခင်ဗျာ…။စားသောက်ပျော်ပါးပြီး ကုန်ကျသွားမယ့်အစား လက်တွေ့ကျကျ အကျိုးရှိရှိ မိတ်ဆွေတွေကို ထိထိရောက်ရောက် လှုဒါန်းမှု စိတ်ကူးလေးကိုလဲ သဘောကျ အတုယူ အားကျမိပါတယ်…။

နောင်လဲခုထက်ပိုမိုသာလွန်ကောင်းမွန်မြင့်မြတ်တဲ့ ကုသိုလ်တရားများ ဆက်လက်ပြုလုပ်နိူင်ပါစေ….။ယနေ့ ပြုလုပ်ရသောကုသိုလ် အဖို့ဘာဂကြောင့် ကိုနေဆန်း + မချောစု မိသားစုများအားလုံး အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာ ကြီးခြင်း ခွန်အားကြီး ခြင်း ဉာဏ်ပညာကြီးခြင်း ဘုန်းတံခိုးအာနုဘော်ကြီးခြင်းတည်းဟူသော အကျိုးကိုလက်ငင်းရ၍…ဒီဘဝ ဒီခန္ဓာ မှာပင် နိဗ္ဗာန်သို့မျက်မှောက်ပြုရာ မဂ်တရား ဖိုလ်တရားများ တရားထူးတရားမြတ်များရရှိ စံစားနိုင်ပါစေ…။

ယနေ့ပြုသမျှ ကုသိုလ်အားလုံး…သံသရာအတွက် အထောက်အပံ့ ဖြစ်ပါစေ…လို့..လေးလေးနက်နက်…တိုင်တည် ဆုတောင်းပေးလိုက်ပါတယ်…အလှုရှငမိသားစုမှပို့သသော မေတ္တာများကိုလည်း ခံယူပါတယ်..ထပ်တူ ရ ရ ပါလို၏….သာဓု သာဓု သာဓု….မင်းညီ (ရင်နှင့်ရင်းသည်)26.3.2021..” ဆိုပြီး မင်းညီက ဆုတောင်းစကားလေးနဲ့အတူ ကျေးဇူးတင်ကြောင်း ရေးသားပြောပြထားတာပါ..။

Source: Min Nyi’s Fb Acc
Credit; MMLoad

Leave a Comment

Your email address will not be published. Required fields are marked *