သွားဆရာဝန်တစ်ယောက်ဖြစ်တဲ့ အဆိုတော် ကျားပေါက်ကတော့ အနုပညာရှင်တစ်ယောက်အဖြစ် သူ့ရဲ့ဘဝကို နှစ်မြှပ်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ကျားပေါက်က အနုပညာအလုပ်တွေကို လုံးဝရပ်နားထားပြီး ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျားပေါက်က အပြစ်မရှိတဲ့ ပြည်သူကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ချိန်းခြောက်နေတဲ့ ပြည်သူ့ရဲအပေါ် ဝေဖန်ရှုံ့ချလာတာကို အခုလိုပဲ တွေ့ရပါတယ်။

ကျားပေါက်က “မနေ့က ဒီပုံထဲကအကို ကို အားရပါးရရိုက်နေ လက်ညှိုးငေါက်ငေါက်ထိုးပြီးချိန်းခြောက်နေတဲ့ ပြည်သူ့ရဲဆိုတဲ့ ဘဲရေ။ ခင်ဗျားအရမ်းကျေနပ်နေမှာပေါ့။ ဘာလက်နက်မှမပါတဲ့ လူကို လက်နက်ပေါင်းစုံနဲ့ ခင်ဗျားလို လူတအုပ်ကြီးကဝိုင်းသမကြတော့ အနိုင်ကျင့်ခံရတဲ့လူဟာကြောက်ရှာမှာပေါ့။ အဲ့ဒီကြောက်နေ လန့်နေတဲ့လူရဲ့မျက်နှာ ခင်ဗျားမျက်စိထဲကမထွက်ဘူးမဟုတ်လား။ ငါ့ကိုကြောက်နေကြရပြီဆိုပြီး ခင်ဗျားအရမ်းနေလို့ထိုင်လို့ကောင်းနေမှာ ကျနော်သိတယ်။ “နိုင်ငံအတွက်” ဆိုတဲ့ ခင်ဗျားနဲနဲလေးမှတွန့်ဆုတ်စရာမလိုတဲ့ အကာအကွယ်ကြီးထဲမှာနေပြီး ခင်ဗျားတခါမှမသိဖူး မမြင်ဖူးတဲ့လူတွေကို နားရင်းရိုက်ရတာ ခြေထောက်နဲ့ကန်ရတာ စိတ်ပါရင်ပစ်သတ်လိုက်လို့ရတာ တာဝန်ကျေပွန် တဲ့ ရဲတယောက်လို့တောင် ခင်ဗျားကိုယ်ခင်ဗျားထင်နေလောက်တာပေါ့။ ”

“အမှန်တော့နိုင်ငံအတွက်ဆိုတဲ့ guilt-free mindset ရဲ့နောက်ကွယ်မှာ ဒီထက်အများကြီးပိုတဲ့ အကြောင်းအရာတွေခင်ဗျားဖွက်ထားသေးတာကျနော်တို့သိတယ်။ ဥပမာ ငယ်ငယ်က အတန်းထဲမှာစာအညံ့ဆုံး သုံးစားမရတဲ့ကျောင်းသားဖြစ်ခဲ့ရခြင်းတွေ ဘယ်အမျိုး ဘယ်သူငယ်ချင်း ဘယ်စော် ကမှ အဖက်မလုပ်ခဲ့ကြခြင်းတွေ စာကိုနပ်မှန်အောင်မဖတ် အဟာရပြည့်အောင်အစာမစားခဲ့ရတာတွေ ကမ္ဘာ့အသေးဆုံး penis ကိုပိုင်ဆိုင်ထားရခြင်းတွေ ကိုယ်မွေးထားတဲ့ကလေးတွေလဲ ကိုယ့်လို ဉာဏ်စဉ်မမီတာတွေချည်းထွက်လာလို့ frustrated ဖြစ်ရခြင်းတွေ အထက်လူကြီးက ဖင်ချနေပေမယ့် ကြောက်ရလွန်းအားကြီးလို့ဘာမှပြန်မပြောခဲ့ရခြင်းတွေ အဲ့တာတွေအားလုံးခင်ဗျား တာဝန်ဆိုတဲ့စကားအားကိုးနဲ့ အပြစ်မရှိတဲ့လူအပေါ်သွန်ချခဲ့တယ်မဟုတ်လား။ ပြီးတော့ super hero ကြီးတယောက်လို အိမ်က ကုလားထိုင်မှာထိုင်ပြီး ကြောက်ကြောက်နဲ့ခင်ဗျားကိုကြည့်ကြတဲ့ မျက်လုံးတွေကို မြိန်ရေရှက်ရေထိုင် ရေတွက်နေတယ်မလား။”

“ကောင်းပါတယ်ဟျောင်ရေ။ အဲ့လိုပဲကိုယ်လုပ်တဲ့အလုပ်ကိုနဲနဲမှ ပြန်မစမ်းစစ်ပဲ တာဝန်ကျေသူတယောက်အဖြစ် ဇွတ်ခံယူထားလိုက်။ ကိုယ့်ကိုယ်ကိုဘွဲ့ထူးဂုဏ်ထူးတွေပေးပြီး အိပ်ပျော်အောင်အိပ်လိုက်။ ဉာဏ်အလင်းမပွင့်သွားဖို့ဆုသာနာနာတောင်းလိုက်။ ဘာလို့လဲဆိုတော့မင်းဒီထပ်နဲနဲလေးပိုတွေးတတ်သွားတာနဲ့ မင်းစိတ်ဟာမင်းကိုတောက်လျှောက်သတ်တော့မှာမို့လို့ပဲ။မင်းမဟုတ်တာလုပ်ထားတာတွေကိုပြန်တွေးမိရင်မင်းမခံနိုင်မှန်းသိလို့ မင်းအုံးနှောက်ကမင်းကို ခဏ ညာပေးထားတာ။ တချိန်မင်းသိပ်ပင်ပန်းလာရင် အဲ့ဒီ firewall ကြီးပြိုပြီး မင်းတဖြည်းဖြည်းရှက်လာလိမ့်မယ်။ စ ရှက်ပြီဆိုတာနဲ့မရပ်တော့ဘူး။ နေ့ရောညရော အားတိုင်းမင်းရှက်နေရတော့မှာ။ သေသွားတဲ့နေ့အထိ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာတာပဲ ဖြစ်ပါတယ်။

ကျားပေါက်ကတော့ အပြစ်မရှိတဲ့ ပြည်သူကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ချိန်းခြောက်နေတဲ့ ပြည်သူ့ရဲအပေါ် ဝေဖန်ရှုံ့ချလိုက်တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Han Htue Lwin’s fb
Credit – Cele Connections