


Credit…..

ပရိတ်သတ်ကြီးရေ အခုချိန်မှာဆိုရင် အဆိုတော်တွေ အနုပညာရှင်‌တွေဟာ ပြည်သူ‌တွေ နဲ့အတူ ရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေအပြင် တခြား တက်နိုင်ရာ အသီးသီးမှာပါဝင်လှုပ်ရှားလျက်ရှိတာကိုတွေ့ရှိကြရမှာပါ။ အဲ့ထဲမှာမှ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ကျားပေါက်ဟာဆိုရင်လဲ ပြည်သူတွေနဲအတူ ရပ်တည်တဲ့ သူတွေထဲကတစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ အခုအချိန်‌မှာလဲ အဆိုတော် ကျားပေါက်ဟာ လူထုလှုပ်ရှားမှုများပြုလုပ်လျက်ရှိတာကို ပရိသတ်ကြီးလဲ တွေ့ရှိကြရမှာပါ။

စမ်းချောင်းမြို့နယ်ဟာဆိုရင် အရင်နေ့တွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေခဲ့ကြတာတွေရှိပေမယ့် အင်းအားသုံးဖြိုခွင်းမှုတွေကို ခံခဲ့ရပါတယ်။ စမ်းချောင်းမြို့နယ်ရဲ့ လူထုလှုပ်ရှားမှုကို အင်အားသုံးဖြိုခွင်းမှု အမျိုးမျိုးရှိနေပေမယ့် စမ်းချောင်းမြို့နယ် ပြည်သူများရဲ့ လူထုလှုပ်ရှားမှုကတော့ တစ်နေ့ထက်တစ်နေ့ပိုမိုအားကောင်းလာတာကိုလဲ တွေ့ရပါတယ်။ စမ်းချောင်းမြို့နယ်ဟာလဲ တခြားမြို့များနည်းတူ လူထုလှုပ်ရှား‌မှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။ ထို့အပြင် အဆိုတော်ကျားပေါက်ဟာလဲ ၆ရက်နေ့ နေ့လည်ပိုင်းမှာစမ်းချောင်းမြို့နယ်ရဲ့ လူထုလှုပ်ရှားမှုမှာ ကိုယ်တိုင် ပါဝင်အားဖြည့်လာတာကို တွေ့ရပါတယ်။

“ဒီဘက်အပိုင်းမှာ ကျွန်တော်တို့ လာပူးပေါင်း အားဖြည့်တယ်ဆိုပေမယ့် ဒီကပြည်သူတွေ အကုန်လုံးရဲ့ ဖြိုခွင်းမှုတွေကို ပြန်ကာကွယ်ဖို့ လုပ်ထားတဲ့ နည်းတွေက အထာကျပြီးကောင်းလို့ ကိုယ်တောင်အံ့သြတယ်။ ကျွန်တော်တို့ပြည်သူတွေ အကြမ်းမဖက် နည်းလမ်းသုံးပြီး၊ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အချင်းချင်းကာကွယ်ဖို့အတွက် လုပ်ထားတဲ့ အကာအကွယ် အတားအဆီးတွေက အရမ်းတော်လာကြတယ်။ တစ်ခုပဲ သူတို့ လာပစ်လို့ လူငယ်တွေ ပြေးတဲ့အခါ အဲ့လူငယ်တွေကို ရပ်ကွက်နေပြည်သူတွေက ကူညီပေးစေချင်တယ်၊ သူတို့က ဓားပြတွေ၊ သပုန်တွေမဟုတ်ပါဘူး၊ နိုင်ငံ့အရေးအတွက် အသက်အပိုမပါပေမယ့် ရှေ့တန်းထွက်ပြီး ဒီအရေးတော်ပုံအောင်မြင်ဖို့ ကြိုးစားပေးနေတဲ့ သူတွေမို့ ကူညီပေးကြပါလို့ပဲ တောင်းဆိုချင်ပါတယ်။ ကူလည်းကူညီပေးကြတဲ့သူတွေလည်းရှိပါတယ်၊ ဒီအခြေအနေမှာတောင် ထမင်းဘူးတွေ လာလှူပေးတဲ့သူတွေရှိနေတာပဲလေ၊ ကျွန်တော်တို့ ပြည်သူတွေက ချစ်ဖို့ကောင်းကြပါတယ်” လို့ ကျားပေါက်က ပြောကြားခဲ့ပါတယ်။

Credit…..

Leave a Comment

Your email address will not be published. Required fields are marked *