


Credit…..

ပြည်သူတွေကတော့ ဖြိုခွင်းခံရတဲ့ အခက်အခဲတွေများစွာ ရှိပေမယ့်လည်း နွေဦးတော်လှန်ရေးကို စိတ်ခွန်အား အပြည့်နဲ့ ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ပြည်သူလူထုကတော့ ယနေ့မှာလည်း နွေဦးတော်လှန်ရေးကို နေရာဒေသကိုယ်စီမှာ ဆက်လက်ဆင်နွှဲလျက်ရှိနေခဲ့ကြပါတယ်။ မနေ့ညကတော့ ရန်ကုန် တစ်မြို့လုံးမှာ ပစ်ခတ်တဲ့အသံများစွာကြားခဲ့ရပြီး ပြည်သူတွေကတော့ မီးတွေပိတ်ကာ တိတ်တိတ်ဆိတ်ဆိတ်နေခဲ့ရတာပဲဖြစ်ပါတယ်။

အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ ရဲရဲဝင့်ဝင့် ရပ်တည်လျက်ရှိနေတဲ့ မေမြင့်မိုရ်ကတော့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး သူရဲ့ခံစားချက်ကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြန်လည်မျှဝေပေးလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ မေမြင့်မိုရ်ကတော့ မနေ့ညကရန်ကုန်တစ်မြို့လုံးမှာဆူညံတွေကြားခဲ့ရအပြီး ဘဝမှာ စိတ်အေးလက်အေးနဲ့လုံခြုံစွာနေထိုင်ရဖို့တစ်အားအရေးကြီးမှန်း နားလည်လာတဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။

မေမြင့်မိုရ်ကတော့ ” ဘဝမှာ လုံခြုံမှုရှိဖို့နဲ့ စိတ်​အေးလက်​အေး ​နေထိုင် ရဖို့ဆိုတာ တစ်အားအ​ရေးကြီးမှန်းပိုပြီးနားလည်လာတယ် ပြည်သူပြည်သားများ အားလုံး ​ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်း​ဝေးပြီး လုံခြုံစိတ်​ချရတဲ့ ဘဝမျိုး အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါ​​စေ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ။ ယနေ့ပြုလုပ်နေတဲ့ နွေဦးတော်လှန်ရေး မှာ ပါဝင်နေကြတဲ့ ပြည်သူပြည်သားတွေအားလုံး ဘေးရန်ကင်းရှင်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source: may myint mo ‘ s facebook page
Credit…..