ပရိတ္သတ္ၾကီးေရ…..အႏုပညာေလာကမွာ ကိုယ္ပိုင္အရည္ အခ်င္းေတြနဲ႔ ေအာင္ျမင္မႈေတြ အခိုင္အမာရရွိထားတဲ့ သႏၲာလွိုင္ကေတာ့ အမ်ားျပည္သူနဲ႔အတူ လူထုလႈပ္ရွားမႈေတြမွာ ကိုယ္တိုင္ကိုယ္က်ပါဝင္ေနၾကၿပီး လႉဒါန္းမႈေတြမွာလည္း တစ္တပ္တစ္အား ပါဝင္အားျဖည့္ေနသူပဲ ျဖစ္ပါတယ္..။ လက္ရွိမွာလည္း ျပည္သူေတြအတြက္ လႉဒါန္းမႈေတြဆက္တိုက္ျပဳလုပ္ေနတဲ့ သႏၲာလွိုင္ကေတာ့ ေတာ္လွန္ေရးမွာ အသက္ေပးက်ဆုံးသြားၾကတဲ့ သူရဲေကာင္းေတြရဲ့က်န္ရစ္သူမိသားစုေတြအျပင္ အခက္အခဲေတြနဲ႔ရင္ဆိုင္ၾကဳံေတြ႕ေနသူေတြကိုလည္း တတ္နိုင္ သေလာက္ေဖးမကူညီေနတာ ေတြ႕ရပါတယ္..။

က်ဆုံးသြားၾကတဲ့ သူရဲေကာင္းေတြရဲ့မိသားစုေတြကို အလႉေငြေတြလႉဒါန္းခဲ့တဲ့အျပင္ ေရွ႕တန္းကေန တိုက္ပြဲဝင္ေနၾကတဲ့ လူငယ္ေတြအတြက္ ကာကြယ္ေရးပစၥည္းေတြကိုလည္း ပံ့ပိုးကူညီၿပီး လွိုင္သာယာကျပည္သူေတြအတြက္လည္း စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းခဲ့ တာပါ..။

လိုအပ္ေနတဲ့ေနရာေတြမွာ လႉဒါန္းမႈေတြ နဲ႔ အဖက္ဖက္ကေနပါဝင္အားျဖည့္ေနတဲ့ သႏၲာလွိုင္တို႔အဖြဲ႕ကေတာ့ လက္ရွိလႉဒါန္းထားတဲ့ အလႉပုံရိပ္ေလးေတြကိုလည္း သူမရဲ့ေဖ့စ္ဘြတ္စာမ်က္ႏွာကေန ျပန္လည္မၽွေဝထားပါေသးတယ္..။ “ကၽြန္မတို႔ ျပည္သူေတြရဲ့ အေျခခံ Basic Human Rights ျဖစ္တဲ့ က်န္းမာေရး Health & Fitness ကို ပံ့ပိုးေနတဲ့သူတစ္ေယာက္အေနနဲ႔ လက္ရွိၾကဳံေတြ႕ေနရတဲ့ ကာလဆိုးအတြင္းမွာ က်န္းမာေရးနဲ႔ ပတ္သက္ရင္အားလုံး လက္လွမ္းမွီ ရယူနိုင္ဖို႔ February 8 ရက္ေန႔ကစ၍ T Fitness Application ကို အခမဲ့ အသုံးျပဳရန္ code နံပတ္ေလးနဲ႔ အခ်ိန္အကန႔္အသတ္မရွိ ဖြင့္ေပးထားခဲ့ပါတယ္။

February 8 ရက္ေနာက္ပိုင္းကေနစလို႔ ယေန႔ အခ်ိန္ထိ အခမဲ့ သုံးလို႔ရေပမယ့္လည္း T Fitness Application ကို အားေပးဝယ္ယူခဲ့ၾကတဲ့ မန္ဘာမ်ားလည္း ရွိခဲ့တာေၾကာင့္ February 1 ရက္ေန႔မွစ၍ ဝင္ေငြအားလုံးT Fitness members မ်ား ကိုယ္စား စစ္အာဏာရွင္ကို ေတာ္လွန္ရင္း အေရွ႕တန္းမွ က်ဆုံးခဲ့ေသာ အာဇာနည္မ်ား၏ က်န္ရစ္သူမိသားစုမ်ား ကို ေနာက္တန္းကေန ပံ့ပိုးအားေပးခဲ့ပါတယ္။ ေရွ႕တန္းမွ တိုက္ပြဲဝင္ေနၾကတဲ့ လူငယ္မ်ားကိုလည္း တတ္နိုင္သမၽွ အဖိတ္အစင္ မျဖစ္ေစဖို႔ ကာကြယ္ေရးပစၥည္းမ်ားျဖင့္ တစ္ဖက္ တစ္လမ္းမွ ကူညီခဲ့ပါတယ္။ အေရးေတာ္ပုံႀကီးေအာင္ျမင္ၿပီးဆုံးသြားမွ ဓါတ္ပုံမ်ားကို ေသခ်ာတင္ေပးပါမယ္။

လက္ရွိပုံေတြကေတာ့ အက်အဆုံးမ်ားခဲ့တဲ့ လွိုင္သာယာမွ သူရဲေကာင္းမ်ားကို ကၽြန္မရဲ့ တတ္နိုင္သေလာက္နဲ႔အတူ Fitness member မ်ားရဲ့တာဝန္သိပံ့ပိုးမႈမ်ားျဖင့္ က်ဆုံး အာဇာနည္ ေလးဦးရဲ့ က်န္ရစ္သူ မိသားစုေတြ၊ က်ည္ထိ ဒဏ္ရာရ သူေတြaရဲ့ မိသားစုေတြထံ T Fitness Team မွ အားေပး ကူညီၾကရင္း ေနာက္ထပ္ လက္တြဲၿပီး ျပန္လည္တည္ေဆာက္နိုင္ဖို႔ ႀကိဳးစားမွာျဖစ္ေၾကာင္း ကတိေပးခဲ့ပါတယ္။

တခ်ိဳ႕က်ဆုံးသူေတြရဲ့ မိသားစုက အင္မတန္ ဆင္း ရဲၿပီး ကေလးေတြက ငယ္ေသးေတာ့ အားတင္းၿပီး ေရွ႕ဆက္ေနၾကတာကိုေတြ႕ခဲ့ရပါတယ္။ လွိုင္သာယာၿမိဳ႕နယ္က မိသားစု ၁၂၀ စုအတြက္ ဆန္၊ ဆီ၊ ၾကက္သြန္၊ အာလူး၊ ၾကက္ဥ နဲ႔ တျခားေသာ စားေသာက္ကုန္ေတြ၊ မီးသတ္ေဆးဘူးေတြကိုလည္း တပါတည္း ေထာက္ပံ့နိုင္ ခဲ့ပါတယ္။ဒီလိုအေနာက္တန္းမွ ပါဝင္ကူညီဖို႔ ျဖစ္ေျမာက္ေအာင္ ဝိုင္းဝန္းကူညီေပးၾကတဲ့ ေယာမင္းႀကီးလူငယ္အဖြဲ႕နဲ႔ မိသားစုဝင္မ်ားကိုလည္း ဂုဏ္ယူပါေၾကာင္း မွတ္တမ္းတင္ပါတယ္ေနာ္။အေရးေတာ္ပုံ ေအာင္ရမည္ !!!..” ဆိုၿပီး သႏၲာလွိုင္က ပရိသတ္ေတြကို ျပန္လည္အသိေပးေျပာျပထားတာပါ..။

Photo – Thandar Hlaing သႏၲာလွိုင္ Fb Page
Credit…..

ပရိတ်သတ်ကြီးရေ…..အနုပညာလောကမှာ ကိုယ်ပိုင်အရည် အချင်းတွေနဲ့ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ သန္တာလှိုင်ကတော့ အများပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်နေကြပြီး လှူဒါန်းမှုတွေမှာလည်း တစ်တပ်တစ်အား ပါဝင်အားဖြည့်နေသူပဲ ဖြစ်ပါတယ်..။ လက်ရှိမှာလည်း ပြည်သူတွေအတွက် လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေတဲ့ သန္တာလှိုင်ကတော့ တော်လှန်ရေးမှာ အသက်ပေးကျဆုံးသွားကြတဲ့ သူရဲကောင်းတွေရဲ့ကျန်ရစ်သူမိသားစုတွေအပြင် အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေသူတွေကိုလည်း တတ်နိုင် သလောက်ဖေးမကူညီနေတာ တွေ့ရပါတယ်..။

ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေရဲ့မိသားစုတွေကို အလှူငွေတွေလှူဒါန်းခဲ့တဲ့အပြင် ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ လူငယ်တွေအတွက် ကာကွယ်ရေးပစ္စည်းတွေကိုလည်း ပံ့ပိုးကူညီပြီး လှိုင်သာယာကပြည်သူတွေအတွက်လည်း စားသောက်ကုန်တွေ ပေးဝေလှူဒါန်းခဲ့ တာပါ..။

လိုအပ်နေတဲ့နေရာတွေမှာ လှူဒါန်းမှုတွေ နဲ့ အဖက်ဖက်ကနေပါဝင်အားဖြည့်နေတဲ့ သန္တာလှိုင်တို့အဖွဲ့ကတော့ လက်ရှိလှူဒါန်းထားတဲ့ အလှူပုံရိပ်လေးတွေကိုလည်း သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားပါသေးတယ်..။ “ကျွန်မတို့ ပြည်သူတွေရဲ့ အခြေခံ Basic Human Rights ဖြစ်တဲ့ ကျန်းမာရေး Health & Fitness ကို ပံ့ပိုးနေတဲ့သူတစ်ယောက်အနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ ကာလဆိုးအတွင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်ရင်အားလုံး လက်လှမ်းမှီ ရယူနိုင်ဖို့ February 8 ရက်နေ့ကစ၍ T Fitness Application ကို အခမဲ့ အသုံးပြုရန် code နံပတ်လေးနဲ့ အချိန်အကန့်အသတ်မရှိ ဖွင့်ပေးထားခဲ့ပါတယ်။

February 8 ရက်နောက်ပိုင်းကနေစလို့ ယနေ့ အချိန်ထိ အခမဲ့ သုံးလို့ရပေမယ့်လည်း T Fitness Application ကို အားပေးဝယ်ယူခဲ့ကြတဲ့ မန်ဘာများလည်း ရှိခဲ့တာကြောင့် February 1 ရက်နေ့မှစ၍ ဝင်ငွေအားလုံးT Fitness members များ ကိုယ်စား စစ်အာဏာရှင်ကို တော်လှန်ရင်း အရှေ့တန်းမှ ကျဆုံးခဲ့သော အာဇာနည်များ၏ ကျန်ရစ်သူမိသားစုများ ကို နောက်တန်းကနေ ပံ့ပိုးအားပေးခဲ့ပါတယ်။ ရှေ့တန်းမှ တိုက်ပွဲဝင်နေကြတဲ့ လူငယ်များကိုလည်း တတ်နိုင်သမျှ အဖိတ်အစင် မဖြစ်စေဖို့ ကာကွယ်ရေးပစ္စည်းများဖြင့် တစ်ဖက် တစ်လမ်းမှ ကူညီခဲ့ပါတယ်။ အရေးတော်ပုံကြီးအောင်မြင်ပြီးဆုံးသွားမှ ဓါတ်ပုံများကို သေချာတင်ပေးပါမယ်။

လက်ရှိပုံတွေကတော့ အကျအဆုံးများခဲ့တဲ့ လှိုင်သာယာမှ သူရဲကောင်းများကို ကျွန်မရဲ့ တတ်နိုင်သလောက်နဲ့အတူ Fitness member များရဲ့တာဝန်သိပံ့ပိုးမှုများဖြင့် ကျဆုံး အာဇာနည် လေးဦးရဲ့ ကျန်ရစ်သူ မိသားစုတွေ၊ ကျည်ထိ ဒဏ်ရာရ သူတွေaရဲ့ မိသားစုတွေထံ T Fitness Team မှ အားပေး ကူညီကြရင်း နောက်ထပ် လက်တွဲပြီး ပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးစားမှာဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

တချို့ကျဆုံးသူတွေရဲ့ မိသားစုက အင်မတန် ဆင်း ရဲပြီး ကလေးတွေက ငယ်သေးတော့ အားတင်းပြီး ရှေ့ဆက်နေကြတာကိုတွေ့ခဲ့ရပါတယ်။ လှိုင်သာယာမြို့နယ်က မိသားစု ၁၂၀ စုအတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကြက်ဥ နဲ့ တခြားသော စားသောက်ကုန်တွေ၊ မီးသတ်ဆေးဘူးတွေကိုလည်း တပါတည်း ထောက်ပံ့နိုင် ခဲ့ပါတယ်။ဒီလိုအနောက်တန်းမှ ပါဝင်ကူညီဖို့ ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးကြတဲ့ ယောမင်းကြီးလူငယ်အဖွဲ့နဲ့ မိသားစုဝင်များကိုလည်း ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်ပါတယ်နော်။အရေးတော်ပုံ အောင်ရမည် !!!..” ဆိုပြီး သန္တာလှိုင်က ပရိသတ်တွေကို ပြန်လည်အသိပေးပြောပြထားတာပါ..။

Photo – Thandar Hlaing သန္တာလှိုင် Fb Page
Credit…..

Leave a Comment

Your email address will not be published. Required fields are marked *