ပရိတ္သတ္ၾကီးေရ…..မိသားစုလိုက္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ အေျခခ်ေနထိုင္ဖို႔ စီစဥ္ထာ းေပမယ့္ ေဖေဖာ္ဝါရီလ အစကတည္းက ေျပာင္းလဲခဲ့တဲ့ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ ရန္ကုန္ၿမိဳ႕မွာပဲ ဆက္လက္ေနထိုင္ၿပီး ျပည္သူေတြနဲ႔အတူ တိုက္ပြဲဝင္ေနတဲ့ သူကေတာ့ ပိုးအိအိခန္႔ပဲ ျဖစ္ပါတယ္။ ပိုးအိအိခန္႔က လမ္းေပၚထြက္ကာ တရားမွ်တမႈရရွိေအာင္ ေတာင္းဆိုၾကတဲ့ လူထုလႈပ္ရွားမႈႀကီးမွာလည္း တစ္တပ္တစ္အားအေနနဲ႔ တက္တက္ႂကြႂကြပါဝင္ခဲ့ပါေသး တယ္။

အရင္ကထက္ အေျခအေနဆိုးဝါ းလာတဲ့ ႏိုင္ငံေရးေၾကာင့္ သားငယ္ေလး သဲကိုးကို ေမြးဖြားထားတဲ့ ပိုးအိအိခန္႔က အျပင္ကို မထြက္ျဖစ္ေတာ့ေပမယ့္ သတင္းေတြတက္လာတိုင္း ဘာမွမလုပ္ေပးႏိုင္လို႔ ရင္နာရေၾကာင္းလည္း ပိုစ့္တစ္ခုတင္ေပးလာခဲ့ပါတယ္။ အခုလို အေျခအေနေတြ အျမန္ဆုံးၿပီးဆုံးၿပီး ျမန္မာျပည္သူ ျပည္သားေတြ အမွန္တကယ္လိုအပ္ေနတဲ့ ဒီမိုကေရစီကို ရေစခ်င္တယ္ဆိုၿပီးေတာ့လည္း ဘုရားမွာ ဆုေတာင္းေနခဲ့ ပါတယ္။

ပိုးအိအိခန္႔က ” တကယ္ပါ ဒီခံစားခ်က္နဲ႔ ပိုစ့္တက္လာ လိုက္ ၾကည့္လိုက္ ဘာမွ မလုပ္ႏိုင္ၾကေတာ့ဘူးလားဟယ္ဆိုၿပီး ငိုလိုက္နဲ႔ ရင္ေတြ အရမ္း နာရပါတယ္ ခ်စ္တဲ့ ျမန္မာျပည္ရယ္ ဒီဘဝမွာ ျပဳခဲ့တဲ့ ကုသိုလ္ေကာင္းမႈေတြရယ္ ကိုယ့္ပတ္ဝန္းက်င္မွာ လိုအပ္ေနတဲ့သူေတြ လိုအပ္ေနတာေတြကို ျဖည့္ဆည္းေပးခ်င္တဲ့စိတ္ရယ္ ေစတနာသန္႔သန္႔နဲ႔ျဖည့္ဆည္းႏိုင္သေလာက္ ျဖည့္ဆည္းခဲ့တာေတြရယ္ေၾကာင့္ ျမန္မာျပည္က ျမန္မာလူမ်ိဳးေတြ မလိုခ်င္တဲ့အရာကို မရဘဲ လိုခ်င္တဲ့ စစ္မွန္တဲ့ ဒီမိုကေရစီ အျမန္ဆုံးရရွိပါေစ အရွင္ဘုရားရယ္ ဘုရားရွိခိုးတိုင္း ဘာဆုမွမေတာင္းတတ္ပါဘူး အခု ဒီဘဝ ဒီဆုေလးေတာ့ ေတာင္းပါရေစ ” ဆိုၿပီး သူမရဲ႕ Facebook account ထက္မွာ ေရးသားလာခဲ့ပါတယ္။ ဘုရားရွိခိုးတိုင္း ဆုမေတာင္း တတ္ပဲ ဒီမိုကေရစီအျမန္ဆုံးရရွိဖို႔ ဆုေတာင္းေပးေနတဲ့ ပိုးအိအိခန္႔ရဲ႕ စာသားေတြကို ပရိသတ္ေတြထံ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

Credit…..

ပရိတ်သတ်ကြီးရေ…..မိသားစုလိုက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အခြေချနေထိုင်ဖို့ စီစဉ်ထာ းပေမယ့် ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ရန်ကုန်မြို့မှာပဲ ဆက်လက်နေထိုင်ပြီး ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ သူကတော့ ပိုးအိအိခန့်ပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်က လမ်းပေါ်ထွက်ကာ တရားမျှတမှုရရှိအောင် တောင်းဆိုကြတဲ့ လူထုလှုပ်ရှားမှုကြီးမှာလည်း တစ်တပ်တစ်အားအနေနဲ့ တက်တက်ကြွကြွပါဝင်ခဲ့ပါသေး တယ်။

အရင်ကထက် အခြေအနေဆိုးဝါ းလာတဲ့ နိုင်ငံရေးကြောင့် သားငယ်လေး သဲကိုးကို မွေးဖွားထားတဲ့ ပိုးအိအိခန့်က အပြင်ကို မထွက်ဖြစ်တော့ပေမယ့် သတင်းတွေတက်လာတိုင်း ဘာမှမလုပ်ပေးနိုင်လို့ ရင်နာရကြောင်းလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ အခုလို အခြေအနေတွေ အမြန်ဆုံးပြီးဆုံးပြီး မြန်မာပြည်သူ ပြည်သားတွေ အမှန်တကယ်လိုအပ်နေတဲ့ ဒီမိုကရေစီကို ရစေချင်တယ်ဆိုပြီးတော့လည်း ဘုရားမှာ ဆုတောင်းနေခဲ့ ပါတယ်။

ပိုးအိအိခန့်က ” တကယ်ပါ ဒီခံစားချက်နဲ့ ပိုစ့်တက်လာ လိုက် ကြည့်လိုက် ဘာမှ မလုပ်နိုင်ကြတော့ဘူးလားဟယ်ဆိုပြီး ငိုလိုက်နဲ့ ရင်တွေ အရမ်း နာရပါတယ် ချစ်တဲ့ မြန်မာပြည်ရယ် ဒီဘဝမှာ ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေရယ် ကိုယ့်ပတ်ဝန်းကျင်မှာ လိုအပ်နေတဲ့သူတွေ လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးချင်တဲ့စိတ်ရယ် စေတနာသန့်သန့်နဲ့ဖြည့်ဆည်းနိုင်သလောက် ဖြည့်ဆည်းခဲ့တာတွေရယ်ကြောင့် မြန်မာပြည်က မြန်မာလူမျိုးတွေ မလိုချင်တဲ့အရာကို မရဘဲ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အမြန်ဆုံးရရှိပါစေ အရှင်ဘုရားရယ် ဘုရားရှိခိုးတိုင်း ဘာဆုမှမတောင်းတတ်ပါဘူး အခု ဒီဘဝ ဒီဆုလေးတော့ တောင်းပါရစေ ” ဆိုပြီး သူမရဲ့ Facebook account ထက်မှာ ရေးသားလာခဲ့ပါတယ်။ ဘုရားရှိခိုးတိုင်း ဆုမတောင်း တတ်ပဲ ဒီမိုကရေစီအမြန်ဆုံးရရှိဖို့ ဆုတောင်းပေးနေတဲ့ ပိုးအိအိခန့်ရဲ့ စာသားတွေကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit…..

Leave a Comment

Your email address will not be published. Required fields are marked *