မင်္ဂလာပါ ပရိသတ်ကြီးရေ…..ပြည်သူချစ်နိုင်ငံကျော်မင်းသားကြီး တစ်ယောက်ဖြစ်တဲ့ ဒွေးဟာဆိုရင် ပြည်သူပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို များစွာရရှိပိုင်ဆိုင်ထားတဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်နော်။ယခုဆိုရင်တော့ ပရိသတ်တွေနဲ့သူချစ်တဲ့သူတွေ အားလုံးကို ခွဲခွာသွားခဲ့တာ ဆယ်စုနှစ်တိုင်ခဲ့ပါပြီ။သူ့ကို ချစ်ကြတဲ့ မိတ်ဆွေမောင်နှမများကတော့ ဒွေးရဲ့ အမှတ်တရနေ့ ရက်တိုင်းမှာ ကုသိုလ်ကောင်းမှုတွေ အမြဲပြုလုပ်ပေးခဲဲ့ကြတာ ဖြစ်ပါတယ်။

ဒွေးရဲ့မွေးနေ့နဲ့အမှတ်တရနေ့ရက်တိုင်းကို မမေ့မလျော့ပဲကောင်းမှုကုသိုလ်တွေပြုလုပ်ပေးနေတဲ့ အထဲမှာ ဇွဲနိုင်ဝင်းတစ်ယောက်လည်း ပါဝင်ပါတယ်နော်။ ဇွဲနိုင်ဝင်းဟာ ဒွေးရဲ့ညီအရင်းလိုချစ်ခင်ရတဲ့သူ တစ်ယောက်ဖြစ်ပါတယ်နော်။ဒွေးနဲ့ပတ်သက်တဲ့ အမှတ်တရအကြောင်းအရာလေးတွေ ကိုလည်း ဇွဲနိုင်ဝင်းရဲ့ လူမှုကွန်ယက်တွင် အမြဲရေးသားဝေမျှပေးနေတာ ဖြစ်ပါတယ်။

ဒီကနေ့ဟာဆိုရင် မင်းသားကြီးဒွေးရဲ့အသက်(၅၅)နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်နော်။ဇွဲနိုင်ဝင်းက ဒွေးရဲ့မွေးနေ့အား ရည်စူးပြီး ဘုရားတွင် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးခဲ့တာကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာတင်ပြထားတာကိုတွေ့ရပါတယ်။ဇွဲနိုင်ဝင်းက”ဒီနေ့ ကျွန်တော့် ကျေးဇူးရှင် ဆရာသမား ကိုသားကြီး (ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒွေး)ရဲ့(၅၅)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။HAPPY BIRTHDAY ပါအစ်ကို 🙏 🙏🙏🙏🙏အစ်ကို့အတွက်ရည်စူးပြီး ကျွန်တော် ဒီမနက် ရွှေတိဂုံစေတီတော် စနေထောင့်မှာ ရှိခိုးပြီးအောင်မြေမှာ မေတ္တာသုတ်တော်နှင့်(၂၄)ပစ္စည်း ပဋ္ဌာန်း ဒေသနာတော်အကျယ်ကို ရွတ်ဖတ်ပူဇော်ကန်တော့ပြီးကုသိုလ်ပြုခဲ့ပါတယ်ခင်ဗျာ။အစ်ကို သာဓု ခေါ်နိုင်ပါစေ 🙏🙏🙏🙏🙏

ချောင်းဝဘုန်းဘုန်းကျောင်း ကို သွားပြီး အစ်ကို့ကို သန့်ရှင်းရေးလုပ်ပေးပြီး ကန်တော့ဖို့အတွက် ဖုန်းဆက်တော့ဘုန်းဘုန်းကြီးကျောင်းက ဝင်လို့မရသေးလို့ပါတဲ့။အဲ့ဒါနဲ့ ဘုရားမှာဘဲ အစ်ကို့အတွက် ကုသိုလ်ပြုခဲ့ပါတယ်။အစ်ကို ရှိနေတယ့်နေရာကနေ သာဓုခေါ်နိုင်ပါစေ သာဓုခေါ်ပေး အစ်ကိုရယ် နော် သာဓု သာဓု သာဓု 🙏🙏🙏🙏🙏ကိုသားကြီးနှင့်မွေးနေ့ တစ်ရက်တည်းဖြစ်တဲ့ ကိုလူမင်း ကျန်းမာ ချမ်းသာပြီး အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာ “ဆိုပြီးရေးသားတင်ပြထားတာကို တွေ့ရပါတယ်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Zwe Naing Win’s fb
Credit ;TWWH(Cele Post)