ပရိသတ္ႀကီးေရ.. အပတ္စဥ္ တနဂၤေႏြေန႔ တိုင္း ရင္ခုန္ စိတ္လႈပ္ရွားျခင္းမ်ားစြာ နဲ႔ ေစာင့္ၾကည့္အားေပးခဲ့ရတဲ့ The Voice Myanmar Season (3) သီခ်င္းဆိုၿပိဳင္ပြဲ ႀကီးကေတာ့ ေအာင္ျမင္စြာနဲ႔ ၿပီးဆုံးသြားခဲ့ၿပီ ျဖစ္ပါတယ္။ The Voice Myanmar Season (3) ရဲ့ ေနာက္ဆုံး Winner ဆုႀကီး ကို သိမ္းပိုက္နိုင္ခဲ့ သူကေတာ့ Team RZN ရဲ့ ၿပိဳင္ပြဲဝင္ N Oo L ပဲ ျဖစ္ပါတယ္။ N Oo L ကေတာ့ Winner ဆုႀကီး ရရွိခဲ့တဲ့အေပၚ သူ႔ရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန အခုလိုပဲ ဝမ္းသာပီတိ စကားေျပာလာတာပဲ ျဖစ္ပါတယ္။

“ဒါအိမ္မက္ပါပဲ။ ဒီအိမ္မက္မက္ခြင့္ေပးတဲ့ တစ္ဦးခ်င္းစီ တိုင္းကို ေက်းဇူးတင္ တန္ဖိုးထားမဆုံးပါဘူး။ ပထမဦးစြာ ကၽြန္ေတာ့္ကို အျမဲယုံၾကည္ေပးခဲ့တဲ့ ကၽြန္ေတာ္တို႔ရဲ့ Coach အစ္ကို ကိုR ႀကီးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ခင္ဗ်ာ❤️❤️🙏🏻🙏🏻 ကၽြန္ေတာ့္မိသားစု ကၽြန္ေတာ့္ ဇာတိျပည္ၿမိဳ႕နဲ႔ ဒီၿပိဳင္ပြဲအားျဖင့္ ကၽြန္ေတာ္နဲ႔ ရင္ႏွီးခဲ့ၾကတဲ့ ညီအစ္ကိုေမာင္ႏွမေတြ အကုန္လုံးကို ရင္ထဲကေက်းဇူးပါခင္ဗ်ာ”

“ကၽြန္ေတာ္တို႔လို အပ္သမၽွကို အျမဲ လိုေလေသးမရွိျဖည့္ဆည္းေပးတဲ့ ခ်စ္စရာေကာင္းတဲ့ the voice myanmar ဝိုင္းေတာ္သား အားလုံးနဲ႔အျမဲေစတနာအျပည့္နဲ႔တီးခတ္ပံ့ပိုးေပးတဲ့ lucky hand band…အျမဲ မိတ္ကပ္ နဲ႔ ပံ့ပိုးေပးတဲ့ Hello ကိုလည္းေက်းဇူးအမ်ားႀကီးတင္ပါတယ္ခင္ဗ်ာ❤️❤️🙏🏻🙏🏻🙏🏻ေက်းဇူးတင္ ထိုက္သူအားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ခင္ဗ်ာ ။ ေရွ႕ေလၽွာက္အႏုပညာ နဲ႔ ပတ္သတ္ရင္ ကၽြန္ေတာ့္ကို စိတ္မပ်က္ေစရဘူးလို႔ကတိေပးပါတယ္။ ဒီေနရာကို ပို႔ေပးခဲ့တဲ့သူအားလုံးကို ႏွလုံးသားထဲက ေက်းဇူးအထူးတင္ရင္း…. .❤️❤️” ဆိုၿပီး ေက်းဇူးတင္ စကားေျပာလာခဲ့ပါတယ္။

ျပည္ၿမိဳ႕ သား N Oo L ကေတာ့ The Voice Myanmar Winner ဆုႀကီးကိုပိုက္ၿပီး Team RZN နဲ႔ ျပည္ၿမိဳ႕ရဲ့ဂုဏ္ကိုေဆာင္နိုင္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ N Oo L တစ္ေယာက္ ေရွ႕ဆက္ေလၽွာက္မယ့္ အႏုပညာလမ္းမ မွာလည္း ေအာင္ျမင္မႈေတြ အမ်ားႀကီးရရွိၿပီး ပရိသတ္ခ်စ္ေသာ အဆိုေတာ္ႀကီး တစ္ေယာက္ျဖစ္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: N Oo L ‘s fb
Credit – Cele Connections

UNICODE

ပရိသတ်ကြီးရေ.. အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း ရင်ခုန် စိတ်လှုပ်ရှားခြင်းများစွာ နဲ့ စောင့်ကြည့်အားပေးခဲ့ရတဲ့ The Voice Myanmar Season (3) သီချင်းဆိုပြိုင်ပွဲ ကြီးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ The Voice Myanmar Season (3) ရဲ့ နောက်ဆုံး Winner ဆုကြီး ကို သိမ်းပိုက်နိုင်ခဲ့ သူကတော့ Team RZN ရဲ့ ပြိုင်ပွဲဝင် N Oo L ပဲ ဖြစ်ပါတယ်။ N Oo L ကတော့ Winner ဆုကြီး ရရှိခဲ့တဲ့အပေါ် သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ ဝမ်းသာပီတိ စကားပြောလာတာပဲ ဖြစ်ပါတယ်။

“ဒါအိမ်မက်ပါပဲ။ ဒီအိမ်မက်မက်ခွင့်ပေးတဲ့ တစ်ဦးချင်းစီ တိုင်းကို ကျေးဇူးတင် တန်ဖိုးထားမဆုံးပါဘူး။ ပထမဦးစွာ ကျွန်တော့်ကို အမြဲယုံကြည်ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ Coach အစ်ကို ကိုR ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ❤️❤️🙏🏻🙏🏻 ကျွန်တော့်မိသားစု ကျွန်တော့် ဇာတိပြည်မြို့နဲ့ ဒီပြိုင်ပွဲအားဖြင့် ကျွန်တော်နဲ့ ရင်နှီးခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေ အကုန်လုံးကို ရင်ထဲကကျေးဇူးပါခင်ဗျာ”

“ကျွန်တော်တို့လို အပ်သမျှကို အမြဲ လိုလေသေးမရှိဖြည့်ဆည်းပေးတဲ့ ချစ်စရာကောင်းတဲ့ the voice myanmar ဝိုင်းတော်သား အားလုံးနဲ့အမြဲစေတနာအပြည့်နဲ့တီးခတ်ပံ့ပိုးပေးတဲ့ lucky hand band…အမြဲ မိတ်ကပ် နဲ့ ပံ့ပိုးပေးတဲ့ Hello ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ❤️❤️🙏🏻🙏🏻🙏🏻ကျေးဇူးတင် ထိုက်သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ။ ရှေ့လျှောက်အနုပညာ နဲ့ ပတ်သတ်ရင် ကျွန်တော့်ကို စိတ်မပျက်စေရဘူးလို့ကတိပေးပါတယ်။ ဒီနေရာကို ပို့ပေးခဲ့တဲ့သူအားလုံးကို နှလုံးသားထဲက ကျေးဇူးအထူးတင်ရင်း…. .❤️❤️” ဆိုပြီး ကျေးဇူးတင် စကားပြောလာခဲ့ပါတယ်။

ပြည်မြို့ သား N Oo L ကတော့ The Voice Myanmar Winner ဆုကြီးကိုပိုက်ပြီး Team RZN နဲ့ ပြည်မြို့ရဲ့ဂုဏ်ကိုဆောင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ N Oo L တစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းမ မှာလည်း အောင်မြင်မှုတွေ အများကြီးရရှိပြီး ပရိသတ်ချစ်သော အဆိုတော်ကြီး တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: N Oo L ‘s fb
Credit – Cele Connections