ျမန္မာနိုင္ငံရဲ့ ေႏြဦးေတာ္လွန္ေရးႀကီးဟာဆိုရင္ ခုခ်ိန္ထိ လႈပ္ရွားမႈမ်ိဳးစုံ နဲ႔ အရွိန္အဟုန္ေကာင္းေနဆဲပါ။ျပည္သူအားလုံးက ရဲရင့္ၾကသလို မ်ိဳးဆက္သစ္လူငယ္ေလးေတြရဲ့ တီထြင္နိုင္မႈေတြ ေပါင္းစပ္နိုင္ခဲ့တာေၾကာင့္ နိုင္ငံအသီးသီးကလည္း ေလးစားခ်ီးက်ဴးေနၾကတာပါ။လူငယ္ေတြကလည္း ဘယ္ေလာက္ပဲ အခက္အခဲေတြရွိေနပါေစ ေနာက္မဆုတ္ဘဲ ယုံၾကည္ခ်က္ေတြအတြက္ ေရွ႕ဆက္လွမ္းေနခဲ့တာ ဒီေန႔ဆိုရင္ ဒီလူထုလႈပ္ရွားမႈႀကီးဟာ ႏွစ္လျပည့္ခဲ့ပါၿပီ။

ျပည္သူေတြကလည္း တစ္ရက္မွစိတ္ဓာတ္မက်သြားဘဲ နည္းမ်ိဳးစုံ သုံးကာ ေႏြဦးေတာ္လွန္ေရးႀကီး ေအာင္ျမင္ရန္ ယုံၾကည္ခ်က္ေတြအျပည့္နဲ႔ စည္းလုံးညီညြတ္စြာ ရရာေနရာကေန လူႀကီး လူငယ္မေရြးပါဝင္လႈပ္ရွားေနၾကတာပါ။ ဒီေန႔ဧၿပီ (2) ရက္ေန႔မွာဆိုရင္လည္း အသက္ေပးကာတိုက္ပြဲဝင္သြားၾကတဲ့ သူရဲေကာင္းေတြအတြက္ Flower Strike ဆိုတဲ့ လႈပ္ရွားမႈႀကီးကို ျပဳလုပ္လ်က္ရွိတာေတြ႕ရပါတယ္။

လူတိုင္းမွာ အိမ္အျပန္လမ္းရွိေပမယ့္ တိုက္ပြဲဝင္ရင္း အသက္ေပး ကာ ျပန္မလာနိုင္ေတာ့တဲ့ သူရဲေကာင္းေလးေတြအတြက္ပန္းစည္းေလးေတြခ်ကာ ဆုေတာင္းဂုဏ္ျပဳေပးခဲ့ၾကတာကိုေနရာအႏွံအျပားမွာေတြ႕ ျမင္ရပါတယ္။ဒီလိုဆုေတာင္းေပးၾကသူေတြထဲမွာ ျပည္သူနဲ႔အတူ ယြန္းမီမီေက်ာ္ကလည္းပါဝင္ခဲ့ေၾကာင္းသူရဲ့အေကာင့္မွာေဖာ္ျပခဲ့တာျဖစ္ပါတယ္။ပရိသတ္ႀကီးအတြက္ ယြန္းမီမီရဲ့ပုံေလးေတြကိုေဝမၽွေပးရင္း က်ဆုံးသြားတဲ့ သူရဲေကာင္းအားလုံး ေကာင္းရာသုဂတိလားပါေစဆုေတာင္းေပးလိုက္ပါတယ္။

Source & Photo Credit : Yoon Mhi Mhi Kyaw Facebook Account
Credit…..

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးဟာဆိုရင် ခုချိန်ထိ လှုပ်ရှားမှုမျိုးစုံ နဲ့ အရှိန်အဟုန်ကောင်းနေဆဲပါ။ပြည်သူအားလုံးက ရဲရင့်ကြသလို မျိုးဆက်သစ်လူငယ်လေးတွေရဲ့ တီထွင်နိုင်မှုတွေ ပေါင်းစပ်နိုင်ခဲ့တာကြောင့် နိုင်ငံအသီးသီးကလည်း လေးစားချီးကျူးနေကြတာပါ။လူငယ်တွေကလည်း ဘယ်လောက်ပဲ အခက်အခဲတွေရှိနေပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်လှမ်းနေခဲ့တာ ဒီနေ့ဆိုရင် ဒီလူထုလှုပ်ရှားမှုကြီးဟာ နှစ်လပြည့်ခဲ့ပါပြီ။

ပြည်သူတွေကလည်း တစ်ရက်မှစိတ်ဓာတ်မကျသွားဘဲ နည်းမျိုးစုံ သုံးကာ နွေဦးတော်လှန်ရေးကြီး အောင်မြင်ရန် ယုံကြည်ချက်တွေအပြည့်နဲ့ စည်းလုံးညီညွတ်စွာ ရရာနေရာကနေ လူကြီး လူငယ်မရွေးပါဝင်လှုပ်ရှားနေကြတာပါ။ ဒီနေ့ဧပြီ (2) ရက်နေ့မှာဆိုရင်လည်း အသက်ပေးကာတိုက်ပွဲဝင်သွားကြတဲ့ သူရဲကောင်းတွေအတွက် Flower Strike ဆိုတဲ့ လှုပ်ရှားမှုကြီးကို ပြုလုပ်လျက်ရှိတာတွေ့ရပါတယ်။

လူတိုင်းမှာ အိမ်အပြန်လမ်းရှိပေမယ့် တိုက်ပွဲဝင်ရင်း အသက်ပေး ကာ ပြန်မလာနိုင်တော့တဲ့ သူရဲကောင်းလေးတွေအတွက်ပန်းစည်းလေးတွေချကာ ဆုတောင်းဂုဏ်ပြုပေးခဲ့ကြတာကိုနေရာအနှံအပြားမှာတွေ့ မြင်ရပါတယ်။ဒီလိုဆုတောင်းပေးကြသူတွေထဲမှာ ပြည်သူနဲ့အတူ ယွန်းမီမီကျော်ကလည်းပါဝင်ခဲ့ကြောင်းသူရဲ့အကောင့်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် ယွန်းမီမီရဲ့ပုံလေးတွေကိုဝေမျှပေးရင်း ကျဆုံးသွားတဲ့ သူရဲကောင်းအားလုံး ကောင်းရာသုဂတိလားပါစေဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit : Yoon Mhi Mhi Kyaw Facebook Account
Credit…..