


Source: Eisi Kway ‘s fb

ကလေးသရုပ်ဆောင် အိစိကွေးဆိုပြီး ပရိသတ်တွေ အားပေးခဲ့ရတဲ့ အိစိကွေးက အခုဆိုရင် ဆယ်ကျော်သက်အရွယ် လူပျိုဖားဖားကြီးတ စ်ယောက်ဖြစ်လို့နေပြီ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက အနုပညာလောကထဲမှာ ကျင်လည်ဖြတ်သန်းလာခဲ့သူပီပီ အိစိကွေးက အခုအချိန်ထိတိုင် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ခြင်းအပြင် သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးဆိုတဲ့ အိစိကွေးက သူ့ရဲ့ သီချင်းတွေကိုလည်း ပရိသတ်တွေဆီ ချပြသူတစ်ယောက်လည်း ဖြစ်ပါတယ်။

လူငယ်တစ်ယောက်ပီပီ စိတ်ခံစားချက်နဲ့ ပက်သတ်ပြီး မကြာခဏရင်ဖွ င့်တတ်တဲ့ အိစိကွေးက ဒီကနေ့မှာလည်း သူ့ရဲ့ ရင်တွင်းခံစားချက်အချို့ကို ဖွင့်ဟလာပါတယ်။ အိစိကွေးက “ပြန်လှည့်ကြည့်ရမယ့် မိသားစုဆိုတာလေးရှိနေလို့ မဟုတ်ရင် ငါ ဒီလောကထဲမနေဘူး။ ထောင်ကျနေသလိုပဲ..” ဆိုပြီး သူ့ရဲ့ စိတ်ခံစားချက်အချို့ကို ဖေ့စ်ဘုတ် My Day ကနေတဆင့် မျှဝေပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

အိစိကွေးကတော့ လူငယ်တစ်ယောက်ပီပီ စိတ်ခံစားချက်နဲ့ ပက်သတ်ပြီး ထိန်းချုပ်ထားခြင်းမရှိပဲ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လာတာပဲ ဖြစ်ပါတယ်။ အိစိကွေးတစ်ယောက် ခံစားနေရတဲ့ စိတ်ဝေဒနာတွေကနေ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးလို က်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Eisi Kway ‘s fb
Credit– Cele Connections