ႏိုင္ငံေက်ာ္ ဒါ႐ိုက္တာႀကီး အကယ္ဒမီ မင္းသန႔္ေမာင္ေမာင္နဲ႔ သ႐ုပ္ေဆာင္ အကယ္ဒမီ ေမသန္းႏုတို႔ရဲ႕ တစ္ဦးတည္းေသာသားျဖစ္တဲ့ မင္းသန႔္ေမာင္ေမာင္ကေတာ့ အေဖနဲ႔ အေမရဲ႕ အႏုပညာေသြးေတြကို စီးဆင္းေနတယ္ဆိုတာ ယုံမွားဖြယ္မရွိပါဘူး။ မင္းသန႔္ေမာင္ေမာင္ကေတာ့ ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက ႏိုင္ငံရပ္ျခားမွာ ပညာသင္ယူခဲ့ၿပီး သူဝါသနာပါတဲ့ ႐ုပ္ရွင္ပညာကိုလည္း အေမရိကန္ႏိုင္ငံမွာ သြားေရာက္သင္ယူထားခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ မင္းသန႔္ေမာင္ေမာင္က ျမန္မာႏိုင္ငံမွာ အေျခခ်ေနထိုင္ေနၿပီး ဒါ႐ိုက္တာတစ္ေယာက္အျဖစ္ အလုပ္ေတြကို စတင္လုပ္ကိုင္ေနၿပီပဲ ျဖစ္ပါတယ္။

ဒီကေန႔ ဇန္နဝါရီလ (၂၇) ရက္ေန႔ကေတာ့ ေမသန္းႏုရဲ႕ အသက္ (၆၀) ျပည့္ ေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ မင္းသန႔္ေလးကလည္း ေက်းဇူးရွင္ေမေမ ေမသန္းႏုအတြက္ သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေနတဆင့္ “ကြၽန္ေတာ္ အလြန္ခ်စ္ရပါေသာ ေမေမရဲ႕ ေမြးေန႔ပါ။ Happy Birthday ေမေမ !” ဆိုျပီး ရိုးရိုးရွင္းရွင္းေလးနဲ့ပဲ ေမြးေန့ဆုေတာင္းေပးလာခဲ့တာကို ေတြ့ရပါတယ္။

မင္းသန့္ေမာင္ေမာင္ကေတာ့ တစ္ဦးတည္းေသာသားပီပီ ေဖေဖနဲ့ ေမေမ အားကိုရတဲ့ သားလိမၼာတစ္ေယာက္အျဖစ္ မိဘေတြကို ျပဳစုေစာင့္ေရွာက္ေနျပီး အလုပ္ေတြကိုလည္း ဦးစီးလုပ္ကိုင္ေနျပီပဲ ျဖစ္ပါတယ္။ ဒီကေန့ရဲ့ ေမြးေန့ရွင္ ေမသန္းနုလည္း ေမြးေန့မွစ ခ်စ္ရတဲ့ သားေလး မင္းသန့္ေမာင္ေမာင္နဲ့ စိတ္ခ်မ္းသာ ကိုယ္က်န္းမာနဲ့ ေပ်ာ္စရာေကာင္းတဲ့ ေန့ရက္ေတြကို ျဖတ္သန္းနိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Min Thant Mg Mg’s fb
Credit – Cele Connections

နိုင်ငံကျော် ဒါရိုက်တာကြီး အကယ်ဒမီ မင်းသန့်မောင်မောင်နဲ့ သရုပ်ဆောင် အကယ်ဒမီ မေသန်းနုတို့ရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ မင်းသန့်မောင်မောင်ကတော့ အဖေနဲ့ အမေရဲ့ အနုပညာသွေးတွေကို စီးဆင်းနေတယ်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။ မင်းသန့်မောင်မောင်ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက နိုင်ငံရပ်ခြားမှာ ပညာသင်ယူခဲ့ပြီး သူဝါသနာပါတဲ့ ရုပ်ရှင်ပညာကိုလည်း အမေရိကန်နိုင်ငံမှာ သွားရောက်သင်ယူထားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသန့်မောင်မောင်က မြန်မာနိုင်ငံမှာ အခြေချနေထိုင်နေပြီး ဒါရိုက်တာတစ်ယောက်အဖြစ် အလုပ်တွေကို စတင်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၂၇) ရက်နေ့ကတော့ မေသန်းနုရဲ့ အသက် (၆၀) ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မင်းသန့်လေးကလည်း ကျေးဇူးရှင်မေမေ မေသန်းနုအတွက် သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် “ကျွန်တော် အလွန်ချစ်ရပါသော မေမေရဲ့ မွေးနေ့ပါ။ Happy Birthday မေမေ !” ဆိုပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ပဲ မွေးနေ့ဆုတောင်းပေးလာခဲ့တာကို တွေ့ရပါတယ်။

မင်းသန့်မောင်မောင်ကတော့ တစ်ဦးတည်းသောသားပီပီ ဖေဖေနဲ့ မေမေ အားကိုရတဲ့ သားလိမ္မာတစ်ယောက်အဖြစ် မိဘတွေကို ပြုစုစောင့်ရှောက်နေပြီး အလုပ်တွေကိုလည်း ဦးစီးလုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့ရဲ့ မွေးနေ့ရှင် မေသန်းနုလည်း မွေးနေ့မှစ ချစ်ရတဲ့ သားလေး မင်းသန့်မောင်မောင်နဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်စရာကောင်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Min Thant Mg Mg’s fb
Credit – Cele Connections