




ယူနီကုတ်ဖြင့်ဖတ်ရန်…

သရုပ်ဆောင် K ညီကတော့ အနုပညာလောကတွင် ဆယ်စုနှစ်ကျော်တိုင်အောင် ကျရာဇာတ်ရုပ်တိုင်းပို ပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ရိုးသားစွာနေထိုင်တဲ့ပုံစံကြောင့်လည်း အနုပညာသမားအချင်းချင်းကတောင် ပြန်ပြီးလေးစားအားကျနေကြတာလည်း ဖြစ်ပါတယ်။

မိသားစုအပေါ်ကိုလည်း အိမ်ထောင်ဦးစီးကောင်းပီသစွာ ကာကွယ်စောင့်ရှောက်နေသူတစ်ဦးဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။
K ညီဟာ အနုပညာအလုပ်တွေ အပြင် ဖက်ရှင်ဆိုင်တစ်ဆိုင်ကိုလည်း တော်ဝင်စင်တာတွင် ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။

ကိုဗစ်ကာလမို့ အင်္ကျီဆိုင်ကို ပိတ်ထားရပေမယ့်လည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အမိုက်စားဖက်ရှင်ဒီဇိုင်းတွေကို Live လွှင့်ကာ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အားလပ်ချိန်တိုင်းကိုတော့ ချစ်ရတဲ့ သူငယ်ချင်းများနဲ့သာ တန်ဖိုးရှိတဲ့ အချိန်တွေ ဖြတ်သန်းကုန်ဆုံးလေ့ ရှိတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း K ညီရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ တော်ရုံမြင်ဖူးလေ့မရှိတဲ့ ကကွက်ပေါင်းမျိုးစုံကိုထုတ်သုံးကာအပီအပြင်ကိုဒွန့်နေကြတဲ့ မြင့်မြတ်၊ခင်လှိုင်နဲ့K ညီတို့ရဲ့အခွီဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

သူကလည်း ” ကျွန်တော်တို့ညီအစ်ကိုတွေ မဆုံတာကြာလို့ ပျော်နေကြတယ် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

ဗီဒီယိုၾကည့္ရန္…