အသက္အရြယ္နဲ႔လိုက္ဖက္ေအာင္ တင့္တယ္ၿပီးက်က္သေရရွိတဲ့ လုံးႀကီးေပါက္လွခႏၶာကိုယ္ကို ပိုင္ဆိုင္ထားတဲ့မေအးေသာင္းဟာ သူမရဲ့က်န္းမာသန္စြမ္းတဲ့ ခႏၶာကိုယ္အတြက္ ေလ့က်င့္ခန္းေတြအမ်ားအျပားလုပ္ခဲ့ၿပီး ထိန္းသိမ္းခဲ့ရသူပါ။ အႏုပညာရွင္တစ္ေယာက္ လည္း ျဖစ္တာမို႔ အလွအပကိုဦးစားေပးသူပီပီ အေနအထိုင္အစားအေသာက္ေတြအားလုံးကို ဆင္ျခင္ၿပီး လွပမႈကို ေသခ်ာေလးဂ႐ုစိုက္ခဲ့ပါတယ္။

ဆယ္ေက်ာ္သက္အရြယ္ကတည္းက အႏုပညာလမ္းေၾကာင္းေပၚမွာေနရာတစ္ခုရခဲ့ၿပီးေနာက္ ေခတၱရပ္နားခဲ့ေပမယ့္ အသက္သုံးဆယ္ေက်ာ္အရြယ္မွာ သူမရဲ့တေက်ာ့ျပန္အႏုပညာခရီးလမ္း ဟာ အားေပးႀကိဳဆိုသူပရိသတ္ေတြနဲ႔ အရမ္းကိုေအာင္ျမင္ ခဲ့ပါတယ္။ ျမန္မာဝတ္စုံေလးေတြကို ျမတ္နိုးသူမို႔ ကိုယ္ပိုင္လုပ္ငန္းအျဖစ္ ပိုးထည္ဆိုင္ေလးတစ္ဆိုင္ဖြင့္ထားခဲ့ပါတယ္။

ေတာင္တက္တာဟာလည္းေလ့က်င့္ခန္းတစ္ခုပဲမို႔ သူမရဲ့ေတာင္တက္ေလ့က်င့္ခန္းလုပ္ေနတဲ့ ပုံရိပ္ေတြကို ” ငယ္ရြယ္ ျဖတ္လတ္ က်န္းမာတဲ့သူတိုင္း ေတာင္တက္ၾကသည္ ေပါက္ကရေလးဆယ္ အဲေလ သုံးဆယ့္ခြင္ တစ္ေတာင္ၿပီး တစ္ေတာင္ ဖဝါးေအာက္ ေရာက္ေစရမယ္ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ ေတာင္တက္ရတာဟာေမာပန္းေပမယ့္ ေတာင္ထိပ္ေရာက္ၿပီး ေအာက္ကရႈခင္းေတြကိုၾကည့္ရတဲ့ခံစားခ်က္ကေတာ့ အေမာေတြ တကယ္ကိုေျပေစပါတယ္။

Credit – Cele Zone
Photo – Aye Thaung

အသက်အရွယ်နဲ့လိုက်ဖက်အောင် တင့်တယ်ပြီးကျက်သရေရှိတဲ့ လုံးကြီးပေါက်လှခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့မအေးသောင်းဟာ သူမရဲ့ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းတွေအများအပြားလုပ်ခဲ့ပြီး ထိန်းသိမ်းခဲ့ရသူပါ။ အနုပညာရှင်တစ်ယောက် လည်း ဖြစ်တာမို့ အလှအပကိုဦးစားပေးသူပီပီ အနေအထိုင်အစားအသောက်တွေအားလုံးကို ဆင်ခြင်ပြီး လှပမှုကို သေချာလေးဂရုစိုက်ခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလမ်းကြောင်းပေါ်မှာနေရာတစ်ခုရခဲ့ပြီးနောက် ခေတ္တရပ်နားခဲ့ပေမယ့် အသက်သုံးဆယ်ကျော်အရွယ်မှာ သူမရဲ့တကျော့ပြန်အနုပညာခရီးလမ်း ဟာ အားပေးကြိုဆိုသူပရိသတ်တွေနဲ့ အရမ်းကိုအောင်မြင် ခဲ့ပါတယ်။ မြန်မာဝတ်စုံလေးတွေကို မြတ်နိုးသူမို့ ကိုယ်ပိုင်လုပ်ငန်းအဖြစ် ပိုးထည်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားခဲ့ပါတယ်။

တောင်တက်တာဟာလည်းလေ့ကျင့်ခန်းတစ်ခုပဲမို့ သူမရဲ့တောင်တက်လေ့ကျင့်ခန်းလုပ်နေတဲ့ ပုံရိပ်တွေကို ” ငယ်ရွယ် ဖြတ်လတ် ကျန်းမာတဲ့သူတိုင်း တောင်တက်ကြသည် ပေါက်ကရလေးဆယ် အဲလေ သုံးဆယ့်ခွင် တစ်တောင်ပြီး တစ်တောင် ဖဝါးအောက် ရောက်စေရမယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ တောင်တက်ရတာဟာမောပန်းပေမယ့် တောင်ထိပ်ရောက်ပြီး အောက်ကရှုခင်းတွေကိုကြည့်ရတဲ့ခံစားချက်ကတော့ အမောတွေ တကယ်ကိုပြေစေပါတယ်။

Credit – Cele Zone
Photo – Aye Thaung