


Credit– Cele Zone
Photo – Ei Chaw Po

ချစ်ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး အိချောပိုကတော့ သွယ်လျလှပလွန်းတဲ့ သူမရဲ့ခန္ဓာကိုယ်နဲ့ လှလွန်းတဲ့မျက်နှာလေးကြောင့် ပုရိသတွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားနေတဲ့ သူမရဲ့အလှပဆုံးပုံရိပ်တွေကို ဝေမျှလိုက်ပြန်ပါပြီ။ ဗေဒါရောင်ဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေသူလေးဟာ မြန်မာဝတ်စုံ လေးနဲ့ အရမ်းကိုကြည့်ကောင်းလွန်းနေခဲ့ပါတယ်။ လုံးကြီးပေါက်လှခန္ဓာကိုယ်လေးမို့ ဘာလေးဝတ်ဝတ် ကြည့်ကောင်းနေတာတော့ အမှန်ပါပဲ။

အလှအပတွေကလည်းပြောစရာမလိုအောင်ပြည့်စုံနေသလို အနုပညာလမ်းကြောင်းမှာလည်း အရည်အချင်းပြည့်မှီတဲ့မင်းသမီး တစ်လက်ပါပဲ။ ညီမဖြစ်သူအိသီရိချိုမောင်ကိုလည်း သူမနဲ့အတူအနုပညာခရီးလမ်းကိုလျှောက်လှမ်းနိုင်ဖို့ လက်တွဲခေါ်ခဲ့သူလည်း ဖြစ်ပါတယ်။ အမြဲတမ်းအလှတရားတွေကိုဝေမျှတတ်သူဖြစ်ပြီး ဒီတစ်ခေါက်ပုံရိပ်တွေဟာလည်း မြင်သူတိုင်း ရင်အေးစေတဲ့ အလှတရားတွေပါ။

ဗေဒါရောင်မြန်မာဝတ်စုံလေးနဲ့ ဗေဒါရောင်ပန်းလေးအပြင် စာအုပ်လေးတွေ၊ တံတားလေးနဲ့၊ စက်ဘီးလေးဟာ သူမရဲ့အလှတရား တွေကို ပိုပြီးပင့်တင်ပေးနေသလိုပါပဲ။ ကျော့ရှင်းလွန်းတဲ့ မင်းသမီးလေးရဲ့ ရိုးရိုးလေးနဲ့ ယဉ်ယဉ်လေးလှနေတဲ့ မြန်မာဆန်ဆန်ပုံရိပ် တွေကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Credit– Cele Zone
Photo – Ei Chaw Po