


Credit – Cele Zone
Photo – Aye Thaung

မင်းသမီးချောမအေး​သောင်းကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေတဲ့ သူမကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့သူလေးပါ ။

မအေးသောင်းက အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပေမယ့်လည်း အရမ်းနုပျိုပြီး လှချင်တိုင်းလှနေဆဲ ဖြစ်ပါတယ် ။ လွတ်လွတ် လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေထိုင်လေ့ရှိတဲ့ မအေးသောင်းက ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်လို့တောင် အထင်မှားနိုင်စရာပါ ။ ဒါ့အပြင် မအေးသောင်းက Tik Tok ကစားရတာကို ကြိုက်နှစ်သက်ပြီး သူများတွေနဲ့မတူတဲ့ပုံစံလေးတွေနဲ့ ဗီဒီယိုလေးတွေကို ဖန်တီးလေ့ရှိတာလည်းတွေ့ရပါတယ် ။

အခုလည်း ရိုက်ကွင်းမှာ မြင့်မြတ် ကိုပေါက်တို့နဲ့အတူဆုံတုန်းလေးခေတ်စားနေတဲ့ သီချင်းလေးကို အခွီကကွက်တွေကကာ မျက်နှာပြောင်ထားတဲ့ tik tok ဗီဒီယိုလေးကိုဝေမျှလာတာဖြစ်ပါတယ်။ သုံးယောက်လုံး ကနေတာ အရမ်းရယ်နေရသလို ချစ်စရာကောင်းလွန်းတာကြောင့် အခါခါပြန်ကြည့်တိုင်း မရိုးရအောင်ပါပဲနော် ။ ပရိသတ်ကြီးလည်း သူတို့သုံးယောက်ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Aye Thaung