


Source : Myat Thu Thu
Credit –CeleKhitThit

ပရိသတ်ကြီးရေ မင်းသမီးလေး မြတ်သူသူ ကတော့ ဇာတ်လမ်းတွဲတွေ မရိုက်ခင်ထဲက ” ကံကံ၏အကျိုး ” ဇာတ်လမ်းတွေထဲမှာ ထဲက ပါဝင် သရုပ်ဆောင်လာတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အရမ်းကြိုးစားတဲ့ မင်းသမီးတစ်လက်လို့ စီနီယာတွေကတောင် ချီးကျူးရတဲ့သူတစ်ယောက်ပါ။ စပွန်ဆာတွေလာကမ်းလှမ်းခြင်းခံရပေမယ့် ပွင့်လင်းစွာ ငြင်းခဲ့တဲ့ မင်းသမီးလေး ဖြစ်တာကြောင့် သူမရဲ့ စိတ်ဓာတ်ကအစ အထင်ကြီးစရာကောင်းတဲ့ သူလေးလို့ ဆိုရမှာပါ။

ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူလေးပဲ ဖြစ်တာကြောင့် ရန်ကုန်ပရိသတ်တွေသာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်နေကြတဲ့သူလေးပါ။ ဒါ့အပြင်သူမရဲ့အချစ်ရေးကိုလည်း ချစ်သူရှိကြောင်းပွင့်လင်းစွာ ချပြပြောပြခဲ့သူပါ။

ဒီနေ့မှာတော့ “နူးညံ့ညင်သာစွာ နေတတ်တဲ့မိန်းကလေးတယောက်မဟုတ်ပေမယ့် ချစ်ခင်ကြင်နာတတ်တဲ့အမျိုးသမီးတစ်ဦးပါ ”ဆိုတဲ့စာလေးနဲ့ ကျက်သရေရှိစွာ လှပနေတဲ့သူမရဲ့ ပုံလေးကိုတင်လာခဲ့တာပါ။တနေ့ထက်တနေ့ ပိုပိုကျက်သရေရှိစွာလှလာတဲ့ မြတ်သူသူရဲ့ပရိသတ်တွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Myat Thu Thu
Credit –CeleKhitThit